Preview

ပုဏ္ဏားကျွန်းမြို့တွင် လူမှုအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူ ၃၀၀ကျော်ပူးပေါင်း၍ သစ်ပင် ၁၀၀၀ကျော်စိုက်ပျိုး

သြဂုတ် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :10009
ရခိုင် သတင်း

နိရဉ္စရာ၊သြဂုတ်၂၈/၂၀၂၂

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကွန်းမြို့နယ်တွင်ယနေ့ နံနက်က လူမှုအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူ ၃၀၀ကျော် ပူးပေါင်း၍သစ်ပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးခဲ့ကြသည်ဟုတင်းရရှိသည်။

၎င်းသစ်ပင်များကို ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင်အနီးတွင်စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးသည့် သစ်ပင်အမျိုးအစားများမှာမန်းဇီးချားကျွန်းဖြူှင့်ယူကလစ်ပင်တို့ဖြစ်ကြသည်။

အဆိုပါသစ်ပင်များကိုရန်ကုန်ဦးရာဇ်မြေလူမှုရေးအသင်းနှင့်ပုဏ္ဏားကျွန်းမြို့နယ်ဦးရာဇ်မြေ လူမှုရေးအသင်း ဦးစီးကာ ပူးပေါင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း ဦးရာဇ်မြေလူမှုရေး အသင်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

"သစ်ပင်တချို့ကိုအမေရိကန်ရောက် ပုဏ္ဏားကျွန်းမြို့သားတစ်ဦးမှလှန်းပေးပြီး ဒီနေ့  အပင် ၁၀၀၀ ခန့်စိုက်ပါတယ်။ အပင် ၅၀၀၀ ခန့် စိုက်မယ်လို့ရည်းမှန်းထားတယ်။ ဒီအပတ်က ဦးရာဇ်တောင်ဘုရား အနီး ပတ်ဝန်းကျင်မှာနောက်အပတ်တွေမှာ ဂူ၀ဘုရား ပတ်ဝန်းကျငနဲ့  မြို့ဧရိယာလမ်းဘေးတွေမှာ စိုက်သွားပါမယ်ဟု ၎င်းကပြောသည်။

အဆိုပါသစ်ပင်များကိုပုဏ္ဏားမြို့သူမြို့သားများနှင့် နတ်ဆိပ်ကျေးရွာ၊ မင်းဂံကျေးရွာ၊ တန်းစွယ်ကျေးရွာ နှင့်ရေဖြူကန်ကျေးရွာမှ လူငယ်များနှင့်  ပုဏ္ဏားကျွန်းမြို့မှအသင်းဖွဲ ၁၀ ဖွဲ့ခန့်မှ လူပေါင်း ၃၀၀ ကျော် ပူးပေါင်း ပါဝင်စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိ၇သည်။

" ဒီလိုပူးပေါင်းစိုက်ပျိုးသင့်တာကြာပါပြီ။ ကျွန်တော်တို့မြို့ဒေသတွင်းနဲ့ အခြားဒေသတွေမှာ အပင်တွေနည်းလာမရှိလို့ ရာသီဥတုတွေ မမှန်တာတွေကိုလူတိုင်းခံစားနေ၇ပါ အခုဆို မိုးမမှန်တာကြောင် တောင်သူဦးကြီးတွေ အမျိုးမျိုး ဒုက္ခရောက်ကြ၇တယ် ဒီထက် များများအပင်တွေ စိုက်နိုင်အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်းပုဏ္ဏားကျွန်းမြို့ ွံ့ဖြိုးတိုးတက်ရေး အသင်း(PDYO) ဥက္ကဋ္ဌ ဦးသိန်းဝဏ္ဏက ပြောသည်။

အဆိုပါသစ်ပင်များကိုသဘာ၀ပတ်ဝန်းကျင်၊ ရာသီဥတို့ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးခဲ့၇ခြင်းဖြစ်ကြောင်းလည်း သစ်ပင်စိုက်ပျိုးခဲ့သူများကပြောသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ်ကလည်း ပုဏ္ဏားကျွန်းမြို့ဖွဲဖြိုးတိုးတက်ရေးအသင်း(PDYO) နှင့် ပုဏ္ဏားကျွန်းမြို့ရှိလူငယ်များပေါင်းကာ ဦးရာဇ်တောင်ဘုရားနှင့် နတ်ဆိပ်ကျေးရွာလမ်းမတွင် ပိတောက်၊ မန်းဇီးချား၊ယူကလစ်နှင့် ကုက္ကိုပင်  ၁၀၀ ကျော်ခန့်ကို စိုက်ပျိုးခဲ့ကြကြောင်းPDYO အသင်းမှသိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.