နိရဉ္စရာ၊သြဂုတ် ၂၁/၂၀၂၂
ချင်းပြည်နယ်၊ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ယနေ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိ၇သည်
ယနေ့ သြဂုတ်၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပလက်၀မြို့နယ်၊ နှမဒါချောင်းတွင်း သူဌေးကုန်းကျေးရွာအနီးတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ သေနတ်သံများကိုလည်း ကြားခဲ့၇ကြောင်း ဒေသခံများက ပြောသည်။
ပလက်၀ ဒေသခံတစ်ဦးက "၉ နာရီလောက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်။အဲ့ဒီအနီးဝန်းကျင်က AA နဲ့ တိုက်ပွဲဖြစ်နေကျနေရာဆိုတော့AA နဲ့တိုက်ပွဲဆက်ဖြစ်တယ်လို့ အတည်ပြုလို့၇တယ်။ အခုတော့ လက်နက်ငယ်သံတွေ ငြိမ်သွားပြီ"ဟု ယနေ့ နံနက် ၁၀နာရီက ပြောသည်။
ယနေ့ နံနက်၉ နာရီမှ ၁၀ နာရီဝန်းကျင်အထိ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်ခလ၇(၂၈၉) တပ်ရင်းက လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ယနေ့တိုက်ပွဲဖြစ်ပွားသည့်နေရာတွ
"မနေ့ကလည်းတိုက်ပွဲဖြစ်သေးတယ်။ နေ့လယ် ၃ နာရီဝန်းကျင်ဖြစ်မယ် ထင်တယ်။ ဒီနေ့မနက်ကတော့ပိုပြင်းထန်တယ်လို့ ပြော၇မယ်"ဟု ပြောသည်။
ပလက်၀တွင် သြဂုတ်လ၂၀ ရက်နေ့နှင့် ယနေ့ ၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်စစ်ကောင်စီဘက်က ၄၀ ဦးခန်း ကျဆုံးပြီး AA ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိခဲ့ကြောင်း AA နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ပလက်၀တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုအတည်ပြုနိုင်ရန် ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူ၇တို့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
အဆိုပါ အကျဆုံးကိုစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူနှင့် အေအေပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကို ဆက်သွယ်မေးမြန်း၍ မရသေးသဖြင့် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့သည့် ယခုသြဂုတ်လအတွင်း ၇သေ့တောင်၊ မောင်တော နှင့် ချင်းပြည်နယ်၊ပလက်၀မြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီးယခင်တိုက်ပွဲများထက် ပိုပြင်းထန်လာနိုင်ကြောင်း ရခိုင်အရေးလေ့လာသုံးသပ်သူများကပြောဆိုထားသည်။
လက်ရှိတွင်တကျော့ပြန်စစ်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ထပ်တိုးလာကြောင်းသတင်းရရှိသည်။
(NN-7)