Preview

ကုလားတန်ဘက်စုံစီမံကိန်းပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဟု အိန္ဒိယကောင်စစ်ဝန်ပြော

သြဂုတ် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :9292
ရခိုင် သတင်း
နိရဉ္စရာ၊ ဩဂုတ် ၂၈/၂၀၂၂

၇ခိုင်ပြည်စစ်တွေမြို့တွင် အိန္ဒိယနိုင်ငံမှ အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Multi  TransitTransport) မှာပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ် ဝန်က ရခိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်ပြောကြားလိုက်သည်။

သြဂုတ်လ(၂ရ) ရက်နေ့ ညနေပိုင်းက ရခိုင်လုပ်ငန်းများကို ဖိတ်ခေါ်ပြီး စစ်တွေမြို့ရှိ RoyalSittwe Resort တွင်ပြုလုပ်သည့် ညစာစားပွဲတွင် အိန္ဒိကောင်စစ်ဝန်ချုပ် Mr.BibekanandaBhattamishra ကယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါညစာစားပွဲကို ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းဥက္ကဌ ဦးတင်အောင်ဦး၊ ရခိုင်ကမ်းရိုးတန်းသွား ရေယာဉ်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးရွှေမောင်၊ရခိုင် ပြည် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းရွှေအပါအဝင် ဖိတ်ကြားထားသူ ၂၀ဦးခန့် တက် ရောက်ခဲ့ပြီး အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် စီးပွားရေးကောင်စစ်ဝန် Mr.TsewangGyaltson၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဆိပ်ကမ်းKMTT port Operator (Atoz EXIM Company) ဦးဆောင် တာဝန်ခံ Mr.Vikash Kumar Rai အပါအဝင် ဆိပ်ကမ်းတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

အိန္ဒိယမြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT Kaladan Multi-TransitTransport စီမံကိန်း၏စစ်တွေဆိပ်ကမ်းသစ် များမကြာမီ စတင်လည်ပတ်တော့ မည်ဖြစ် ပြီး တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများဆိပ်ကပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းစတင် လည်ပတ်နိုင် ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလက်ခံကြိုဆိုကြောင်း အိန္ဒိယကောင်စစ်ဝန်နှင့် ဆိပ်ကမ်း တာဝန်ရှိသူများမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေး၊  ကုန်သွယ်မှုလုပ်ငန်းစဉ်များလွယ်ကူစွာဖြင့် စနစ်တကျဖွံ့ဖြိုးပါဝင်လာစေရေးနှင့်သတင်းအချက်အလက်များ ကျယ်ပြန့်စွာ မျှဝေသိရှိရေးအတွက် ရခိုင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်လက်တွဲဆောင်ရွက်မည်ဟုလည်း ပြောဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကလည်း မည်သူမဆို သိရှိလိုသည်များကို အလွယ်တကူ စုံစမ်းနိုင်ရန် InformationCenter တခုထားရှိရေး၊ ဆိပ်ကမ်းဝန်ဆောင်မှုသတ်မှတ် ချက် နှုန်းထားများကို ထုတ်ပြန်နိုင်ရေး၊ ရခိုင်ကမ်းရိုးတန်း ပြည်တွင်းသင်္ဘောများ လွယ်ကူစွာဆိုက် ကပ်အသုံးပြုနိုင်ရေး၊ဒေသအလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှု မရှိရေး အပါအဝင်ကာလကတ္တားနှင့်စစ်တွေ ကမ်းရိုးတန်းသွား ကုန်သွယ်မှုစတင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟုသိ၇သည်။

ကုလားတန်မြစ်စီမံကိန်းကိုအကောင်အထည်ဖော်ရန် အိန္ဒိယမှ ၂၀၀၂ ခုနှစ်က စတင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်ဧပြီလမှ အိန္ဒိယနဲ့မြန်မာအစိုး၇တို့လက်မှတ်ထိုးနိုင်ခဲ့သည်။

ကုလားတန်မြစ်ဘက်စုံစီမံကိန်းအတွက် အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြုပ်နှံ ထားပြီး  စစ်တွေမှ ပလက်၀အထိ ရေကြောင်းပို့ဆောင်နိုင်ရေး ပလက်၀မှအိန္ဒိယနိုင်ငံ မီဇူရမ်ပြည် နယ်ကို ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန်ကားလမ်းများဖောက်လုပ်ရေးနှင့် ပလက်၀ ဆိပ်ကမ်းတည်ဆောက်ရေးတို့ ပါဝင်ကြောင်း သိရှိ၇သည်။

----

#ကုန်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.