တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

လေးမြို့မြစ်အထက်ပိုင်းမှ သံထောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက် စွန့်ခွာသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ သြဂုတ် ၂၆/၂၀၂၂

အင်အား ၁၀၀ ကျော်ဖြင့် လေးမြို့မြစ်အထက်ပိုင်းတွင် တပ်စွဲထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ံထောင်ကျေးရွာ အခြေစိုက်ခန်းကို စစ်သားနှင့်ရဲသားများက ယမန်နေ့ညကရုတ်တရက်စွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ သြဂုတ် ၂၅ ရက်နေ့ ညပိုင်းတွင် တပ်ဆုတ်သွားခြင်း ဖြစ်နိုင်ကြောင်း ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှစပြီး  စခန်းတွင်း တပ်သားများနှင့် ရဲသားများကို လှုပ်ရှားသွားလာ၍  မတွေ့ရတော့ကြောင်း ကျေးရွာသားများက ပြောသည်။  

"ကျနော်တို့လည်း ဘယ်အချိန်က ထွက်သွားကြတာလည်းတော့ အတိအကျမသိဘူးဗျ။ မနက်ကျမှ စစ်သားတွေ၊ ရဲတွေ မတွေ့ဘူးပေါ့နော်။ တစ်ယောက်တစ်မျိုးတော့ ပြောကြပေမယ့် ခဏတဖြုတ် ဆုတ်တာလား။ ဒါမှမဟုတ်အပြီးဆုတ်တာလား မခန့်မှန်းတတ်ဘူး" ဟု ကျေးရွာလူကြီးတစ်ဦးက  ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း တပ်သားများ စခန်းမှထွက်ခွာသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

" မနက်တိုင်းသူတို့ကို တွေ့နေကျပါ။ အခုမရှိတော့ဘူး။ ခန်းမှာ လူမရှိတော့တာတော့မှန်ပါတယ်။ ဘာကြောင့်ဆုတ်သွားည်းဆိုတာတော့ မသိဘူး"ဟု ဆိုသည်။

ပလက်၀မြို့နယ် အတွင်းရှိ သံထောင်စခန်းသည် နှစ်ပေါင်းများစွာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ အခြေစိုက် စခန်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အစပ် လေးမြို့မြစ်အထက်ပိုင်းတွင် တည်ရှိသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် လေးမြို့မြစ်အထက်ပိုင်းတွင်တည်ရှိသည့်အပြင်ခရီးသွားပြည်သူများ ဖြတ်ကျော်သွားလာရာကျေးရွာတရွာဖြစ်သည်။ စစ်ရေးအရလည်း အရေးပါသော နေရာတွင်တည်ရှိသဖြင့်  စစ်သားနှင့်ရဲသား င်အား ၁၀၀ ကျော် တပ်စွဲနေထိုင်သည့် စခန်းဖြစ်သည်ဟု သိရသည်။  

ယင်းကျေးရွာအနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA)တပ်စခန်းများလည်း ရှိပြီး ၂၀၁၉ ခုနှစ်ကလည်း သံထောင်စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ကို အေအေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရဲစခန်းက လက်နက်များကို တောင်းခံခဲ့ဖူးသည်။  

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စ ရိက္ခာသယ်ယူလာသည့် ရဟတ်ယာဉ် တစ်စီးကို AA က လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။  

သံထောင်ကျေးရွာသည် လေးမြို့မြစ်ဖျားတွင်တည်ရှိပြီး စီးပွားရေးအရလည်း ဒေသအတွင်း အရေးပါပြီး  ပြည်နယ် ၂ ခုကြားက ကျေးရွာတစ်ရွာဖြစ်ကာ လူဦးရေ (၂၀၀၀)ကျော် အိမ်ခြေ (၃၀၀) ရှိကြောင်း သိရသည်။

လက်ရှိတွင် အေအေတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်၏ စခန်းများ၊ ကင်းစခန်းများ၊ ရှေ့ကာကင်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေရာ ထိုတိုက်ခိုက်မှုကို မခံရအောင် စစ်ကောင်စီမှ  စခန်းအချို့ကို ရုပ်သိမ်းပြီး အနီးအနားရှိ ပင်မစခန်းကြီးများတွင် ပူးပေါင်းထားသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှ အင်အား ၁၀၀ ခန့် တပ်စွဲထားသည့် ကျောင်းတောင် စခန်းကိုလည်း ဩဂုတ် ၂၁ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားခဲ့ကြသည်။

ဆက်စပ် သတင်းများ