Preview

မြောက်ဦးမြို့ စစ်တပ်တပ်ရင်း ၅၄၀အနီးသေဆုံး၍တွေ့သူမှာ စိတ်ဝေဒနာရှင်ဟုဆို

သြဂုတ် ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :8747
ရခိုင် သတင်း

နိရဥ္စရာ၊သြဂုတ် ၂၇/၂၀၂၂

၇ခိုင်ပြည်နယ် မြောက်ဦးမြို့အဝင်၅၄၀ တပ်ရင်းအနီးတွင် သေဆုံးလျက်တွေ့ရှိခဲ့သူမှာ မြောက်ဦးမြို့မှ စိတ်မနှံ့သူ အသက် ၅၆နှစ်အရွယ် ဦးမောင်အေးစိန်ဖြစ်ကြောင်း မိသားစုများကပြောသည်။

သေဆုံးသွားသူမှာမြောက်ဦးမြို့ နန်းရာကုန်းအနီး ရေပေါက်၀ရပ်ကွက်မှ ဖြစ်ကြောင်း သိ၇သည်။

သူ၏အလောင်းကို ယနေ့သြဂုတ်လ (၂ရ) ရက် နံနက်က မြောက်ဦးအခြေစိုက် (၅၄၀) တပ်ရင်းအနီးနှင့် မြောက်ဦးမြို့အဝင်မုခ်၀အနီးမြောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
အခုတော့ ဆေးရုံရင်ခွဲရုံမှာရောက်နေပါပြီ။ သူက အမြဲလမ်းမှာဘဲ သွားနေတာ။ဥပုသ်နေ့ကေန တစ်ရက်နှစ်ရက်ရှာမတွေ့ဘူး။  ဒီနေ့မနက်သတင်း၇လို့ သွားကြည့်တော့အဲဒီမှာတွေ့တာဟုပြောသည်။

သေဆုံးသွားသူတွင်ပြင်ပဒဏ်ရာများ မတွေ့ရှိရဘဲ မည်သည့်အတွက်သေဆုံးသွားသည်ကို ရင်ခွဲစစ်ဆေးပြီးမှသိ၇မည်ဟု ဆက်ပြောသည်။ (NN-7/8)

 

 

 

 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.