Preview

မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများအပါအဝင် အစိုးရဝန်ထမ်းများ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရပြီ

သြဂုတ် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :4007
ရခိုင် သတင်း

နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂၀၂၂

ရခိုင်ပြည်နယ်မောင်တောမြို့နှင့် ၇သေ့တောင်မြို့နယ်တို့ကိုဆက်သွယ်ထားသည့် မောင်တော-အငူမော် ကားလမ်းကို စစ်တပ်ကပိတ်ထားပြီး ဆန်အပါအဝင်ရိက္ခာများ သယ်ယူခွင့်ကိုလည်း တင်းတင်း ကျပ်ကျပ်တားမြစ်ထားသဖြင့်  အဆိုပါဒေသများတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအပါအဝင်အစိုး၇ဝန်ထမ်းများအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ရင်ဆိုင် နေကြ၇သည်ဟုသိ၇သည်။

မောင်တောမြို့နယ်သည် ၇ခိုင်ပြည်နယ်အတွင်း အဓိကကားလမ်းကို အသုံးပြုသော မြို့နယ် တစ်ခုဖြစ်ပြီး လက်ရှိကားလမ်းကို ပိတ်ထားသည်မှာ ၁၀ ရက် ရှိနေပြီ ဖြစ်သဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအားလုံး ရပ်တန့်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

လက်ရှိ ကြုံတွေ့နေ၇သည့် အခက်အခဲများနှင့် ပတ်သက်ပြီးမောင်တောမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသည့်အမည်မဖော်လိုသည့်ကျောင်းဆရာတစ်ဦးက ဒီမှာက အစိုး၇ပေးတဲ့လစာ ၂ လစာဆိုပေမဲ့ ကုန်ဈေးနှုန်းက ၃ ဆအထိမြင့်တက်နေတယ်။ ပိုက်ဆံရှိပေမဲ့ဝယ်စားလို့မ၇တော့ဘူး။ အဓိက လမ်းပိတ်ထားတာနဲ့ဆိုင်တယ်။ ကားတွေ မထွက်၇တာနဲ့ ဆိုင်တယ်ဟု နိရဥ္စရာကို ပြောသည်။

ကားလမ်းကို ပိတ်ဆို့ထားသည်သာမက တရွာနှင့် တရွာအကြားတွင်လည်း ဆန်အပါအဝင် စားနပ်ရိက္ခာများ သယ်ယူခွင့်ကိုတားမြစ်ထားကြောင်း၊  မောင်တောမြောက်ပိုင်းတွင် အဓိက လူသုံးကုန်စားနပ်ရိက္ခာများ ဖြစ်ကြသည့်  ဆန်၊ ဆီ၊ ငရုပ်နှင့် ကြက်သွန်တို့ ပြတ်လပ်နေခြင်းဖြစ်ပြီး ဝယ်ယူုံး၀ မ၇တော့ကြောင်း ၎င်းက ပြောကြားသည်။

ကျေးရွာများရှိ ဈေးဆိုင်သည်များအနေဖြင့်လည်းမောင်တောမြို့ကိုတက်၍ဆန်အပါအဝင် စားသောက်ကုန်များ ဝယ်ယူ၇ မ၇သဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိကျေးရွာများတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ လုံး၀ပြတ်လပ်နေပြီ ဖြစ်သည်ဟု ဆိုသည်။မောင်တောမြို့နယ် မြောက်ပိုင်းတွင်သာမက မောင်တောမြို့နယ် တောင်ပိုင်း အငူမော်- မောင်တော ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင်နယ်မှတာဝန်ထမ်းဆောင်နေရသော အစိုး၇ဝန်ထမ်းများတွင်လည်း စားနပ်ရိက္ခာမျာ ပြတ်တောက်နေပြီဟု မောင်တောမြို့နယ်ကျောက်ပန္ဒူ ကျေးရွာအလယ်တန်းကျောင်း(ခွဲ)မှပညာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာကိုပြောသည်။

ဆန်တစ်ခုတည်း ပြတ်နေတာမဟုတ်ဘူး။ငရုပ်သီး၊ ဆီ၊ ကြက်သွန်ကအစ အားလုံး တစ်ခုမှ မရှိတော့ဘူး။ အခုကရွာမှာလည်း ပစ္စည်းတွေမရှိတော့ဘူးဆိုတော့ ရှိတဲ့သူတွေကနေ မျှစားနေရတယ်။ကြာလာတော့ မျှစားလို့လည်း မ၇တော့ဘူး။ ပြီးတော့ ကျနော်တို့မှာကျောင်းမှာလိုအပ်တဲ့ကျောင်းသုံးကိရိယာတွေလည်း ပြတ်နေပြီဟု ပြောသည်။

ကျောက်ပန္ဒူကျေးရွာအလယ်တန်းကျောင်း(ခွဲ)ကျောင်းဆိုလျှင် ပညာရေးဝန်ထမ်း၁၉ ဦးရှိပြီး အများစုမှာ ၇သေ့တောင်၊ မောင်တောနှင့် တောင်ကုတ်စသည့်မြို့နယ်များမှ လာရောက်တာဝန် ထမ်းဆောင်နေရသူများဖြစ်သည်ဟု သိ၇သည်။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ အခြားဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကလည်း ၄င်းတို့တွင်လည်း စားနပ်ရိက္ခာပြတ်တောက်ပြီးအခက်အခဲဖြစ်နေသလို မောင်တောမြို့သို့ ပြန်မည်ဆိုလျှင် ပြန်ရန် အခက်အခဲဖြစ်နေကြသည်ဟု ပြောသည်။

မောင်တောမြို့နယ်သည် နယ်စပ်တွင်တည်ရှိသဖြင့် ၇ခိုင်ပြည်နယ်အတွင်းက ကုန်ဈေးနှုန်းကြီးမြင့်သောမြို့နယ် တစ်ခုဖြစ်ပြီး ယခုကဲ့သို့သာ ရေရှည်ကားလမ်းကို ပိတ်ထားပါကရိက္ခာများပြတ်လပ်ကာ အငတ်ဘေးနှင့်ရင်ဆိုင်နိုင်သဖြင့် တာဝန် ထမ်းဆောင်ရာတွင်စိတ်အနှောင့်အယှက်များ ပိုမိုဖြစ်လာမည်ဟုလည်း ပြောဆိုသည်။

မောင်တော-အငူမော်ကားလမ်းတစ်လျှောက်ကိုစစ်တပ်က ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်မှစတင်ကာရက်အကန့်အသတ်မရှိပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၃ ရက်ဆိုလျှင် ၁၀တာကြာမြင့်သွားပြီဖြစ်သည်။

 ပြီးခဲ့သည့် သြဂုတ်လ၁၃ ရက်က မောင်တောမြို့နယ်နှင့် ၇သေ့တောင်မြို့နယ်တို့တွင် စစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲများအပြန်အလှန်ဖြစ်ပွားခဲ့ပြီးနောက် မောင်တော-အငူမော် ကားလမ်းတစ်လျှောက်ကို စစ်တပ်က  ရက်အကန့်အသတ် မရှိပိတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း မောင်တောနှင့်၇သေ့တောင်မြို့နယ်တွင် စစ်တပ်နှင့် AA တို့ စစ်ရေး တင်းမာလျက်ရှိပြီး စစ်တပ်က ဒေသတွင်းအသွားအလာများကိုပိတ်ဆို့ထားပြီး စားနပ်ရိက္ခာများကိုဖြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

နှစ်ဘက်စစ်ရေးတင်းမာနေမှုများနှင့် ကားလမ်းပိတ်ထားသည့်အတွက်ကားလမ်းတစ်လျှောက်ရှိ ကျေးရွာအများအပြားမှ ဒေသခံထောင်နှင့်ချီကာနီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟုလည်း သိ၇သည်။

 ဓာတ်ပုံ- မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းအချို့အားတွေ့၇စဉ်။

Photo - မောင်တောခရိုင်ပညာရေးမှူးရုံးfacebook

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.