Preview

မင်းပြားကျိန်းတောင်တွင် စစ်အင်အားထပ်ဖြည့်

သြဂုတ် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :6943
ရခိုင် သတင်း

နိရဉ္စရာ၊သြဂုတ် ၂၂/၂၀၂၂

ရခိုင်ပြည်နယ်၊မင်းပြားမြို့ရှိ သမိုင်းဝင် ရှေးဟောင်းဘုရားကြီးတည်ရှိရာ ကျိန်းတောင်တွင် စစ်ကောင်စီတပ်ကယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် အင်အားတိုချထားလိုက်သည်ဟု ဒေသခံမျက်မြင်များကပြောသည်။

 

မင်းပြားဒေသခံတစ်ဦးကယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အင်အား ၅၀ ကျော်ခန့် ကျိန်းတောင်ပေါ်သို့လက်နက်အင်အား အပြည့်အစုံဖြင့်တက်သွားကြောင်း နိရဉ္စရာကို ပြောသည်။ 

 

"ဒီနေ့မနက်၉ နာရီလောက် ကျောပိုးအိတ်တွေ၊ ခြင်းတွေလွယ်ပြီး လက်နက်အပြည့်အစုံနဲ့ ဘုရားပေါ်ကို တက်သွားကြတယ်။ဘုရားပေါ်မှာက အရင်ကနေတပ်စွဲပြီးသားရှိနေတာကို အင်အားထပ်တိုးတဲ့ သဘောပေါ့။ ဘယ်လို့ထူးခြားမှုတွေရှိနေလို့လဲ မသိဘူး"ဟု ပြောသည်။

 

တပ်တွင်းသတင်းအ၇ယမန်နေ့ သြဂုတ် ၂၁ ရက်နေ့တွင် မင်းပြားအခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ၅၄၁/၃၇၉/၃၈၀တပ်ရင်တို့ စုပေါင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အင်အား ထပ်မံ တိုးမြင့်လိုက်သည့်အတွက် မင်းပြားမြို့၏စစ်ရေးအခြေအနေကိုစိုးရိမ်မိကြောင်း နောက်ထပ် ဒေသခံတစ်ဦးကဆက်ပြောသည်။

 

"ကျနော့ရဲ့တပ်ကရခိုင်အသိတစ်ယောက်က မနေ့က မင်းပြားမှာရှိတဲ့ တပ်ရင်း ၃ ရင်း ပေါင်းပြီး အစည်းအဝေးလုပ်တယ်လို့ပြောတယ်။ တခြားမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတော့ မင်းပြားအခြေအနေကိုလည်းကြိုတင်ပြင်ဆင်တာထင်တယ်" ဟု ပြောသည်။

 

အဆိုပါစစ်ကောင်စီတပ်သားများသည် လက်ရှိတွင် ကျိန်းတောင်တောင်တန်း အလင်းတောင်ပေါ်တွင် တပ်စွဲထားကြောင်းသိ၇သည်။

 

မင်းပြားကျိန်းတောင်ပေါ်တွင်ယခင်ကတည်းက တပ်စွဲထားသည့် စစ်သားများရှိပြီး အခါကြီး ရက်ကြီးများတွင်ဘုရားဖူးခွင့်ကိုပင်ခွင့်ပြုချက်ယူကြရကြောင်း သိ၇သည်။

 

လက်ရှိရခိုင်မှမြို့နယ်တချို့စစ်ရေးတင်းမာနေချိန်တွင်ကျိန်းတောင်ကို အင်အားထပ်မံ ဖြည့်တင်း လိုက်သည့်အတွက် ဗုဒ္ဓဘာသာရခိုင်လူမျိုးများ၏ဝါတွင်းကာလ ဘုရားဖူးမျှော်နိုင်ရန် ပိုမို ခက်ခဲသွားကြောင်း ၎င်းက ဆက်ပြောသည်။

 

" အရင်ကတည်းကဘုရားဖူးဖို့ကို ခွင့်တောင်းနေ၇တာ/ အခုဆို ဝါတွင်းကာလ သိတယ်မလား။ဘုရားကို ဘယ်သူဖူးရဲတော့မလဲ။ အခုလို သူတို့အင်အားတွေပိုဖြည့်နေတော့"ဟု ပြောသည်။

 

၂၀၁၉ခုနှစ်အတွင်းမှစကာ မင်းပြားကျိန်းတောင်ဘုရားအပါအဝင် ကျောက်တော်တောင်စေတီ၊ မြောက်ဦးမြို့နယ်သင်းကျစ်တော်စေတီ၊ မဟာမုနိဘုရားပရိဝုဏ်နှင့် တခြား နာမည်ကြီးတန်းခိုးကြီးဘုရားပုထိုးစေတီများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာတပ်စွဲထားကြောင်း သိ၇သည်။ (NN-7)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.