Preview

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက်ဦးမြို့သစ်ဓမ္မရာဇ်ရပ်ကွက်ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် စစ်ကောင်စီတပ်ကပစ်သည့်လက်နက်ကြီးကျည်ကျ၍ ဘုန်းကြီးနှင့်ကျောင်းဒကာတို့ ဒဏ်ရာရ

သြဂုတ် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :7916
ရခိုင် သတင်း
နိရဉ္စရာ၊ သြဂုတ် ၂၈/၂၀၂၂

၇ခိုင်ပြည်နယ်၊မြောက်ဦးမြို့သစ်ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ယနေ့ညနေပိုင်းက စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ ကျောင်းထိုင် ဆရာတော်အပါအဝင် အခြားကိုရင်လေးတစ်ပါးနှင့်ကျောင်းဒကာတစ်ဦးတို့တွင်ထိခိုက်ဒဏ်ရာရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာမြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ပညာရောင်ခြည် စာသင်ကျော်းတိုက်နှင့်အောင်မြေသုခ ဘုန်းကြီးကျောင်းတိုက်တို့ ဖြစ်ကြသည်။

ပညာရောင်ခြည်ကျောင်းမှ၇ဟန်းတော်တစ်ပါးက  "ပညာရောင်ခြည်ကျောင်းမှာ ဓမ္မာရုံဆောက်မလို့ သစ်တွေတင်နေတာပါ။ အဲ့အချိန်ဓနိတောဘက်ကို လက်နက်ကြီးကျည် တစ်လုံးကျသွားတယ်လို့ ထင်ပါတယ်။ ပထမအလုံးက၊ ဒါပေမယ့် မပေါက်ပါဘူး။ ကိုယ်တော်တို့က လက်နက်ကြီးကျလို့ မထင်ပါ။ ဒီဘက်မှာစစ်ဖြစ်လေ့မရှိတော့လေ။ ကျောင်းအတွက် သစ်တွေ ဆက်တင်နေသေးတယ်။နောက် ၁မိနစ်လောက်အကြာမှာ ဒုတိယတစ်လုံးကျလာတော အသံက နားတောင်ကျိန်း ွားပါတယ်။ယမ်းမုန့်တွေတောင်စင်သွားပါတယ်။ အဲ့အလုံးကတောခန့်မှန်းခြေ ကျောင်းအနီးအနားမှာကျတာပါ။ ကိုယ်တော်တို့က လက်နက်ကြီးကျတယ်ဆိုပြီးတော့ကြောက်ပြီးဓမ္မာရုံကထွက်နေတုန်းမှာ  ဓမ္မာရုံထဲကို  တတိယတစ်လုံးကျလာတယ်" ဟုပြောသည်။

တတိယအကြိမ်မြောက်လက်နက်ကြီးကျရောက်မှုကြောင့်ကျောင်းထိုင်ဆရာတော်ကြီးတွင် လက်မောင်း၌ခြစ်ရာကဲ့သို့ဖြစ်သွားပြီး ကိုရင်တစ်ပါးနှင့်ကိုယ်တော်တစ်ပါးတွင် လက်မောင်းနှင့်ကျော၌ ခြစ်ရာများဖြစ်သွားကာ ဒကာတစ်ဦးတွင် ဝမ်းဗိုက်မှာထိသွား၍ ဆေးရုံသို့ပြလိုက်၇ကြောင်း အဆိုပါ၇ဟန်းတော်က ဆက်လက်မိန့်ကြားသည်။

လက်ရှိတွင် ဘုန်းကြီးကျောင်းရှိ ၇ဟန်း သံဃာများအားလုံး ဘေးကင်းရာသို့တိမ်းရှောင်နေကြောင်းသိ၇သည်။

အဆိုပါလက်နက်ကြီးကျည်ကျရောက်ခဲ့သည့်ဘုန်းကြီးကျောင်းများသို့ သွားရောက်ကြည့်၇ှုခဲ့သည့် ဒေသခံတစ်ဦးကလည်း "၄ နာရီခွဲလောက်ကသွားကြည့်ခဲ့တယ်။လက်နက်ကြီးအသံက ခုနတုန်းက ၆နာရီခွဲလောက်ကတခေါက်ကြားရသေးတယ်။ အဲဒီကျောင်းတွေမှာတော့လူကအထိအခိုက်မရှိဘူး။ အခုတော့ရန်ကုန် စစ်တွေကားလမ်းမဘက်မှာလည်း တစ်ယောက်မှမရှိဘူး။အခုတော့ ဘုန်းကြီးတွေနဲ့ဒကာ၊ ဒကာမတွေအားလုံးကအဲဒီအနီးက သွေးလှူရှင်များအသင်းမှာ လောလောဆယ်ခိုလှုံနေကြတယ်" ဟုပြောသည်။

အဆိုပါလက်နက်ကြီးများသည်မြောက်ဦးမြို့ရှိ ခမ၇ ၃ရရ တပ်ရင်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံများကပြောသည်။

မြောက်ဦး အခြေစိုက် ခမ၇ ၃ရ၇ နှင့်၃၇၈  တပ်ရင်းမှ ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာရှိ  ဒေသခံ၂ ဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.