နိရဉ္စရာ၊ သြဂုတ်၂၇/ ၂၀၂၂
မြန်မာဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအထဲက လက်နက်ကြီးသေနတ်သံများကိုဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းနယ်စပ်ကပါ ကြားနေ၇သည်ဟု ဒေသခံများက ပြောသည်။
“ လက်နက်ကြီးသေနတ်ပစ်သံတွေတော့ နတ်မြစ်အနောက်ဘက်ကမ်းခြေတလျှောက်ရှိ ကျေးရွာတွေက ကြားနေရတယ်။မနေ့ဆို မနက်ပိုင်းကတည်းကြားနေ၇တာ ဒီနေ့ မနက်ထိ ကြားနေ၇တယ်။ နေ့စဉ်လိုလိုကြားနေ၇ပါတယ်” ဟုနယ်စပ် တက်ကနက်မြို့တွင် ပန်းထိမ်လုပ်နေသည့်လူငယ်တစ် ယောက်ကပြောသည်။
ယခင်က စကြားကြားချင်းသေနတ်သံကို နားထောင်ကြသော်လည်း လက်ရှိတွင် ထူခြားမှုမရှိတော့ဘဲ ကိုယ့်အလုပ်ကိုကိုယ်ပုံမှန်လုပ်နေကြသည်ဟု ပြောဆိုသည်။
ရခိုင်ပြည်မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးပစ်သံများကို နယ်စပ်နေကြားနေ၇သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်တွင်ပုံမှန်အနေအထားတွေ့၇သည်ဟု ဆိုသည်။
“ စစ်သားတွေ၊ နယ်ခြားစောင့်တပ်တွေလည်း ပုံမှန်ပါဘဲ။ ဘာမှ ထူးထူးခြားခြားလှုပ်ရှားသွားလာမှု မတွေ့ပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ယမန်နေ့နေ့လယ်ပိုင်းကမောင်တောမြို့နယ် ခမောင်းဆိပ်စစ်ကောင်စီဗျူဟာကို ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်ရာမှထွက်ပေါ်လာသည့် သေနတ်ပစ်ခတ်သံများကိုဘင်္ဂလာရှိနယ်စပ်တလျောက် ကျေးရွာများမှ ကြားခဲ့၇သည်ဝါးခုတ်ချောင်းတွင် နေထိုင်သူတစ်ဦးကပြောသည်။
“ သေနတ်သံတွေတော့ကြားရပါတယ်။၇ခိုင်ပြည်ဘက်မှာအေအေနဲ့ ဗမာစစ်တပ်တို့ တိုက်ပွဲဖြစ်တယ်လို့တော့ ပြောကြတယ်။ ဒီဘက်မှာတော့ ထူးခြားမှု ဘာမှမရှိဘူး။အားလုံးက အေးဆေးပါ” ဟုဆိုသည်။
ခြံချောင်းဒေသခံတစ်ဦးကလည်း ယခုလ ၂၂ ရက်နေ့က လက်နက်ကြီးသံများကို အဆက်မပြတ်ကြားရပြီး တစ်ခြားနေ့များတွင် မိုးရွာနေ၍ အများကြီးမကြားရကြောင်း၊ မိုးမရွာဘဲ နေသာသည့် နေ့များတွင် ပို၍ လက်နက်ကြီးသံများကို ကြား၇သည်ဟု ဆိုသည်။
နယ်စပ်တလျောက်တွင်လည်းဘင်္ဂလာဘက်တွင် တစုံတရာ ထူးခြားမှုမရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ် ဒေသသတင်းများတွင်လည်းရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သတ်ပြီး တစုံတရာ ရေးသားဖော်ပြခြင်းမျိုးမတွေ့၇သေးဟု သိ၇သည်။
(ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်က နယ်ခြားစောင့်တပ်သားတစ်ဦးကို နတ်မြစ်အနီးတွင်တွေ့၇စဉ်)