Preview

မောင်တော တရိန်းရွာတွင် မိုင်းထိ၍ အန်ဂျီအို ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

သြဂုတ် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :4029
ရခိုင် သတင်း


နိရဥ္စရာ၊ သြဂုတ်၃၀/၂၀၂၂

ရခိုင်ပြည်နယ်၊မောင်တောမြောက်ပိုင်း တရိန်း(မြို)ရွာတွင် တောင်ယာသွားကြည့်သည့် အန်ဂျီအိုဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။


မိုင်းထိဒဏ်ရာရရှိသူမှာ အသက်(၂၉) နှစ်အရွယ် ကိုဆိန်ကြ ဖြစ်ပြီး မာလ်တီဇာအန်ဂျီအိုအဖွဲ့မှ တရိန်းမြိုရွာနှင့်ရခိုင်ရွာ၏ ကျန်းမာရေးတာဝန်ခံဖြစ်ကြောင်း သိ၇သည်။

 
ယမန်နေ့ သြဂုတ်(၂၉) ရက် ညနေ ၆ နာရီခွဲခန့်က ရွာနှင့် ၁ မိုင်အကွာ တောင်ယာငှက်ပျောခင်းကိုသွားချိန် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း တရိန်း(မြို)ရွာဆရာတော်ကမိန့်သည်။

 
"ခြေထောက်ပေါင်နားက နည်းနည်းထိသွားပါတယ်။အရမ်းတော့မများပါဘူး။ နောက်ပြီး ကျောကုန်းတွေကလည်း နာတယ်လို့ပြောတယ်။အသက်တစ်ခု ၇လိုက်တာတော့ ကံကောင်းတယ်"ဟု ပြောသည်။

ကျေးရွာ အနီးအနားဖြစ်ပွားခြင်းဖြစ်၍ ကျေးရွာသားများ စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း ဆက်ပြောသည်။

"ရွာနဲ့ အနီးအနားမှာပဲဖြစ်သွားတာမလို့ ရွာသားတွေကတော့ လုပ်ကိုင် စားသောက်၇မှာ သွားလာရမှာကိုအရမ်းကြောက်နေကြတယ်။ စိုးရိမ်ကြတယ်"ဟု ဆက်ပြောသည်။

လက်ရှိတွင်မိုင်းထိဒဏ်ရာရသူကို ကြိမ်ချောင်းဆေးရုံမှတဆင့် မောင်တောဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု သိ၇သည်။

ယခုမိုင်းပေါက်ကွဲခဲ့သည့်နေရာသည်လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီးတွင် တည်ရှိကြောင်း သိ၇သည်။

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.