နိရဉ္စရာ၊ ဩဂုတ် ၂၉/၂၀၂၂
မြန်မာစစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်၂လုံးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ကျရောက်ခဲ့ကြောင်း ဘင်္ဂလာသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ လက်နက်ကြီးကျည်နှစ်လုံးမှာ ဘင်္ဂလာဒေ့ချ်နိုင်ငံ ဘင်ဒရာဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ် နယ်စပ် ခေါင်တုံးအနီးရှိတောင်ပြိုဘဇာအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ၇သည်။
မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယခုရက်ပိုင်းအတွင်း တောင်ပြိုအနီးတွင် တိုက်ပွဲဖြစ် ပွားခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များ အပါအဝင် ၇ဟတ်ယာဉ်များနှင့် ပါတိုက်ခိုက်မှုများကို မြင်တွေ့၇ပြီးနောက် ယခုကဲ့သို့ လက်နက်ကြီးကျည်များကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကို ကိုးကားပြီး နာမည်ကြီး ဘင်္ဂလီသတင်းစာ ပြော်ထင်းအာလောင်၏ သတင်းတပုဒ်တွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျရောက်သည့်လက်နက်ကြီးကျဉ် ၂လုံးမှာ ၁၂၀ မမ ကျည်ဖြစ်ကြောင်း Coxsmorning သတင်းတွင် ဖော်ပြသည်။
ယခုကျကဲ့သို့ လက်နက်ကြီးကျဉ် ကျရောက်ခဲ့သည့်အတွက် ဒေသခံများမှာ စိုးရိမ်နေကြပြီး ယင်း အနီးအနား သွားလာခွင့်ကိုလည်း သက်ဆိုင်ရာက တားဆီးထားသည်ဟု ခေါင်းတုန်း ယူနီယမ် အုပ်ချုပ်ရေးမှုးက ပြောဆိုကြောင်းလည်း ပြော်ထင်းအာလောသတင်းတွင် ရေးသားထားသည်။
ယခုအခါ အဆိုပါ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ၂လုံးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖျက်ဆီးရန် ကြိုးစားနေပြီး အနီးအနားရှိပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားကြောင်းဖြင့်လည်း သတင်း၌ ရေးသားထားသည်။
မြန်မာပြည်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်မိုင်တိုင်(၄၀) ပတ်ဝန်းကျင်တွင် အနီးတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များကို အင်အားဖြည့်ချထားကာအနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိ၇သည်။