ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ကြား ၂၀၂၀ခုနှစ် ကုန်ကတည်းက (၂) နှစ်ခန့်အကြာ ရက်တန့်ထားသည့် တိုက်ပွဲများသည် ဇူလိုင်လ(၁၉)ရက်နေ့ကစတင်ကာ တကျော့ပြန်ဖြစ်ပွားလာခြင်းမှာ နယ်မြေစိုးမိုးရေးထက်အပြီးသတ်နယ်မြေထိန်းချုပ်ရေးကိုပိုဦးတည်ပုံ၇သည်ဟုCenter for Peace and Development အဖွဲ့ ဒါရိုက်တာ ဦးထွန်းကြည်က သုံးသပ်ပြောဆိုသည်။
၂၀၂၀ ရှေ့ပိုင်းက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ သည် နယ်မြေစိုးမိုးရေးကို အဓိထားခဲ့ပြီး ယခု တကျော့ပြန်တိုက်ပွဲများသည် ၎င်းစိုးမိုးထားသည့်နယ်မြေများကို အပြီးသတ်ထိန်းချုပ်ရန် ရည်ရွယ်ပုံ၇သည်ဟု ၎င်းကပြောဆိုသည်။
'' ကျွန်တော်မြင်တာက အခု၇ခိုင်ပြည်မှာဖြစ်နေတဲ့ စစ်ပွဲဟာ တချို့ဒေသတွေကို အပြောင်းအလဲ ကြီးကြီးမားမားဖြစ်အောင် နှစ်ဖက်စလုံးကတွန်းကြမယ်လို့ မြင်တယ်။ အပြောင်းအလဲ ဖြစ်မဖြစ်တရားသေပြောလို့မ၇ပေမယ့် အခုတိုက်ပွဲ ဖြစ်နေတဲ့ မောင်တောနဲ့ ချင်းပြည်နယ်နယ်စပ် နေရာတွေကို တဖက်ဖက်ကနေ အပြီးသတ် ထိန်းချုပ်သွားနိုင်ဖို့နှစ်ဖက်စလုံးက ကြိုးစားနေတယ်လို့ မြင်တယ်။နယ်မြေစိုးမိုးမှုထက် စိုးမိုးထားတဲ့နယ်မြေကို အပြီးသတ်ထိန်းချုပ်ဖို့ကြိုးစားနေကြတဲ့အနေအထားမျိုးတွေ့နေ၇ပါတယ်''ဟု ဦးထွန်းကြည် က နိရဉ္စရာ သို့ပြောသည်။
ယခင်ဖြစ်ပွားခဲ့သောတိုက်ပွဲများသည်၇ခိုင်ပြည်အတွင်းထဲဘူးသီးတောင်၊၇သေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊အမ်းနှင့်မြေပုံမြို့နယ်များတွင်အဖြစ်များခဲ့သော်လည်းလက်ရှိတိုက်ပွဲများမှာစစ်ရေးအရအရေးပါသောဘင်္ဂလာ-၇ခိုင်နယ်စပ်တလျှောက်တွင်အဖြစ်များနေသည်ကိုတွေ့၇သည်ဟုဆိုသည်။
'' အေအေအနေနဲ့ နယ်မြေတွေကို ကြီးကြီးမားမား စစ်တိုက်နေစရာမလိုတာ့ဘဲ တစ်ခုပြီးတစ်ခုထိန်းချုပ်လာနိုင်တယ်။အေအေက လက်ထဲက နယ်မြေတွေကိုအပြီးသတ်ထိန်းချုပ်ရေးကို ဦးတည်လာချိန်မှာ စစ်ကောင်စီကလည်း အဲ့ဒီနယ်မြေတွေကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် အခုဖြစ်တဲ့စစ်ပွဲတွေဖြစ်လာတယ်လို့သုံးသပ်လို့၇တယ်။ ခုလို နယ်မြေထိန်းချုပ်ရေးအတွက် အရေးကြီးတယ်လို့နှစ်ဘက်က ယူဆတဲ့ အတွက် တိုက်ပွဲတွေက ပိုပြီး ပြင်ထန်းလာနိုင်တယ်။ တဖက်ဖက်က အဖြေ၇သွားနိုင်တယ်လို့ ထင်ပါတယ်''ဟု ဦးထွန်းကြည်က ဆက်ပြောသည်။
ရခိုင်ဝါရင့်နိုင်ငံရေးသမားမြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကမူ လက်ရှိ ၇ခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေမှာ လူထုထောက်ခံမှုနှင့်အတူ ULA/AAက အသာစီး၇နေပြီး သူတို့၏သဘောထားတွင်သာ အနာဂတ်ရခိုင်ပြည်အရေးသည်မူတည်နေကြောင်း နိရဥ္စရာသို့ ပြောသည်။
''၇ခိုင်ပြည်မှာတော့ စစ်ရေးရော နိုင်ငံရေးရော ULA/AAအပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံရေးအ၇ ဖြေရှင်းခွင့်ရရင် စစ်မဖြစ်ဘူးပေါ့။ ပြည်သူတွေကိုမထိခိုက်ပဲနဲ့ ဖြေရှင်းချင်ရင်လည်း ULA/AAရဲ့ ဆုံးဖြတ်ချက်က အရေးပါပါတယ်။ ထို့အတူ စစ်ရေးအ၇ ဖြေရှင်းကြရင်လည်း ULA/AAအပေါ်မှာပဲ မူတည်ပါတယ်။ အခုက နိုင်ငံရေးအရရောစစ်ရေးအ၇ပါ အဆုံးအဖြစ်ပေးနိုင်တာက ULA/AAလို့ပဲ ဆိုချင်ပါတယ်''ဟု ဦးဖေသန်း ဆိုသည်။
၇ခိုင်အမျိုးသမီးကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုအေးက'' အားကြီးရင် အာပတ်မလာဘူးဆိုတဲ့စကားလည်းရှိတယ်။ အင်အားရှိလည်တော့ ဘာမဆို လုပ်နိုင်တာပဲ။ လက်နက်ကိုင်ထားတဲ့ လူတိုင်းမှာတော့ ဆန္ဒနဲ့ မာနဆိုတာရှိမှာပဲ။ ကိုယ်တို့မှာလည်း အမျိုးသားရေးမာနနဲ့ လိုချင်တဲ့ပန်းတိုင် ရှိတာပဲ။ အဲ့ဒီပန်းတိုင်ရောက်ဖို့ ကြိုးစားနေကြတာပဲ။ ရင်ထဲက စကားပြောရရင် ကိုယ့်လူမျိုးအတွက် ဆုံးရှုံးမှုတွေကို ပြန်လည်ရရှိအောင်ကြိုးစားနေတဲ့ အဖွဲ့ကိုတော့ နိုင်ငံရေ၊ စစ်ရေးအ၇ အောင်မြင်စေချင်ပါတယ်''ဟု သူမကပြောသည်။
မြန်မာစစ်ကောင်စီသည် ဗိုလ်မှူးကြီးကျော်ဟန်အသက်ကိုရည်ရွယ်ပြီး ထိုင်း - မြန်မာနယ်စပ် ကရင်ပြည် KNU တပ်မဟာ (၅) နယ်မြေတွင် တည်ရှိသည့် AA တပ်စခန်းတစ် ခုကို ဇူလိုင်လ ၄ ရက်နေ့က လေယာဉ်နှစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိ၇သည်။ ၎င်းတိုက်ခိုက်မှုတွင်ဗိုလ်မှူးကြီးကျော်ဟန် ထိခိုက်မှု မရှိခဲ့သော်လည်း အေအေတပ်ဖွဲ့ဝင် ရဲဘော် ခြောက်ဦး ကျဆုံးခဲ့၇ပြီး ဒဏ်ရာ၇သူများလည်းရှိခဲ့သည်။ ယင်းနောက်ပိုင်းမှစကာ အေအေနှင့် စစ်ကောင်စီ အကြား နှစ်ဖက်ဆက်ဆံရေးပျက်ပြားပြီးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခြင်း ဖြစ်သည်။
ဇူလိုင်လ(၁၉)ရက်နေ့တွင် မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ နယ်ခြားစောင့်စခန်းများကို အေအေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသည် ဇူလိုင်၄ရက်နေ့ကကရင်နယ်မြေတွင် ၇ခိုင်ရဲဘော်၆ဦးသေဆုံးခဲ့၇မှုအပေါ်လက်တုံ့ပြန်ခြင်းဟုအေအေပြောခွင့်၇သူဦးခိုင်သုခကအတိအလင်းထုတ်ဖော်ပြောကြားထားသည်။ (NN-16)