နိရဥ္စရာ၊ သြဂုတ်၂၂/၂၀၂၂
၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်ပြီးခဲ့သည့်ကိုဗစ်ကာလအတွင်းက ကင်းလွတ်မီတာခများကို မြို့နယ်လျှပ်စစ်ဌာနကပြန်ကောက်နေ၍ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောကြားသည်။
တောင်ကုတ်မြို့တွင်၂၀၂၁ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတုန်းက မီတာခများကို ကိုဗစ်ကာလဖြစ်၍ကင်းလွတ်မီတာခအဖြစ်သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ အဆိုပါကင်းလွတ်မီတာခများကိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ယခုလသြဂုတ်လမှစတင်ကာ ပြန်ကောက်နေသည်ဟုမြို့ခံများက နိရဥ္စရာကို ပြောသည်။
မြို့ခံတစ်ဦးက"ပြီးခဲ့တဲ့နှစ်ကဟာတွေကိုဒီနှစ် ၂၀၂၂ ခုနှစ်၊ ဒီ ၈ လပိုင်းထဲမှာ ဘောင်ချာတွေ ပြခိုင်းတယ်။ မပြနိုင်လို့ရှိရင်မီးဖြတ်တယ်။ မီတာခကပေးဆောင်ပြီးပြီဆိုတဲ့ဘောင်ချာပြနိုင်ရင်မီးပြန်ဆက်တယ်။ ဘောင်ချာရှာမ၇တဲ့ သူတွေက မီတာခလည်းဆောင်ပြီးပြီ။ ပြန်လည် ဆောင်နေ၇တော့ နစ်နာတာပေါ့။ အခုကစီးပွားရေးအခက်အခဲအကျပ်အတည်းအချိန်ဆိုတော့ မကောင်းဘူး။ ဆောင်ပြီးသားသူတွေလည်း နှစ်ခါဆောင်နေ၇တယ်"ဟုပြောသည်။
တောင်ကုတ်မြို့တွင် ယခင်ကိုဗစ်ကာလကကင်းလွတ်မီတာခ ယူနစ် ၁၅၀ အထက် ကျသင့် မီတာခများကို သွင်းထားပြီးဖြစ်သော်လည်းမီတာခသွင်းထားသည့် ဘောင်ချာ စာရွက်ပြခိုင်းခြင်း၊ မပြနိုင်လျှင်အဆိုပါမီတာခများကို ပြန်ပေးသွင်းနေ၇ခြင်း၊ ပြန်ပေးမသွင်းလျှင်မီးဖြတ်ခြင်းတို့ကို ခံနေ၇သည်ဟု နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။
"၂၀၂၁ ခုနှစ်ကကိုဗစ်ကင်းလွတ်ခွင့်နဲ့ မီတာခမကောက်ခဲ့ဘူး။ ၁၀ လပိုင်းလောက်မှာပြန်သွင်း၇မယ် ဆိုလို့သွားသွင်းလိုက်တယ်။ အခုလည်း အဲဒီတုန်းက မီတာခသွင်းထားတဲ့ ဘောင်ချာ။ချလန် စာရွက်တွေမပြနိုင်လို့ မီးဖြတ်တာ။အမှန်ဆို ကျွန်တော်တို့တွေက အဲ့ဒီကတည်းက မီတာခသွင်းပြီးပြီ"ဟု ပြောသည်။
အချို့ရပ်ကွက်များတွင်လည်းယခင် ၂၀၂၁ ခုနှစ်၊ ဧပြီလနှင့်မေလတွင်းက မီတာခသွင်းထားသည့် ချလန်စာရွက်များကို မပြနိုင်လျှင် မီးဖြတ်တောက်ခြင်းများပြုလုပ်နေပြီးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတာဝန်ရှိသူများကစာရင်းစာတမ်းများဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ကောက်ခံခြင်းများလည်းရှိနေသည်ဟု သိ၇သည်။
တောင်ကုတ်မြို့မှ အခြားဒေသခံတစ်ဦးက"ကျွန်တော်ဆိုလည်း မီတာခဆောင်ပြီးပြီ။ ဘောင်ချာမပြနိုင်သေးဘူး။မီးကိုချက်ချင်းဖြတ်ပစ်ခဲ့တယ်။ ဆိုတော့ ဘောင်ချာမပြနိုင်တော့ပြီးခဲ့တဲ့နှစ်က ၇ လပိုင်း။ ၈ လပိုင်းတုန်းက မီတာခတွေပြန်သွင်းပေးမှမီးပြန်ဖွင့်ပေးမယ်ပေါ့။ ကျွန်တော်တို့ဆို သွားသွင်းပေး၇တယ်"ဟုပြောသည်။
ဒေသခံအများစုအနေဖြင့် မီတာစာရွက်များကိုတစ်နှစ်ထိ သိမ်းထားနိုင်ခြင်းမရှိသည့် အပေါ် အခွင့်ကောင်းယူကာ မီတာခကို ပြန်ကောက်ခံနေသည်ဟုဆိုသည်။
တောင်ကုတ်မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှလည်း"ဓာတ်အားခကြွေးကျန်များကို သြဂုတ်လ ၂၃ ရက် နောက်ဆုံးထားလာရောက်ပေးဆောင်နိုင်ရန်နှင့် ပေးဆောင်ခြင်းမရှိပါက ဓာတ် ြတ်တောက်သွားမည်ဟုလျှပ်စစ်သုံးစွဲသူများထံ အကြောင်းကြားထားသည်ဟုလည်း မြို့ခံများကပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးတောင်ကုတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကိုဆက်သွယ်ရာ တာဝန် ရှိသူတစ်ဦးက “အလကားနေ ကောက်နေတာမဟုတ်ဘူး။ဓာတ်အားခကြွေးကျန်တွေကိုကောက်နေတာ။အိမ်တစ်ထောင်ရှိရင် မီတာခကြွေးကျန်နေတဲ့ အိမ်တစ်ရာရှိရင် အဲ့ဒီတစ်ရာကို ကောက်၇မှာပဲ”ဟု ပြောသည်။
ကိုဗစ်ကာလအတွင်းအိမ်သုံးမီတာအမျိုးအစားသုံးစွဲမှုအတွက် ယူနစ် ၁၅၀ အထိကျပ်သင့်ငွေ ကျပ် ၁၁၅၅၀ အခမဲ့ကင်းလွတ်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ဧပြီလမှစတင်ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အစိုး၇က လစဉ် ခွင့်ပြုပေးခဲ့ကြောင်းသိ၇သည်။ (NN-12)