Preview

မုန်တိုင်းငယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မာန်အောင်မြို့နယ်မှ အဆောက်အဦတချို့ ပြန်ပြင်ရန် အမြန်လိုအပ်နေ

သြဂုတ် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :6591
ရခိုင် သတင်း

နိရဉ္စရာ၊သြဂုတ် /၂၀၂၂

များမကြာမီက ရခိုင်ကမ်းရိုးတန်းအနီးဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် နေအိမ်များနှင့်အဆောက်အအုံတချို့ပျက်စီးမှုရှိခဲ့ကြောင်း သိ၇သည်။

ယခုအခါ အဆိုပါ အဆောက်အဦများကို အမြန်ပြန်ပြင်ရန် လိုအပ်နေသည်ဟုဒေသခံများက ပြောကြားသည်။

မုန်တိုင်း အရှိန်ကြောင့် လေပြင်းများတိုက်ခတ်ခဲ့၍ ပြင်ကောက်ရွာမှ (အလက)စာသင်ကျောင်းဝန်းရှိ ဆရာမအဆောင်တွင်သွပ်အမိုးများ လန်သွားပြီး မိမ္မကြွယ်ကျေးရွာ(အလက)စာသင်ကျောင်းတွင်လည်း ခေါင်မိုးနှင့် သစ်သားတန်းများပျက်စီးသွားကြောင်းဒေသခံများက ပြောသည်။ 

ယင်းပြင် ဩဂုတ်လ ၁၈ ရက်နေ့က ရေတိုက်စားမှုကြောင့်သိမ်ကုန်းကျေးရွာတွင် လမ်းပျက်စီးမှုများရှိပြီးဘုန်းကြီးကျောင်းအနီးမြေထိန်းနံရံမှာ လည်း ပျက်စီးသွားကြောင်း သိမ်ကုန်းကျေးရွာမှဦးသန်းမောင်က ပြောသည်။

"လေပြင်းတော့ လှိုင်းခတ်တာလည်းပြင်းတာပေါ့။ မိုးလည်းကြီးတာကို ရွာကလမ်းနဲ့ ဒီ ဘုန်းကြီးကျောင်းနားကမြေထိန်းနံရံလည်း ပျက်စီးကုန်တယ်"ဟု ပြောသည်။ 

၎င်းအပျက်အစီးများသည် ြဂုတ်လ ၁ရရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်သည်ဟု ကွမ်းမြိုင်ကုန်းကျေးရွာမှမလွင်မီမီထွန်းက နိရဉ္စရာကို ပြောသည်။

"တချို့အိမ်က အခေါင်မိုးတွေပွင့်ထွက်သွားတာ၊နောက်ပြီး စပါးကျီတွေပျက်စီးလို့ မိုးစို ကုန်တာမျိုးတွေရှိတယ်။ ပြီးတော့အုန်းပင်တွေကျိုးလို့ပျက်စီးတာမျိုးတွေ ရှိပါတယ်။ကျမတို့ရပ်ကွက်မှာတော့ သုံးလေးအိမ်လောက်ပျက်စီးသွားပါတယ်။ လေကပြင်းပြီးရေပါတစ်ခြုံလုံးမှာ ပြည့်နေတာမျိုးတွေရှိပါတယ်။ အသေးစားပျက်စီးမှုတွေလည်းရှိပါတယ်"ဟု ပြောသည်။

ပြင်ကောက်ကျေးရွာမှကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် ကမ်းခြေဆင်းလမ်းရှိ သစ်သား တံတားလည်း ရေစီးနှင့်မျှောပါပျက်စီးသွားကြောင်း သိ၇သည်။ 

အဆိုပါအားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် ဩဂုတ် ၂၀ရက်နေ့က အိန္ဒိယနိုင်ငံ  အနောက်- အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ ဂျက်ခန်း ပြည်နယ်နှင့်ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်ပြီး မဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်ကာတဖြည်းဖြည်း အားလျော့သွားခဲ့သည်ဟု သိ၇သည်။ (NN-7)

#သဘာဝဘွှေးန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.