နိရဥ္စရာ၊ သြဂုတ်၂၆/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်
“ပြန်လွတ်လာပါပြီ။ ထိခိုက်ဒဏ်ရာတွေဘာတွေတော့ ပါမလာဘူး။ အားလုံး အေးအေးဆေးဆေးနဲ့ လွတ်လာတာပါ။ ဘာတွေစစ်ဆေးခံခဲ့၇လဲတော့ ကျမတို့လည်း မသိဘူး”ဟု ပြောသည်။
အသက် ၅၀ အရွယ်ဦးမောင်ဆန်းဝင်းသည် သြဂုတ်လ ၂၃ ရက် ည ၉ နာရီခန့်တွင်လွတ်မြောက်လာခြင်းဖြစ်သည်ဟုလည်း ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့
“သူ့ကို ဖမ်းသွားတဲ့ဂိတ်ကနေပြန်လွှတ်ပေးလိုက်တာပါ။ အေးဆေးပြန်လွတ်လာတာပါ။ ကျနော်သွားပြီးခေါ်လာခဲ့တာ။ ဘာတွေကိုစစ်လဲတော့ ကျနော်လည်း မေးမကြည့်လိုက်ဘူး”ဟု ပြောသည်။
လွတ်မြောက်လာမှုနှင့်ပတ်သက်ပြီး ဦးမောင်ဆန်းဝင်းကိုနိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း သူသည် နေအိမ်တွင်မရှိဘဲ အပြင်သွားနေသည့်အတွက်အဆက်အသွယ်မ၇ခဲ့ပါ။
သူသည် သြဂုတ်လ ၂၂ ရက်ညနေ ၅ နာရီကျော်တွင်စစ်တွေမြို့နယ် တောကန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် အရက်ပို့၍ပြန်လာစဉ်ရွာဝင်၀ရှိ စစ်တပ်စစ်ဆေးရေးဂိတ်၌ AA သံသယဖြင့် ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်။
သူ့တွင်အမျိုးသမီးအပါအဝင် ဆယ်တန်းကျောင်းသူ သမီး ၁ ဦးနှင့် သားငယ် ၁ ဦးရှိပြီး မိသားစုကိုတစ်ဦးတည်းက ရှာဖွေလုပ်ကိုင်ကျွေးမွေးနေရသူ
လက်ရှိ၇ခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့စစ်ရေးတင်းမာလျက်ရှိပြီး စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများကို AAနှင့်ဆက်စပ်သည်ဟုဆိုကာဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိ၇သည်။