နိရဉ္စရာ၊ သြဂုတ်၂၄/၂၀၂၂
၇ခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားနောက် ထွက်ပြေးလာခဲ့ကြသည့်စစ်ဘေးရှောင် ပြည်သူ ၁၆၀၀ ကျော် အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ဩဂုတ် ၂၃ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ ကြေညာချက်ထဲတွင် ၇သေ့တောင် အငူမော်-မောင်တောကားလမ်း၊ ဒုံးပိုက်ကျေးရွာအနီးတွင်ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့၌ AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်ယင်းအနီးအနားရှိကျေးရွာများဖြစ်သည့် ချိန်ခါလီ၊ ကိုးတန်ကောက်၊ကြံတိုင်းအောင်ရွာများမှ ပြည်သူ ၁၆၀၀ ကျော်သည် မယူတောင်တန်းအရှေ့ဘက်ရှိကျေးရွာတချို့သို့ တိမ်းရှောင်ခဲ့၇ကြောင်း၊ ဩဂုတ်လ (၂၀) ရက်အထိရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ကကောက်ခံရရှိထားသည့် အချက်အလက်များ အရအဆိုပါကျေးရွာများတွင် တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အိမ်ထောင်စု (၄၅ရ)စု၊ ကျား (၇၄၄) ဦး၊ မ (၈၇၈) ဦး၊ စုစုပေါင်း လူဦးရေ (၁၆၂၂) ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
စစ်ဘေးရှောင်များသည် လက်ရှိတိမ်းရှောင်နေကြရသည့်နေရာများ၌ကာလတာရှည် နေထိုင်၇မည်ဆိုပါကအခြေခံ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်များလည်း ဆက်လက် လိုအပ်နေအုံးမည်ဖြစ်ကြောင်း၊ လတ်တလောတွင်အခြေခံစားနပ်ရိက္ခာအတွက် ရွာခံများနှင့် နီးစပ်ရာများမှ ကူညီဖြေရှင်းပေးနေသော်လည်းနိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (နစက) မှ လူသားချင်းစာနာထောက်ထားရေးအကူအညီများထောက်ပံ့ပေးနေကြသော အဖွဲ့အစည်းများအား သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားခြင်း၊ကုန်စည်စီးဆင်းမှုလမ်းကြောင်းများအား ပိတ်ဆို့ ထားခြင်းတို့ကြောင့်ရေရှည်တွင် စားနပ်ရိက္ခာရရှိရေး၊ ကျန်းမာရေး၊ နေထိုင်ရေးနှင့်အထွေထွေအခက်အခဲ များစွာရှိလာနိုင်ကြောင်း ရေးသားထားသည်။
စစ်ဘေးရှောင်လာသည့်ပြည်သူများတွင် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစနှင့် ကလေးငယ်များ၊အမျိုးသမီးများပါဝင်သည်ဟုလည်း သိ၇သည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည်ကျေးရွာများအတွင်းရှိ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း များတွင် ပြည့်သိပ်စွာ နေထိုင်နေ၇ပြီးယခုအချိန်သည် မိုးတွင်းကာလဖြစ်သောကြောင့်စောင်၊ ခြင်ထောင်များ အရေးပေါ် လိုအပ်လျက်ရှိကာ အမျိုးသမီး လစဉ်သုံးပစ္စည်းများမှာလည်းလိုအပ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် ငှက်ဖျား၊ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများဖြစ်ခဲ့ပါက ဆေးဝါးအခက်အခဲကြောင့်အသက်အန္တရာယ်ဆုံးရှုံးသွားမည်ကို စိုးရိမ်ရကြောင်း ရေးသားထားသည်။
ချိန်ခါလိန်ကျေးရွာမှ သံချောင်းကျေးရွာသို့ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးတစ်ဦးက " အခုကတော့ကိုယ်တို့မှာပါလာတာနည်းနည်းနဲ့ ချွေတာပြီးစားနေ၇တာပါ။ ထောက်ပံ့ကြတာတွေလည်းရှိပါတယ်။ဘယ်အချိန်မှအိမ်ကိုပြန်နိုင်မလဲဆိုတာလည်း မပြောတတ်သေးဘူး။အခုတော့ တိုက်ပွဲဖြစ်ရင်ပြေးမလွတ်မှာကို စိုးရိမ်လို့ထွက်ပြေးလာကြတာပါ။ဒီမှာနေရာတာက ကိုယ့်အိမ်လည်းမဟုတ်တော့ အခက်အခဲတွေကတော့အများရှိတာပါပဲ"ဟုပြောသည်။
အဆိုပါထွက်ပြေးတိမ်းရှောင်လာကြသည့်ဒေသခံများကိုရွာခံများနှင့် နီးစပ်ရာများမှ ကူညီဖြေရှင်းပေးနေသော်လည်းလူသားချင်းစာနာထောက်ထားရေးအကူအညီများ ထောက်ပံ့ပေးနေကြသောအဖွဲ့အစည်းများအား သွားလာခွင့်ကန့်သတ် ပိတ်ပင်ထားခြင်းနှင့်ကုန်စည်စီးဆင်းမှုလမ်းကြောင်းတို့ကို ပိတ်ထားသဖြင့် ရေရှည်တွင်စားဝတ်နေထိုင်ရေးနှင့်ကျန်းမာရေးကိစ္စများတွင် အခက်အခဲရှိလာနိုင်သည်ဟု သိ၇သည်။
ရက္ခိုင်၊ ပလက်၀ဒေသ၌လွန်ခဲ့သော သုံး လေးနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်အဆိုပါ ဒေသများမှ စစ်ဘေးရှောင် ပြည်သူ (၆၀၀၀၀) ခန့်မှာ စစ်ဘေးရှောင်စခန်းအသီးသီး၌နေထိုင်လျက်ရှိနေသည်။ ထို့အတူ ဤလအတွင်းတိုက်ပွဲများကြောင့်စစ်ဘေးရှောင်ဦးရေ (၁၆၂၂) ဦး ထပ်မံတိုးလာခဲ့၇သည်။
စစ်ဘေးရှောင်ပြည်သူများ၏လက်ရှိရင်ဆိုင်ကြုံတွေ့နေ၇သော စားဝတ်နေရေးအခက်အခဲ၊အကျပ်အတည်း များကို ကူညီဖြေရှင်းနိုင်ရန် နိုင်ငံတကာနှင့်အစိုး၇မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအစိုး၇မဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပြည်သူလူထုများမှ စစ်ဘေး ရှောင်များအတွက် အရေးပေါ်လိုအပ်နေသောအဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊အခြေခံစားသောက်ကုန်များဖြစ်ကြသော ဆန်၊ဆီဆား၊ ဆေးဝါးကျန်းမာရေးစောင့်ရှောက်မှုများကို လူသားချင်း စာနာ ထောက်ထားသောအားဖြင့်ဝိုင်းဝန်းဖေးမကူညီပေးကြပါရန် ULA က အလေးအနက်မေတ္တာရပ်ခံအပ်ပါကြောင်းလည်း တိုက်တွန်းရေးသားထားသည်။
လက်ရှိရခိုင်တွင်ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေပြီး မောင်တောမြို့နယ်မြောက်ပိုင်းတွင်လည်း ယခုရက်ပိုင်းတိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိနေကြောင်း သိ၇သည်။ (NN-8)
(ဓာတ်ပုံ-မူရင်းရိုက်ကူးသူ)