နိရဉ္စရာ၊ ဩဂုတ် ၂၉/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မြန်မာနိုင်ငံမှပစ်လွှတ်သော ကျည်ဆန်များ ကျရောက်မှုကို ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ကပြောကြားခဲ့သည်။
“အများအားဖြင့်တော့ဒီလိုအဖြစ်အပျက်တွေကို ဆန့်ကျင်ကန့်ကွက်တယ်။ဒါဟာသာမန်အရာပါ။ လွန်ခဲ့သည့်ရက်အနည်းငယ်ကအလားတူဖြစ်ရပ်မျိုး မှတ်တမ်းများရရှိခဲ့သည်” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်တောင်ပြိုနယ်စပ် ခေါင်းတုံးတွင် မြန်မာဘက်က မော်တာကျည်နှစ်လုံး ကျရောက်ပြီးနောက်၎င်းက သတင်းထောက်များကိုပြောဆိုသည်။
“အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒီလိုမျိုး နောက်ထပ်ကျည်ဆံတွေမကျ၇အောင်ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ အနေနဲ့ ထပ်ပြီးတောင်းဆိုသွားမှာပါ” ဟု၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းမပေါက်ကွဲသေးသည့် အမြောက်ကျည်ဆုံနှစ်လုံးသည်နယ်စပ်မှ ကီလိုမီတာဝက်ခန့်ရှိ ဗလီအနီးသို့ ကျရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် အမြောက်ကျည်များကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်သူပုန်အဖွဲ့တို့အကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း ပစ်ခတ်ခဲ့ကြောင်း ယုံကြည်နေကြသည်ဟုဆိုသည်။
၎င်းအမြောက်ကျည်ဆံကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ်အသေအပျောက်မရှိသော်လည်း မြန်မာ နယ်စပ်ဘက်ခြမ်းမှ နှစ်ပတ်ကြာ သေနတ်သံများကြားနေ၇သဖြင့် ဒေသခံများကိုစိုးရိမ် ထိတ်လန့်စေခဲ့သည်ဟုဆိုသည်။
Bangladeshto protest 'strongly' against shells fired from Myanmar