နိရဥ္စရာ၊ သြဂုတ် ၂၄/၂၀၂၂
ရခိုင်ပြည်နယ်တွင်ထပ်တိုးလာသည့်စစ်ဘေးရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာများကိုမေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သွားရောက်လှူဒါန်းခဲ့သည်ဟု သိ၇သည်။
ပြည်သူများထံမှအလှူငွေကောက်ခံ၍၇သည့်ငွေများဖြင့် ယမန်နေ့ သြဂုတ်လ ၂၃ ရက်တွင် ထပ်တိုးလာသည့်စစ်ဘေးရှောင်များခိုလှုံရောက်ရှိနေသည့်၇သေ့တောင်မြို့နယ်က ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုမေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌကိုလင်းလင်းက နိရဥ္စရာကိုပြောသည်။
"စစ်ဘေးရှောင်တွေကသံချောင်း။ လောင်းချောင်း။ ဇီးကုန်တန်း။ မင်းဖူးအစရှိတဲ့ရွာအသီးသီးမှာ ရှိတယ်။အဲ့ဒီရွာတွေမှာအရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကိုသွားလှူခဲ့တယ်" ဟုပြောသည်။
အဆိုပါစစ်ဘေးရှောင်များအတွက် ဆန်၊ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အဝတ်အထည်များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုကိုလင်းလင်းက ဆက်ပြောသည်။
"လုံလောက်မှုတော့ မရှိဘူး။ဒါပေမဲ့ အရေးပေါ်အခြေအနေမှာ နှစ်ရက်စာဖြစ်ဖြစ်။ သုံးရက်စာဖြစ်ဖြစ်အဆင်ပြေအောင် ကျွန်တော်တို့သွားလှူခဲ့တယ်" ဟု ပြောသည်။
မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသည်ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါစစ်ဘေးရှောင်များအတွက် စစ်တွေတွင်လှည့်လည်အလှူငွေကောက်ခံစဉ်ရဲတပ်ဖွဲ့၏ တားမြစ်ခြင်းခြိမ်းခြောက်ခြင်းကိုလည်းခံခဲ့၇သည်။
၇သေ့တောင်မြို့နယ်တွင် ထပ်တိုးစစ်ဘေးရှောင်အမျိုးသား ၇၀၀ ကျော်နှင့် အမျိုးသမီး ၈၀၀ ကျော်၊ စုစုပေါင်း ၁၆၀၀ကျော် ရှိသည်ဟုသိ၇သည်။
ပြီးခဲ့သည့် သြဂုတ်လ၁၃ ရက်မှစတင်ကာ မောင်တောမြို့နယ်နှင့် ၇သေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုနှင့်စစ်ရေးတင်းမာနေမှုတို့ကြောင့် ယခုကဲ့သို့ စစ်ဘေးရှောင်များ ထပ်တိုးလာခဲ့ခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
လက်ရှိတွင် ထပ်တိုးစစ်ဘေးရှောင်များသည်ဘုန်းကြီးကျောင်းနှင့် ဒေသခံများ၏ နေအိမ်များ၌ မှီခိုနေထိုင်နေကြရပြီးစားဝတ်နေရေးအခက်အခဲများနှင့် ခြင်ထောင်များ၊ အဝတ်အထည်များ၊အမျိုးသမီးအသုံးအဆောင်များ၊ အရေးတကြီး အိမ်သာများလိုအပ်နေသည်ဟု သိ၇သည်။ (NN-12/7)