ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာထဲလက်နက်ကြီးဖြင့် တမင်ပစ်ထည့်၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.3k

 

နိရဥ္စရာ၊ သြဂုတ် ၂၈/၂၀၂၂

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အခြေစိုက်တပ်ရင်းများက တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသည့် ရခိုင်လူမျိုးများနေထိုင်သည့် ကင်းဆိပ်ကျေးရွာထဲကို တမင်ရည်ရွယ်၍ လက်နက်ကြီးများ ပစ်ထည့်လိုက်သဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး၊ စုစုပေါင်း ၂ ဦးသေဆုံးပြီး လူ ၈ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

 

ရွာသားတစ်ဦးက " ရွာသား ၇ ယောက် ၈ ယောက်လောက် ထိသွားပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့ ၅ နှစ်အရွယ် ကလေး တစ်ယောက်လည်း ဆုံးသွားပါတယ်။ မြောက်ဦးအခြေစိုက် တပ်ရင်း  ၃၇၇နဲ့  ၃၇၈ ကပစ်တာပါ  တိုက်ပွဲ မရှိလဲ ရွာထဲကို တမင်ပစ်တာပါ။  ရွာထဲကို သုံးလေးလုံးကျတာပါ"ဟု ပြောသည်။

 

သေဆုံးသွားသူ ၂ ဦးမှာ  အသက် (၆၀)နှစ်အရွယ် ဒေါ်အေးနုယဉ်၊ (၅) နှစ်အရွယ် မောင်မြတ်သူလင်း တို့ဖြစ်ကြသည်။

 

မြောက်ဦးအခြေစိုက် အမှတ် ၃၇၇နှင့် ၃၇၈ တပ်ရင်းတို့က  ယနေ့ သြဂုတ်လ (၂၈) ရက်နေ့ ညနေ ၄ နာရီ မိနစ်နစ် ၅၀ အချိန်တွင် ကင်းဆိပ်ရွာထဲ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

 

အမျိုးသား ဦး ၊ အမျိုးသမီး ဦး လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အထဲက  လူ ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သဖြင့် မြောက်ဦး ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိခိုက်ဒဏ်ရာရရှိသွားသည့်ကလေးငယ်တစ်ဦး၏ ဖခင်ကနိရဥ္စရာကို ပြောသည်။

 

"လူ (၈) ယောက်ထိတာပါ။ ကျနော်သမီးလည်း ပေါင်မှာထိသွားပါတယ်။ အခုတော့ ဆေးရုံပို့နေကြပါပြီ။ အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။

 

 

လက်ရှိတွင် မြောက်ဦးဆေးရုံကို အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးရောက်ရှိနေကြောင်း မြောက်ဦးပြည်သူ့ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

"အခုတော့သွေးသံလူးလူးနဲ့ဆေးရုံကို ရောက်နေကြပါတယ်။ မိန်းမ ၂ ယောက်၊ ယောကျ်ား တစ်ယောက်ပါတယ်။ အခြေအနေတွေသေချာမသိရသေးဘူး"ဟု ပြောသည်။

 

ယနေ့ ညနေ ၄ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA) က ကျောက်တော်ဘက်မှလာသည့်စစ်ကြောင်းကို မိုင်းဖောက်ခွဲခဲ့သည့်အတွက် စစ်ကောင်တပ်သားများနှင့် မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြောက်ဦးအခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့် လူနေကျေးရွာများကို တမင် ရည်ရွယ်ချက်ရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

လက်ရှိတွင် မြောက်ဦးအခြေစိုက် တပ်ရင်းများက လက္ကာ၊ ဘူးရွက်မညှိုး ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

 

မောင်တောမြောက်ပိုင်း၊ မင်းကြီးရွာတွင်လည်း ယမန်နေ့ သြဂုတ် (၂၇)ရက်နေ့ နံနက်ပိုင်က လက်နက်ကြီးကျည်ထိမှန်ပြီး အသက်(၇၀) အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးခဲ့ရသည်။ (NN-7)

ဆက်စပ် သတင်းများ