Preview

မောင်တော ကျောက်ပန္ဒူအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၁၁ဦးတို့ကို စစ်တပ်ကဖမ်းခေါ်သွားပြီးနောက် ၅နာရီခန့်အကြာမှာပြန်လွှတ်ပေး

သြဂုတ် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :5582
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် /၂၀၂၂

မောင်တောမြို့နယ် ကျောက်ပန္ဒူ (ကျောက်ပန်းတူ)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဘု အပါအဝင် ဒေသခံကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီစစ်ကြောင်းတစ်ခုကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နာရီခန့် အကြာတွင် ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ကို ယမန်နေ့(သြဂုတ်လ (၂၇) ရက်)  နေ့လယ် နာရီဝန်းကျင်တွင် ကျောက်ပန်းတူ ရွာသို့ရောက်ရှိလာသည့် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

သူတို့က ရွာက မြစ်ကမ်းနားမှာရှိတဲ့ ဆိုင်တဆိုင်မှာ ထိုင်နေစဉ် စစ်ကြောင်းက ဝင်ဖမ်းတာပါ။ ကျေးရွာဥက္ကဋ္ဌ ဦးမောင်ဘုနဲ့ တခြားဒေသခံ ငါးဖမ်းသမားတွေအအပါအဝင် စုစုပေါင်း ၁၁ ဦးပါ။ ညနေပိုင်းကျတော့ ဖုန်းတွေကို စစ်ပြီး ပြန်လွတ်ပေးလိုက်ပါတယ်ဟု ပြောဆိုသည်။

ဖမ်းဆီးခံ၇သူများအထဲမှ ကျေးရွာသား ဦးကို ဂြင်းတောရွာနားအရောက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်းကျောက်ပန်းတူကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  ကျေးရွာသား ဦးတို့ ကို မြင်းလွတ်ရွာအထိ စစ်ကြောင်းနှင့်အတူ ခေါ်ယူသွားခဲ့ကာ ဖုန်းများကို စစ်ဆေးပြီးနောက် ပြန်လွတ်ပေးခဲ့သည်ဟု သိ၇သည်။

" နာရီခွဲလောက်က အားလုံးပြန်ရောက်လာကြပါပြီ။ ယောက်ကိုတော့ ဂြင်းတောရွာနားကနေ ပြန်လွှတ်လိုက်ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရွာက ယောက်ကိုတော့ မြင်းလွတ်အထိခေါ်သွားပြီး ဖုန်းတွေစစ်ဆေးတယ်လို့ ပြောပါတယ်။ ဖုန်းတွေကို စစ်ဆေးပြီး ပြန်လွှတ်လိုက်တာပါ" ဟု ပြောသည်။

စစ်ပွဲကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား၍ မိသားစုများအနေဖြင့် စိုးရိမ်ခဲ့၇ပြီး ယခုလိုပြန်လည်လွတ်မြောက်လာ၍ ဝမ်းသာကြောင်း ဖမ်းဆီခံ၇သည့် မိသားစုဝင်များက ပြောသည်။

သူတို့မှာ သာမာန် အရပ်သားများဖြစ်ကြပြီး မည်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို စစ်တပ်က မရှင်းပြသော်လည်း ၎င်းစစ်ကြောင်း ရွာကအထွက်တွင် အေအေ အတိုက်အခိုက် မခံ၇အောင် ရွာသားများကို လူသားဒိုင်းကာ သဘောမျိုးဖြင့် ခေါ်ဆောင်သွားပုံ၇သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ပန်းတူ ကျေးရွာအနီးတွင် ဩဂုတ် ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ယမန့်နေ့ သြဂုတ်လ (၂၆)ရက်နေ့ညက တိုက်ပွဲဖြစ်ပွားနေသည့်နေရာကို စစ်ကူသွားသည့် စစ်ကြောင်း တစ်ခုက ခမောင်းဆိပ် နှင့် မင်းခမောင်းကျေးရွာတို့မှ ကျေးရွာသား (၁၀) ဦးကို လူသားဒိုင်းကာ အဖြစ်ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိ၇သည်။(NN-7)

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.