နိရဥ္စရာ၊ သြဂုတ် ၂၆စစ/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီးငယ် ၁ ဦး အသတ်ခံ၇သည့်အမှုမှာ ၁၀ရက်ခန့် ကြာလာသည့်တိုင်အောင် အမှုကို မဖော်ထုတ်နိုင်၍ အမှုမပျောက်သွားရေးနှင့် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံများက စစ်တွေမြို့ပေါ်ရှိ လမ်းဆုံလမ်းခွ၊ ဓာတ်မီးတိုင်များတွင် စာရွက်ကပ်ကာ ကမ်ပိန်း ပြုလုပ်ပြီး တောင်းဆိုခဲ့ကြသည်ဟု သိ၇သည်။
သြဂုတ်လ ၂၄ ရက်ကတည်းက စစ်တွေရှိ လမ်းဆုံလမ်းခွ၊ ဓာတ်မီးတိုင်များ၊ လမ်းမကြီးရှိ လူမြင်ကွင်းများ၌ သေဆုံးသွားသည့် မနွယ်သန္တာဝင်း၏ပုံနှင့်အတူ“မတရားမှုဟာ ဒီနေ့ ငါနဲ့မဆိုင်ဘူး ဆိုရင် မနက်ဖြန် ငါ့အိမ်တံခါးကို ဆိုက်ဆိုက်မြိုက်မြိုက် လာခေါက်လိမ့်မယ်။ အဲဒီအချိန်မှာ ငါနဲ့မဆိုင်ဘူးဆိုလို့ မ၇တော့ဘူး”စသည့် စာသားများဖြင့် စာရွက်များကပ်ကာ လှုံ့ဆော်ထားခြင်း ဖြစ်သည်။
ထိုလှုံ့ဆော်စာရွက်များကို မည်သည့်အဖွဲ့အစည်း၊ မည်သူကလုပ်ဆောင်ထားသည်ကို မသိ၇သေးသော်လည်း ၎င်းလှုပ်ရှားမှုမှာ ဒေသခံပြည်သူများ၏ အသံနှင့် လိုလားချက်ကို ထင်ဟပ်နေသည်ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။
အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ပလတ်စတစ်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ အရောင်း ဝန်ထမ်းဖြစ်ပြီး သူမသည် ပြီးခဲ့သည့်သြဂုတ်လ ၁၅ ရက်က တစ်ဦးတည်းဆိုင်ရောင်းနေစဉ် အကြမ်းဖက် ဓားထိုးအသတ်ခံခဲ့၇သည်။
သေဆုံးသူ၏ဖခင် ဦးဆန်းဝင်းကလည်း အမှုမှန်ကို ပေါ်ပေါက်စေချင်ပြီး တရားခံ အစစ်အမှန်ကို ဖော်ထုတ် အရေးယူပေးစေလိုသည်ဟု လွန်ခဲ့သည့် ရက်အနည်းငယ် နိရဉ္စရာသတင်းဌာကို ပြောဆိုထားသည်။
"လက်ရှိအမှုအခြေအနေကတော့ ဘာမှမသိ၇သေးဘူး။ ဆိုင်ပိုင်ရှင်နဲ့ သံသယရှိတဲ့သူတွေကို AA ကနေ ခေါ်ယူစစ်ဆေးတယ်လို့တော့ ပြောကြတယ်။ ဦးလေးတို့က ဘာမှမသိ၇ဘူး။ ဦးလေးတို့လိုချင်တာက မပတ်သက်တဲ့လူတွေကိုလည်း မပါစေချင်ဘူး။ တရားခံအစစ်အမှန်ကိုပဲ လိုချင်တယ်။ သိချင်တယ်။ " ဟု ပြောသည်။
ထိုသို့သေဆုံးသွားမှုနှင့်ပတ်သက်၍ တရားခံနှင့်အမှုမှန်ပေါ်ပေါက်စေရန် မိသားစုဝင်များက လိုလားနေပြီး ယင်းအမှုကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်(AA)တို့က အမှုမှန် စုံစမ်းဖော်ထုတ်နေသည်ဟု သိ၇သည်။
သို့ရာတွင် သေဆုံးသွားသည်မှာ ၁၁ ရက် ကြာသည့်တိုင်အောင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဟု သိ၇သည်။ (NN-12)