နိရဥ္စရာ၊ဩဂုတ် ၂၈/၂၀၂၂
ဘင်္ဂလားဒေ့ရှ် ထောင်ထဲတွင် ထိန်းသိမ်းခံထား၇သူ၇ခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၄ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(International Committee of the Red Cross, ICRC) မှတဆင့် မိသားစုသို့ဆက်သွယ်လာခဲ့သည်ဟု သတင်းရရှိသည်။
၎င်းတို့မှာ ကျောက်ဖြူမြို့ ကပိုင်ချောင်းကျေးရွာကဦးမောင်ရွှေဦး (၄၂ နှစ်)၊ဦးဇော်ဝင်ဦး(၃၇ နှစ်)၊ ဦးပြည့်ဖြိုးအောင်(၃၇နှစ်)၊ ကိုမောင်နီ (၁၉ နှစ်)တို့ ဖြစ်ကြသည်။
၎င်းတို့သည့် ဘင်္ဂလားဘက်သို့ သွားရောက်ကုန်သွယ်ရာတွင် ဖမ်းဆီးခံခဲ့၇ပြီး ထောင်ထဲ ရောက်နေသဖြင့် မိသားစုများနှင့်အဆက်အသွယ် ရရှိရန် ICRC မှတဆင့်ဆောင်ရွက်လာသဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကမိသားစုများထံ အကြောင်း ကြားပေးခဲ့သည်ဟု ကျောက်ဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်အေးသန်းကနိ၇ဉ္စရာသတင်းဌာနကို ပြောသည်။
" ICRC ကိုထောင်ကျနေတဲ့သူတွေဆီက စာရေးပေးလိုက်တာပေါ့။ ကျွန်တော်တို့ကြက်ခြေနီမှာကဏ္ဍတွေအများကြီးရှိပါတယ်။ မိသားစုဆက်သွယ်ရေး ကဏ္ဍ၊သဘာ၀ဘေးအန္တရာယ်ကဏ္ဍ၊ ကဏ္ဍတွေအမျိုးမျိုးရှိပါတယ်။ ကျွန်တော်ကမြို့နယ်တပ်ဖွဲ့မှူးဆိုတောအဲ့ဒီစာတွေ ကျွန်တော်ဆီကိုရောက်လာတာပေါ့။ အဲဒီတော့ သူတို့မိသားစုကိုလက်ရှိသူတို့ဘင်္ဂလားမှာ ထောင်ကျလို့ရှိနေတယ်။ သူတို့ဆီကပို့ပေးလာတဲ့ စာတွေကို သွားပေးလိုက်ပါတယ်" ဟုပြောသည်။
အဆိုပါ၄ဦး၏ မိသားစုဝင်များနှင့် ဩဂုတ်လ ၂၆ရက်နေ့ ည ရနာရီခန့်က သွားရောက် ဆက်သွယ်ပေးခဲ့ပြီး ၎င်းတို့ ၄ ဦး ဖမ်းဆီးခံ၇သည်မှာအချိန်အားဖြင့် ၇လ၊၈လခန့် ကြာမြင့်နေပြီဟု သိ၇သည်။
" သူတို့ ဘင်္ဂလားဒေ့ရှ်ကိုစက်လှေနဲ့ သွားတဲ့အချိန်မှာ အဖမ်းခံ၇တာပါ။ သူတို့ဘာလုပ်လို့ အဖမ်းခံ၇တာတော့ မသိ၇ပါဘူး။ စက်လှေဆိုက်တဲ့အချိန်မှာသူတို့ကို ဥပဒေနဲ့ မညီလို့ဘင်္ဂလာရဲက ဖမ်းလိုက်တာ ထင်ပါတယ်။ အသေအချာတော့ မသိပါဘူး" ဟုပြောသည်။
ကျောက်ဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မိသားစုများနှင့်ဆက်သွယ်ပေးခဲ့မှုအပေါ် ဓါတ်ပုံ၊ ဖုန်းနံပါတ်၊ အထောက်အထားများကို ရန်ကုန်ကြက်ခြေနီ ရုံးချုပ်ကို ပေးပို့၇မည်ဖြစ်ပြီး၊ ရန်ကုန်ရုံးချုပ်ကတစ်ဆင့်ဘင်္ဂလားဒေ့ရှ်ရှိ ၎င်းလူများထံသို့ ၎င်းအထောက်အထားများကို ဆက်လက်ပို့ပေးရမည်ဟုသိ၇သည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်ထောင်များသို့ သွားရောက်စစ်ဆေးစဉ် ၎င်း ကျောက်ဖြူဒေသခံ ၄ ဦးကို တွေ့ရှိခဲ့သဖြင့် မိသားစုများနှင့်ဆက်သွယ်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။