Preview

လက်နက်ကြီးထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ဒေသခံတစ်ဦး ထပ်မံသေဆုံး

သြဂုတ် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :6172
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် ၂၉/၂၀၂၂

မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ဒဏ်ရာ အပြင်းအထန်ရရှိထားသည့် ဒေသခံတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာသား ဦးလှမောင်သိန်း(၄၂နှစ်) ဖြစ်ပြီး ကင်းဆိပ်ကျေးရွာတွင် အလုပ်လာလုပ်နေသူဖြစ်ကြောင်း သိ၇သည်။

ယမန်နေ့ သြဂုတ်လ (၂၈) ရက်နေ့ ည(ရ) နာရီခွဲအချိန်ခန့်တွင်ဒဏ်ရာပြင်းကာ သေဆုံးသွားကြောင်း ဆေးရုံကိုလိုက်ပါပေးခဲ့သည့် ကင်းဆိပ်ကျေးရွာသားတစ်ဦးကပြောသည်။

"မနေ့ကည ရ နာရီခွဲ ၈ နာရီနီးပါးလောက်မှာဆုံးတာပါ။ သူက ချောင်းသစ်သား ဒီမှာပျိုးစိုက် အငှားလာလုပ်ရင်း လက်နက်ကြီးထိသွားရတာပါ။ ဒဏ်ရာတွေကတော့ ဇကာပေါက်လို မှန်းလို့တောင်မကျတော့ဘူး။ရင်ဘက်တွေမှာရော နားထင်တွေမှာရော အများကြီးထိသွားတာပါ"ဟု ပြောသည်။

ယမန်နေ့ သြဂုတ်လ (၂၈) ရက်နေ့ ညနေ ၄ နာရီ မိနစ်နစ် ၅၀ အချိန်တွင်မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို စစ်ကောင်စီတပ် ခမ၇ (၃ရ၇/၅၄၀) တို့က ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန်ကာ အသက် (၆၆)နှစ် အရွယ် ဒေါ်အေးနုယဉ် နှင့် (၅) နှစ်အရွယ် မောင်မြတ်သူလင်းတို့သေဆုံးကာ (၉ ) ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိ၇သည်။

ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာစစ်တပ်ဘက်က အေအေ အခြေပြုထားသည့်နေရာကိုဝင်ရောက်လာ၍ မြောက်ဦးမြို့နယ် လက္ကာရွာအနီးမှာ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်မသက်ဆိုင်ဘဲ လူနေကျေးရွာများကို လက်နက်ကြီးလှမ်းပစ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့  တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်မသက်ဆိုင်ဘဲလူနေကျေးရွာဘက်ကို တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုမှာ အရပ်သားပြည်သူကို ဦးတည်ပစ်ခတ်ခြင်းဖြစ်ပြီးဆိုးဝါးသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည့်အတွက် ပစ်ခတ်သတ်ဖြတ်မှုအပေါ်  လိုအပ်သလို တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခကနိရဥ္စရာကို ပြောသည်။

"အခုလိုမျိုး အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တဲ့အပေါ်မှာကျနော်တို့အနေနဲ့က လိုအပ်သလို ပြန်ပြီး တုန့်ပြန်သွားမှာဖြစ်ပါတယ်"ဟု ပြောသည်။

လက်ရှိမှာ မြောက်ဦးဆေးရုံတွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့်ဆေးကုသမှုခံယူနေ၇သူ (၈) ဦးကျန်ရှိနေသေးကြောင်း သိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.