Preview

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ ကျောင်းတောင်အခြေစိုက်စခန်းကို စစ်ကောင်စီတပ်သားတို့ စွန့်ခွာ

သြဂုတ် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :3066
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၂၂/၂၀၂၂

စစ်ကောင်စီတပ်သည်  ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှ စစ်ရေးအရအရေးပါသည့်  ကျောင်းတောင်အထိုင်စခန်းကို ယခုလ ၂၁ ရက်နေ့က စွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းစခန်းသည်  မြန်မာစစ်တပ်နေရာယူထားသော ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းကအရေးပါသည့် စခန်းဖြစ်ပြီးရဲနှင့် စစ်သားအင်အား (၁၀၀) ခန့် အထိ တပ်စွဲထားသည့် အထိုင် စခန်းဖြစ်ကြောင်း သိ၇သည်။ 

လက်ရှိတွင် စခန်းအား ရက္ခိုင့်တပ်တော် ( AA) တပ်ဖွဲ့ဝင်များက ဝင်ရောက်နေရာယူလိုက်ပြီး တစ်ခြားတစ်ဖက်တွင်လည်းစွန့်ခွာသွားသော စစ်သားများကို အေအေတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ပိတ်ဆို့ထားသည်ဟုဒေသခံများက ပြောဆိုသည်။

အခု စခန်းကို စွန့်ခွာသွားတဲ့ စစ်သားတွေကို ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာ ကျေးရွာအထက်မှာရှိတဲ့ ကျင်းဘူးရွာမှာ အေအေတပ်ဖွဲ့ ဝိုင်းဝန်းထားတဲ့ အတွက်  ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။တိုက်ပွဲဖြစ်မလား၊ ဘာလား မသိသေးဘူး ဟု တောင်ဘဇားဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ စွန့်ခွာသွားသည်မှာဟုတ်မှန်ကြောင်း၊ ဩဂုတ် ၂၁ ရက် ညနေပိုင်းက စခန်းကနေ ထွက်ခွာသွားခဲ့ကြကြောင်း ဘူးသီးတောင်မြောက်ပိုင်းမှ ဒေသခံတစ်ဦးကလည်း အတည်ပြုပြောကြားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နယ်စပ်တစ်လျှောက်တွင် အေအေ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး နောက်ထပ် တိုက်ခိုက်လာမည်ကို စိုးရိမ်ပြီး သူတို့နေရာယူထားသည့် နယ်စပ်တလျှောက်က စခန်းများကို တစ်ခုပြီး တစ်ခု စွန့်ခွာနေရာ ဘူးသီတောင် မြောက်ပိုင်းက စစ်ရေးအရ အရေးကြီးသည့် စခန်းတစ်ခုကို နောက်ထပ် စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။ (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.