English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေ သိန်းတန်ရွာသား ၁ ဦးကို AA နှင့်ဆက်စပ်သံသယဖြင့် စစ်တပ်က ဖမ်းဆီးသွား
သြဂုတ် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :2343
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၂၂/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သိန်းတန်ကျေးရွာမှ နှစ်ဘီးကယ်ရီမောင်းသမား ၁ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ယနေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသူမှာ သိန်းတန်ကျေးရွာမှ နှစ်ဘီးကယ်ရီမောင်းသမား ဦးမောင်ဆန်းဝင်း (၅၀ နှစ်ခန့်)ဖြစ်သည်။
သူသည် ယနေ့ သြဂုတ်လ ၂၂ ရက် ညနေ ၅ နာရီကျော်တွင် ဆိုင်ကယ်ဖြင့် တောကန်ကျေးရွာသို့အရက်ပို့၍ပြန်လာစဉ် ရွာဝင်၀ရှိ စစ်တပ်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။
“AA နဲ့ အဆက်အသွယ်ရှိလို့ အထက်က အမိန့်စာအရဖမ်းရတယ်လို့ အုပ်ချုပ်ရေးမှူးကို ပြောလို့ အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို ပြန်ပြောပါတယ်”ဟု ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ဦးမောင်ဆန်းဝင်းသည် AA နှင့်အဆက်အသွယ်ရှိသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်နေသူတစ်ဦးသာဖြစ်သည်ဟု သမီးဖြစ်သူက နိရဥ္စရာကို ပြောသည်။
“အဖေကို ဖမ်းသွားတော့ ခံစားရပါတယ်။ ပြီးတော့ အဖေက အဲလိုကိစ္စတွေနဲ့မလုပ်ဘူး။ ပြီးတော့ အဖေက စပါးစိုက်ပါတယ်။ လယ်ထွန်ပါတယ်။ အရက် နေ့စားပို့ပါတယ်။ အိမ်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ဒီနေ့လည်း ကယ်ရီဆွဲပြီး အရက်သွားပို့လို့ အပြန်မှာ အခုလိုဖြစ်သွားတာပါ”ဟု ပြောသည်။
လက်ရှိတွင် ဦးမောင်ဆန်းဝင်းအား မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မိသားစုဝင်များ မသိကြဟု ဆိုသည်။
ဦးမောင်ဆန်းဝင်းတွင် အမျိုးသမီးအပါအဝင် ဆယ်တန်းကျောင်းသူ သမီး ၁ ဦးနှင့် သားငယ် ၁ ဦးရှိပြီး မိသားစုကို တစ်ဦးတည်းက ရှာဖွေလုပ်ကိုင်ကျွေးမွေးနေရသူဖြစ်သည်ဟု သိ၇သည်။
သူ့တွင် လိပ်ခေါင်း၊ သွေးတိုး၊ ဆီးချိုနှင့် သွေးချိုရောဂါအခံရှိ၍ သူ့ကျန်းမာရေးအတွက် စိုးရိမ်နေ၇သည်ဟုလည်း မိသားစုဝင်များက ပြောသည်။
လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ စစ်ရေးတင်းမာလျက်ရှိပြီး စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိ၇သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.