နိရဉ္စရာ၊ သြဂုတ် ၂၆/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က ရက္ခိုင်ပြည်သူ့အစိုး၇၊ တရားဥပဒေရေးရာဌာန၏ Justice for Arakan (Telegram) အကောင့်မှာနည်းပညာချို့ ယွင်းချက်ကြောင့် အခြားတစ်ဦးထံသို့ ရောက်ရှိသွားသဖြင့် ၄င်းအကောင့်သို့ ဆက်သွယ်ပြောဆိုထားသည်များကိုပြန်ဖျက်ထားရန် ကြေညာချက်တစ်စောင်ကို ယနေ့ သြဂုတ်လ ၂၅ရက်နေ့ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါကြေညာချက်တွင် ၂၀၂၂ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့က Justic for Arakan (Telegram ) အကောင့်မှာ နည်းပညာဆိုင်ရာ မတော်တဆချို့ယွင်းမှုကြောင့် တစ်စုံတစ်ယောက် လက်ထဲသို့ ရောက်ရှိသွားပြီးအကောင့်နာမည်မှာလည်း Dogebonk Community ဟုပြောင်းလဲခံသော်လည်း နည်းပညာကျွမ်းကျင်သူများ၏အကူအညီဖြင့် သြဂုတ်လ(၂၃) ရက်နေ့တွင် ပြန်လည် ရယူနိုင်ခဲ့ကြောင်းပါရှိသည်။
''မိဖပြည်သူများအနီဖြင့် Justic for Arakan (Telegram Account)သို့တိုင်ကြားစာများပီးပို့ခြင်း၊အမှုနန့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ခြင်း၊ အယင်တိုင်တန်းထားဖူးသော အချက်အလက်၊အသံဖိုင်ပြောဆိုထားမှုများကို အေထုတ်ပြန်ချက်ကို ဖတ်လျှင်ဖတ်ပြီးချင်းပြန်လည်ဖျက်ထားစီလိုကတ်ပါသည်။မိမိရို့ တရားဥပဒေရေးရာဌာနအနီဖြင့်ယခင်ပီးပို့လာသောတိုင်စာများ၊ အမှုနန့်ပတ်သက်သောအကြောင်းအရာများကိုသေချာဖိုင်တွဲ ဆောင်ရွက်ထားလျက် ဟိနိပြီးဖြစ်ပါသည်''ဟု ULA၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
ULA တရားဥပဒေရေးရာဌာန၏ Justic for Arakan(Telegram) အကောင့်ကိုဆက်လက်သုံးစွဲမည်မဟုတ်ကြောင်းနှင့်အကောင့်အသစ်ဖွင့်လှစ်အသုံးပြုမည် ဖြစ်ကြောင်းသိ၇သည်။
လက်ရှိတင်ULA တရားဥပဒေရေးရာဌာနသို့အမှုများတိုင်ကြားလိုပါကEmailတွင်arakan.jus@protonmail နှင့်VK Community တွင်hptts:// vk.com//justicforarakanlandသို့ တိုင်းကြားစာများပေးပို့နိုင်ကြောင်းသိ၇သည်။
ULA၏တရားဥပရေးရာဌာနဖွဲ့စည်းကြောင်းကို ၂၀၂၁ခု နှစ်တွင်သြဂုတ်လတွင် တရားဝင်ကြေညာခဲ့ပြီးတိုက်နယ်၊ မြို့နယ်၊ စစ်ဒေသအလိုက်တရားရုံးများ ဖွင့်လှစ်၍တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိ၇သည်။