Preview

ပလက်၀နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ အေအေက ပလက်၀မြို့နယ်တွင် စစ်ကောင်စီစခန်းကုန်းများကိုသိမ်းပိုက်

သြဂုတ် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :3779
ရခိုင် သတင်း
နိရဉ္စရာ၊သြဂုတ် ၂၂/၂၀၂၂

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်နှင့်၇ခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီးပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကုန်းတချို့ကို အေအေက သိမ်းပိုက်ခဲ့သည်ဟု သတင်းရရှိသည်။ 

ပလက်၀မြို့နယ်တွင် ဖြစ်ပွားနေသည့်  တိုက်ပွဲမှာ ယခင်ဖြစ်ပွားခဲ့သည့် သူဌေးကုန်းကျေးရွာအနီးတွင် ဖြစ်ပွားနေပြီး သြဂုတ်လ၂၀ ရက်နှင့်၂၁ ရက်နေ့တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ သြဂုတ်လ ၂၂ ရက် နံနက်အထိ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက  မနေ့ည ရ နာရီ  ၈ နာရီ လောက်အထိ တိုက်ပွဲက ပြင်းထန် ဖြစ်ပွားခဲ့တယ်။ မိုးကလည်း အရမ်းသည်းတယ်။ဒီနေ့ မနက်ကျတော့ အာရုဏ်ဦးမနက် ၄ နာရီလောက်ကနေ ပြန်ဖြစ်နေကြတာပါ။ ၈နာရီလောက်အထိ ပစ်ခတ်သံတွေကြားခဲ့၇တယ်။ အခုတော့ ငြိမ်သွားပါပြီ"ဟု ယနေ့မနက် ၁၀ နာရီခန့်၌ပြောသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သည့် သူဌေးကုန်းအနီး တိုက်ပွဲတွင် အေအေဘက်က စစ်ကောင်စီတပ်စခန်း၃ ခုအပါအဝင် သူဌေးကုန်းအရှေ့ဘက်တောင်ကြောတစ်ကြောလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီ တပ်သား ၂၀ခန့်ဖမ်းဆီး၇မိထားကြောင်း အေအေနှင့်နီးစပ်သူတစ်ဦးကနိရဉ္စရာကို ပြောသည်။

"သူဌေးကုန်းရဲ့အရှေ့ဘက်တောင်ကြောတစ်ကြောလုံးကို အပိုင်သိမ်းနိုင်တယ်လို့ သိရတယ်။ အဲ့ဒီနေရာကစခန်းအကြီးအငယ် (၃) ခုကို သိမ်းထားလိုက်ပြီ။ အရှင် ၂၀နီးပါးဖမ်းမိထားပါတယ်" ဟု ပြောသည်။

ပလက်၀တွင်သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်းစစ်ကောင်စီဘက်က ၄၀ ဦးခန်း ကျဆုံးပြီး AA ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ် ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါအကျအဆုံး၊ ထိခိုက်မှုများကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူများကို နိရဉ္စရာသတင်းဌာနအနေဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်၍ မ၇သေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ယင်းအပြင်မောင်တောမြို့နယ် မီးတိုက်နှင့် တောင်ပြိုမြို့အနီးတွင်လည်း ယနေ့ နံနက်က ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။

ဒေသခံအမျိုးသမီး တစ်ဦးက "ဒီနေ့ မနက် ၅ နာရီလောက်ကနေ၂ ဘက်တိုက်ပွဲဖြစ်ကြတာ။ ကျမတို့ ပစ်ခတ်သံတွေ ကြား၇သလောက်ကတော့ လက်နက်ကြီး၊လက်နက်ငယ်သံတွေဆက်တိုက်ပဲ။ ဆက်တိုက်ဆက်တိုက် ပစ်ကြတာ။ မနက် ၁၀ နာရီနီးပါးအထိကြားရပါတယ်။အခုကတော့ နာရီ၀က်လောက်နေမှသုံးလေးချက်ပဲ ကြား၇တော့တယ်"ဟု  ယနေ့နံနက် ၁၀နာရီကျော် အချိန်ဆက်သွယ်စဉ် ဖုန်းမှတဆင့် ပြောသည်။ 

တောင်ပြိုအနီးတွင်ယမန်နေ့ သြဂုတ၂၁ရက်နေ့ နံနက်ပိုင်းကလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။ 

ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့သည့် ယခုသြဂုတ်လအတွင်း ၇သေ့တောင်၊ မောင်တော နှင့် ချင်းပြည်နယ်၊ပလက်၀မြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီးယခုတိုက်ပွဲများမှာ နယ်မြေသိမ်းတိုက်ပွဲများဖြစ်သဖြင့် ခင်တိုက်ပွဲများထက် ပိုပြင်း ထန်လာနိုင်ကြောင်း ၇ခိုင်စစ်ရေး လေ့လာသုံးသပ်သူများကပြောဆိုထားသည်။ 

လက်ရှိ ဖြစ်ပွားနေသော မောင်တောမြို့နယ် မြောက်ပိုင်းဒေသများမှာတစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နှင့် နီးကပ်စွာ တည်ရှိပြီး စစ်ရေးမဟာဗျူဟာအရ အရေးပါသောနယ်မြေများဖြစ်သဖြင့်နှစ်ဖက် တပ်များအနေဖြင့် ၎င်းနယ်မြကို ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း၎င်းတို့က ဆက်လက်သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် စစ်ပွဲပြင်းထန်ခဲ့သည့်၇သေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်သွားတို့တွင် စစ်ကောင်စီကအငူမော်-မောင်တော ကားလမ်းနှင့် ရွာပြင်ထွက်သွားလာခွင့်များ ပိတ်ပင်ထားသည့် အတွက် ဒေသခံများစားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိ၇သည်။ (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.