Preview

မောင်တောမြောက်ပိုင်း မင်းကြီးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

သြဂုတ် ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :7576
ရခိုင် သတင်း
နိရဉ္စရာ၊သြဂုတ် ၂၇/၂၀၂၂

ရခိုင်ပြည်နယ်၊မောင်တောမြောက်ပိုင်း မင်းကြီးရွာတွင် ကျေးရွာတွင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အသက် (၆၀) နှစ်အရွယ်၇ခိုင် အမျိုးသမီးကြီးတစ်ဦးပွဲချင်းပြီးသေဆုံးကြောင်းသတင်းရရှိသည်။

 

ယနေ့သြဂုတ်လ (၂ရ) ရက်နေ့ နံနက် (၉) နာရီကျော်အချိန်တွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသည့်အတွက် မင်းကြီးကျေးရွာမှ အသက်(၆၀)အရွယ် ဒေါ်မေသာစိန် ပွဲချင်းပြီးသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

 

လက်ရှိမှာတစ်ရွာသားလုံး ဘုန်းတော်ကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းကြီးကျေးရွာဒေသခံတစ်ဦးဖြစ်သည့် ဆရာမတစ်ဦးကနိရဉ္စရာကို ယနေ့နံနက်၁၁ နာရီခန့်ကပြောသည်။

 

"၉နာရီ ၁၀ မိနစ်လောက်က အိမ်ထဲကို လက်နက်ကြီးကျပြီး ဆုံးသွား၇တာပါ။  ဘယ်ဘက်ကနေ ပစ်တာလဲ မသိပါဘူး။ တခြားလူတွေကတော့ ထိခိုက်ဒဏ်ရာရရှိတာမရှိဘူး။တစ်ရွာလုံးစုပြီး ဘုန်းကြီးကျောင်းကိုရောက်နေကြပါပြီ အခု"ဟု ပြောသည်။

 

မောင်တောမြောက်ပိုင်းခမောင်းဆိပ်ဗျူဟာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လ (၂၆)ရက်နေ့နေ့လယ်မှ စကာ တိုက်ပွဲများပြင်းထန်လျှက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်။

 

ယင်းအပြင်ကြိမ်ချောင်းနယ်ခြားစောင့်နှင့် နီးသည့်အတွက် လက်နက်ကြီး ပစ်ခတ်သံများ အမြဲတမ်းကြားရသော်လည်းယနေ့တွင် ကျေးရွာတွင်းသို့ ကျရောက်လာပြီး လူသေဆုံးမှုရှိခဲ့ခြင်း ဖြစ်သည်။

 

ဘုန်းကြီးကျောင်းတွင်ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာသားများသည်လည်း စားရေးသောက်ရေး အခက်အခဲ ရှိနေကြောင်းဆရာမက ဆက်ပြောသည်။


"ကလေးတွေဆာလို့ငိုနေကြပါပြီ။ ထွက်ပြေးလာရတော့ ဘာမှလည်း မစားခဲ့ရပါဘူး။ ရွာမှာ လျှပ်စစ်မီးကလည်းမရတော့ဖုန်းတွေလည်းအားမသွင်း၇လို့ စက်ပိတ်ခါနီး ဖြစ်နေပါပြီ။ဘယ်သူ့ကိုအကူညီတောင်းလို့တောင်း၇မလဲမသိပါဘူး"ဟု ပြောသည်။

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.