Preview

နေရပ်ပြန်ခွင့်ရရေး ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များဆန္ဒပြတောင်းဆို

သြဂုတ် ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :7301
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၂၆/ ၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည်မှာ အချိန် (၅) နှစ်ပြည့်သွားသည့်ဩဂုတ် ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံက မူဆလင်ဒုက္ခသည်များအနေဖြင့် ဆန္ဒပြပွဲတစ်ခုပြုလုပ်ကာနေရပ်ပြန်ခွင့်ရရေးတောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆန္ဒပြပွဲတွင် ၎င်းတို့၏ နေရပ်ရင်းသို့ ပြန်ခွင့်ရေး၊နိုင်ငံသားအဖြစ်အသိအမှတ်ပြုရေး၊ လူဂုဏ်သိက္ခာနှင့် အညီ နေရပ်ပြန်ခွင့်ရရေးတို့ကို တောင်းဆိုခဲ့ကြသည်ဟုဆိုသည်။

၎င်းဆန္ဒပြပွဲကို ဒုက္ခသည်စခန်း ၂၀ က ဒုက္ခသည်များကုပေါင်းပြုလုပ်ခဲ့ကြသည်ဟု RFA က သတင်းဖော်ပြသည်။  

၂၀၁ရခုနှစ်က ၇ခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ် အကြမ်းဖက်နယ်မြေရှင်းလင်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြသည်။

ယူအန်အဆိုအရ ထွက်ပြေးသွားခဲ့သည့် မူဆလင် ဒုက္ခသည်အရေအတွက်(ရ) သိန်းကျော်ရှိသည်ဟု ဆိုသည်။  

ဩဂုတ်လ၂၅ ရက်နေ့ကို လူ့အခွင့်အရေးလှုပ်ရှားသူများက ရိုဟင်ဂျာများအပေါ်မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှုနေ့အဖြစ်သတ်မှတ်ထားပြီး ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင်သာမက ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများတွင်လည်း ကျင်းပခဲ့ကြသည်ဟု ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများတွင် သတင်းဖော်ပြထားသည်။   

ဆန္ဒပြပွဲတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် နိုင်ငံသားဖြစ်ခွင့်ပြန်လည်ရရှိရေးတို့အတွက်တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့ကိုလည်း တောင်းဆိုတိုက်တွန်းခဲ့ကြသည်ဟု သိ၇သည်။


(ဓာတ်ပုံ- အာရ်အက်ဖေ (မြန်မာပိုင်း)

#ဒုက္ခသည်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.