Preview

ဩဂုတ် ၂၅ ရက်တွင် နေရာ ၃ ခု၌ အေအေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့

သြဂုတ် ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :7581
ရခိုင် သတင်း

နိရဉ္စရာ၊သြဂုတ်၂၆/၂၀၂၂

 

စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့သည်ယမန်နေ့ သြဂုတ်လ၂၅ ရက်နေ့ တစ်ရက်တည်းတွင် နေရာ၃ ခု၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာချင်းပြည်နယ်၊ ပလက်၀မြို့နယ် နှမဒါကျေးရွာအနီးတွင်တစ်နေရာ၊ ၇ခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းဝေလာတောင် နှင့် မိုင်တိုင် (၃၉)အနီးတွင် တစ်နေရာ၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်ကြားချောင်းသုံးခွရွာ ကြိမ်တောကျင်းအနီးတွင် တစ်နေရာ စုစုပေါင်းနေရာ(၃) ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက နိရဉ္စရာကိုပြောသည်။

 

မောင်တောမြို့နယ်မြောက်ပိုင်းတွင်  ဝေလာတောင် နှင့် မိုင်တိုင် (၃၉) အနီးတွင် ယမန်နေ့နေ့လယ် ၃ နာရီကျော်မှ ၅ နာရီ ခန့်အထိ ၂ ဘက်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

"ကျနော်တို့ရွာနဲ့မနီးမဝေး မိုင်တိုင် (၃၉)ဘက်က သေနတ်သံတွေကြားခဲ့၇ပါတယ်။ လက်နက်ကြီး သံကတော့ မနက် ၁၀ နာရီလောက်ကနေ ကြားနေ၇တာပါ။နှစ်ဘက်လက်နက်ငယ်သံကတော့ နေ့လယ် ၃ နာရီ ကျော်လောက်ကနေစကြား၇တာပါ။ ၅ နာရီနီးပါးလောက်မှာ တိုက်ပွဲသံ ငြိမ်သွားတယ်။ ပစ်ခတ်တဲ့ သေနတ်သံတွေက ပြင်းထန်မှုရှိပါတယ်။ဒါပေမယ့် လက်နက်ကြီး သံကတော့ ရပ်သွားတာ မကြာသေးဘူး"ဟု ယနေ့ ည ၈ နာရီခွဲခန့်က နိရဉ္စရာကိုပြောသည်။

 

ပလက်၀မြို့နယ်၊နှမဒါကျေးရွာအနီးတွင်  ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင်တစ်ကြိမ်၊ ညနေ ၆ နာရီခွဲခန့်တွင်တစ်ကြိမ် နှမဒါစခန်းကုန်းသိမ်းတိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု အေအေနှင့် နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။

 

"ဒီမနက်၁၀ နာရီ ၄၅ မိနစ်လောက်ကဖြစ်တဲ့ တိုက်ပွဲမှာ နှမဒါကုန်း၂ ကုန်းမှာ ၁ ကုန်းကို အပိုင်၇ခဲ့ပါတယ်။နောက်ထပ်တောင်ကုန်းတစ်ကုန်းကို အခု ထပ်တိုက်နေပါတယ်။သူတို့ဘက်ကလည်း ၂၈၉/ မုန့်သန်းပြင်/တောင်ရှည်တောင်/လိပ်ခေါင်းတပ်တွေက တိုက်ပွဲဖြစ်တဲ့နေရာဘက်ကိုမှန်းပစ်နေပါတယ်"ဟု ယနေ့ ညနေ ၆ နာရီခွဲတွင် ပြောသည်။

 

နံနက်ပိုင်းဖြစ်ပွားသည့်တိုက်ပွဲတွင်စစ်ကောင်စီ၏ နှမဒါစခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်စခန်းတစ်ခုကိုသိမ်းနိုင်ရန်ညနေပိုင်းတွင် ဆက်လက်တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

 

ယင်းအပြင်ယနေ့ ညနေ (၄) နာရီခန့်က တောင်ကုတ်နှင့် သံတွဲမြို့နယ်ကြား ချောင်းသုံးခွရွာ ကြိမ်တောကျင်းအနီးတွင်ရက္ခိုင့်တပ်တော်(AA)၏ယာယီတပ်စခန်းတစ်ခုကို စစ်ကောင်စီက လာရောက် တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားများ အကျအဆုံးများ၍ ပြန်လည် ဆုတ်ခွာသွားကြကြောင်း သိ၇သည်။

 

အဆိုပါတိုက်ပွဲသည်မိနစ် (၂၀) ခန့်သာ ကြာမြင့်ခဲ့သော်လည်း စစ်ကောင်တပ်သား (၁၀) ကျော်အထိ ကျဆုံးမှုရှိခဲ့ကာAA တပ်သားတချို့လည်းထိခိုက်မှုရှိခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

 

ဖြစ်ပွားခဲ့သည့်တိုက်ပွဲသုံးပွဲနှင့်ပတ်သက်ပြီးရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကိုနိရဉ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

 

ရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတို့သည်  သြဂုတ်လအတွင်း ပလက်၀၊ မောင်တော၊ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ၇ခိုင်ပြည်နယ်၏မြို့နယ် အများအပြားတွင် စစ်ရေးတင်းမာလျက်ရှိကြောင်းသိ၇သည်။

 

တကျော့ပြန်ပြန်လည်ပြင်းထန်လာသည့် ၇ခိုင်စစ်ပွဲများသည် ၂၀၁၉/၂၀၂၀ ခုနှစ်တို့က ဖြစ်ပွားခဲ့သည့်စစ်ပွဲများနှင့်မတူဘဲ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့ဖြင့် အဓိကထားတိုက်ခိုက်လာနိုင်ပြီးနယ်မြေသိမ်းတိုက်ပွဲအဖြစ်ကို ဦးတည်နေကြောင်း ရခိုင်စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။(NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.