Preview

တိုက်ပွဲနှင့် စစ်ရေးတင်းမာနေမှုတို့ကြောင့် ရသေ့တောင်နှင့်မောင်တောတွင် စာသင်ကျောင်းအချို့ ပိတ်ထားရ

သြဂုတ် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :734
ရခိုင် သတင်း


နိရဥ္စရာ၊ ဩဂုတ်၂၄/၂၀၂၂

ရခိုင်ပြည်နယ်ရသေ့တောင်နှင့်မောင်တောမြို့နယ်တို့တွင် တိုက်ပွဲနှင့်စစ်ရေးတင်းမာနေမှုတို့ကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရသည်ဟု သိ၇သည်။

ရသေ့တောင်မြို့နယ်ရှိ ပိတ်ထားရသောကျောင်းများမှာ ကိုးတန်ကောက်ကျေးရွာ(မူလွန်)၊ ချိန်ခါလိန် ကျေးရွာ(မူလွန်)၊ ဒုံးပိုက်ကျေးရွာ(အ.ထ.က ခွဲ)၊ အောင်ဗလကျေးရွာ (မူလွန်)၊ဆင်ပိုက်ကျေးရွာ(မူလွန်)၊ ပေါက်တောပြင်ကျေးရွာ(အ.မ.က) နှင့် သာစည်ကုန်းကျေးရွာ(အ.မ.က ခွဲ)ကျောင်း များဖြစ်ကြသည်။

၇သေ့တောင်မြို့နယ်တွင် ပြီးခဲ့သည့်ဩဂုတ်လ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် အဆိုပါ စာသင်ကျောင်း (၇)ကျောင်းကိုယင်းနေ့မှစတင်ကာ ယနေ့ သြဂုတ်လ ၂၄ ရက်အထိ ပိတ်ထား၇ဆဲဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။

"တိုက်ပွဲဖြစ်တဲ့နေ့ကစပြီးတော့ကျောင်းကစပိတ်ခံထားရတာပါ။ အဲဒီနေ့က နေစပြီး အခုနေ့ထိ မဖွင့်၇သေးပါဘူး"ဟုပြောသည်။

အဆိုပါကျောင်း ရကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများသည် လက်ရှိတွင် မိသားစုနှင့်အတူ နီးစပ်ရာကျေးရွာများသို့ထွက်ပြေးခိုလှုံလျက်ရှိနေကြသည်ဟု သိ၇သည်။

ရသေ့တောင်ပညာရေးမှူးကမူ ပိတ်ထားရသည့်ကျောင်း တစ်ကျောင်းမှမရှိဘဲ ပုံမှန်အတိုင်းတက်ရောက်နေကြသည်ဟု ပြောသည်။

"ပိတ်ထား၇တဲ့ကျောင်းတစ်ကျောင်းမှ ပိတ်လို့မရှိပါဘူး။တိုက်ပွဲတွေကြောင့် မတက်ဖြစ်တဲ့ အခြေအနေတွေကြောင့် မတက်ရဘူးပေါ့။အဲဒီ တစ်ရက်နှစ်ရက်ကတော့ မတက်ဖြစ်ကြဘူး။ အခုဆိုရင်ပြန်တက်နေကြပါပြီဟု ပြောသည်။

ထို့အတူမောင်တောမြို့နယ်အတွင်း သြဂုတ်လ ၁၃ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့်ဝေလာတောင်ကျေးရွာ မူလွန်ကျောင်းကိုလည်း ရံဖန်ရံဖန်ခါ ပိတ်နေကြရသည်ဟုအဆိုပါကျောင်းမှ ကျောင်းဆရာတစ်ဦးက ပြောသည်။


"ကျောင်းကတော့ ုံး၀ပိတ်ထားရတာတော့မရှိပါဘူး။ရံဖန်ရံခါတိုက်ပွဲသတင်းအ၇ တစ်ခါတစ်လေ ပိတ်တာတော့ရှိတယ်။ ပိတ်ရင်လည်းတစ်ရက်နှစ်ရက်ပါ" ဟုပြောသည်။

အဆိုပါကျောင်းတွင်ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးနှင့် ဆရာ၊ ဆရာမ ၈ ဦး စာသင်ကြားနေသည်ဟု သိ၇သည်။

မောင်တောမြို့နယ်ပညာရေးမှူးကလည်း တိုက်ပွဲကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းမရှိဟု ပြောသည်။

"တိုက်ပွဲတွေကြောင့်စာသင်ကျောင်းတွေပိတ်ထားရတာတွေမရှိပါဘူး။ တိုက်ပွဲက ဟိုးအဝေးကြီးအစွန်အဖျားမှာလို့ပြောသံကြားပါတယ်" ဟုပြောသည်။

ယခု ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွင်း ၇ခိုင်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈၀ နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း ၅၀ ကိုဖွင့်လှစ်နေသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှသိ၇သည်။

၂၀၁၇ ခုနှစ်မှစတင်ကာပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့်ကျောက်တော်မြို့နယ်တို့တွင်ပိတ်ထား၇သည့် စာသင်ကျောင်း ၁၂၂ ကျောင်းကို ယခုနှစ်တွင်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဟုလည်း သိ၇သည်။ (NN-13)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.