Preview

အပြစ်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်မှုအပေါ် လက်တုံ့ပြန်သွားမည်ဟု AA ပြော

သြဂုတ် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :1590
ရခိုင် သတင်း

နိရဥ္စရာ၊ သြဂုတ် ၂၈/၂၀၂၂

ယနေ့ မြောက်ဦးမြို့နယ်ကင်းဆိပ်ကျေးရွာမှ ဒေသခံပြည်သူများကို တမင်တကာရည်ရွယ်ပြီး လက်နက်ကြီးပစ်ခတ်ကာ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် လိုအပ်သလို ုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောခွင့်၇သူ ဦးခိုင်သုခက ယနေ့ ညနေက နိ၇ဉ္စရာသတင်းဌာနကို ပြောသည်။

"အခုလိုမျိုး ဘာမှ အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ လိုအပ်သလို ပြန်ပြီး ုံ့ပြန်သွားမှာဖြစ်ပါတယ်"ဟု ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့် လက္ကာကျေးရွာမှာ မြောက်ဦးမြို့ မြောက်ဘက် () မိုင်ခန့် အကွာတွင် တည်ရှိပြီး လက်နက်ကြီးပစ်ခံ၇သည့် ကင်းဆိပ်ကျေးရွာမှာ မြောက်ဦးမြို့ အနောက်ဘက် တစ်မိုင်ကျော်ခန့်အကွာတွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် မည်သို့မှသက်ဆိုင်မှု မရှိသည့် ကျေးရွာတရွာဖြစ်သည်ဟုဆိုသည်။

၎င်းပစ်ခတ်မှုကို ယနေ့ သြဂုတ်လ (၂၈) ရက်နေ့ ညနေ နာရီ မိနစ်နစ် ၅၀ အချိန်တွင် စစ်ကောင်စီတပ်က တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာက  အသက် (၆၆)နှစ် အရွယ် ဒေါ်အေးနုယဉ် နှင့် () နှစ်အရွယ် မောင်မြတ်သူလင်းတို့ သေဆုံးကာ ( ) ဦးဒဏ်ရာရရှိခဲ့ကြောင်း ဦးခိုင်သုခက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက မြန်မာစစ်တပ်ဘက်က အေအေ အခြေပြုထားသည့်နေရာကို ဝင်ရောက်လာ၍ မြောက်ဦးမြို့နယ် လက္ကာရွာအနီးမှာ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့သော်လည်းတိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

ယခုကဲ့သို့  တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်မသက်ဆိုင်ဘဲ လူနေကျေးရွာဘက်ကို တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုမှာ အရပ်သားပြည်သူကို ဦးတည်ပစ်ခတ်ခြင်းဖြစ်ပြီး ဆိုးဝါးသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

"အခုညနေမှာ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကတော့ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘဲနဲ့ ကျေးရွာတွေကို သူတို့ တမင်တကာ ရည်ရွယ်ပြီးတော့မှ ဦးတည်တိုက်ခိုက်တာဖြစ်တယ်။ပြောရမယ်ဆိုလို့ရှိရင်တော့ ဒါ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ပစ်တာဖြစ်တယ်ဗျ။ ဒါဟာ ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်" ဟု ပြောသည်။

လက်ရှိ ၇ခိုင်မှာတကျော့ပြန်စစ်ပွဲဖြစ်ပွားလာပြီးနောက် ယနေ့ မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲသည် ၎င်းမြို့နယ်တွင် ပထမဆုံးဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက တကျော့ပြန်စစ်ပွဲအတွင်း ပထမဆုံးအကြိမ် မြောက်ဦးမြို့နယ်တွင် ကျူးလွန်သည့်  စစ်ရာဇဝတ်မှုဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ၇ခိုင်တိုက်ပွဲများပြင်းထန်လာမှုနှင်အတူ  မြန်မာစစ်တပ်က အထိအခိုက် အကျအဆုံး များလာနေ၍ လူမျိုးရေးအမြင်ဖြင့် ၇ခိုင်အရပ်သားများကို ဦးတည်တိုက်ခိုက်လာနိုင်သဖြင့် ဒေသခံများအနေနှင့် ပိုမိုသတိထားနေထိုင်သင့်ကြောင်း ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် လူမှုရေးလှုပ်ရှားသူများက ဆိုသည်။ (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.