နိရဉ္စရာ၊ ဩဂုတ် ၂၃/၂၀၂၂
၇ခိုင်ပြည်နယ်အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်တွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးထ (၅) နာရီမှ ညနေ (၈) နာရီအတွင်း ဂရုပြုသွားလာကြရန်နှင့်သေရေးရှင်ရေးကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ယနေ့အသိပေးချက်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အထဲတွင် ယခုရသတ္တပတ်အတွင်း မြန်မာ့စစ်တပ်နှင့်ရက္ခိုင့်တပ်တော်အကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းနှင့် အတူ တိုက်ပွဲအရှိန်သည်လည်းတရက်ထက်တရက် ပိုမိုမြင့်မားလာပြီး တိုက်ပွဲ နေရာများမှာလည်း ပိုမိုကျယ်ပြန့်လာနေကြောင်း၊ ထိုကြောင့်မြန်မာစစ်တပ်နှင့် ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့များ အခြေပြုထားသည့် နေရာများ၊ ၎င်းတို့၏ဂိတ်စခန်းချစစ်ဆေးသည့် နေရာများ၊ ပုံမှန်သွားလာနေသည့် နေရာများ၎င်း မဖြစ်မနေ သွားလာရမည့်အရေးပေါ်ကိစ္စ၊ သေရေးရှင်းရေး ကိစ္စ၊ ကျန်းမာရေး ကိစ္စများမှ လွဲ၍ လားလာခြင်း မပြုကြပါရန်နှင့်အကယ်တန္တိမဖြစ်မနေ သွားလာ၇မည် ဆိုပါကလည်း နီးစပ်ရာမိမိတို့ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊နယ်မြေရုံးများမှတဆင့် ဆက်သွယ် အသိပေးပြီးမှသာ သွားလာကြပါရန် အလေးထား အသိပေးလိုပါကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သွားလာသည့် အချိန်ကိုလည်း မိုးထ (၅)နာရီနောက်ပိုင်းမှ ညနေ (၈) နာရီအတွင်း သတ်မှတ်ပေးထားပြီး အဆိုပါ အချိန်တွင် ဂရုပြုသွားလာကြရန်မိမိတို့မှ အထူးအလေးပေး တိုက်တွန်းလိုက်ပါသည်ဟုလည်း ဖော်ပြထားသည်။
၎င်းပြင် မြန်မာစစ်တပ်၏ ခရီးသွားလာခွင့်ပိတ်ထားသော လုပ်ရပ်ညဉ့်မထွက်ရအမိန့်များကြောင့် ဒေသခံပြည်သူများ အခက်အခဲအကျပ်အတည်း မဖြစ်ရအောင် မိမိတို့ရခိုင်ပြည်သူ အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနှင့် ဖြေရှင်းရန် ကြိုးပမ်းလျှက် ရှိသည်ဟုလည်းဖော်ပြထားသည်။