နိရဉ္စရာ၊ ဩဂုတ် ၃၀/ ၂၀၂၂
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ခမောင်းဆိပ်ကျေးရွာရှိ ဗောဓိအလင်းပ၇ဟိတကျောင်းမှ ကျောင်းဆောင်များ ယနေ့နံနက် ၈ နာရီကျော်အချိန်က မီးရှို့ဖျက်ဆီးခံခဲ့၇သည်ဟု သတင်းရရှိသည်။
ခမောင်းဆိပ်ရွာသားတစ်ဦးက “ ဒီကနေ့ မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ မီးရှို့တာပါ။ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ကပ်လျှက်ရှိတဲ့ ဗောဓိအလင်းပ၇ဟိတကျောင်းကိုစစ်သားတွေ ထွက်ပြီးမီးရှို့တာပါ။အခု အဲဒီမှာ သူတို့ဘဲ ရှိတာပါ” ဟုပြောသည်။
၎င်းအနီးဝန်းကျင်မှ သေနတ်သံများကို ယနေ့နံနက်က မကြာမကြာကြားခဲ့၇ပြီးလက်နက်ကြီးသံများကိုလည်း တစ်ချက်ချင်းကြားခဲ့၇သည်ဟု ဆိုသည်။
"စစ်ရေးအခြေအနေက တင်းမာနေပါတယ်။ မကြာမကြာ သေနတ်သံတွေတော့မနက်က ကြား၇တယ်။ နှစ်ဘက်ပစ်သံတော့ မဟုတ်ပါဘူး။ လက်နက်ကြီးသံလည်း တစ်ချက်တစ်ချက်ကြားနေ၇တယ်။ ဒီနေ့ အခြေအနေ ဆိုးနိုင်တဲ့ အနေအထားရှိတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ ပရဟိတကျောင်းဆောင်မီးရှို့ခံ၇မှုနှင့် ပတ်သက်ပြီး ၎င်းကျောင်းတွင် တာဝန်ကျနေသည့် ဆရာတစ်ဦးက "ကျနော်တို့က ရွာမှာကျောင်းအခြေအနေဘယ်လိုရှိလဲဆိုတာ အနီးကို သွားကြည့်တာ။ အဝေးကနေ ခိုးပြီးချောင်းကြည့်တော့ ကျောင်းသား (အမျိုးသား)နေတဲ့ အဆောင်တဆောင်နဲ့ ဆွမ်းချက် ၂ ဆောင်မီးလောင်ပြီး ပြာကျနေတာကို တွေ့၇ပါတယ်။ မော်တော်ဆိုင်ကယ်၄ စီးလည်း မီးရှို့တဲ့ အထဲ ပါသွားပါတယ်”ဟု ပြောသည်။
၎င်းမီးရှို့မှုမှာ ဗျူဟာကုန်းမှ စစ်သားများသည် ရိက္ခာရှာဖွေရန်၎င်းကျောင်းထဲသို့ ဝင်ရောက်စဉ် ရိက္ခာမရသည့်နောက်ပိုင်း ဆွမ်းချက်ဆောင်နှင့် ကျောင်းသားများ အဆောင်ကို မီးရှို့ခဲ့ပုံရသည်ဟု ၎င်းကျောင်းဆရာကပြောဆိုသည်။
“ အဲဒီမှာဘယ်သူမှ မရှိဘူး။ အဲဒီမှာ သူတို့အပြင်ကို ထွက်မလာခင် လက်နက်ငယ်ပစ်သံ တစ်ချက်နှစ်ချက်ကြားလိုက်ရတယ်။အခု လက်ရှိမှာတော့ လက်နက်ပစ်သံတွေ မကြား၇တော့ဘူး။ အခြေအနေ ငြိမ်သက်တိတ်ဆိတ်နေပါတယ်”ဟု၎င်းက ပြောသည်။
ခမောင်းဆိပ်ရွာရှိ ပ၇ဟိတကျောင်းနှင့် စာသင်ဆောင်များ မီးရှို့ခံ၇ပြီးနောက် ထွက်ပေါ်လာသည်ကို မီးခိုးများကို ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်အစောပိုင်းမှစတင်ကာမြင်တွေ့၇သည်ဟု တစ်မိုင်ခန့်ဝေးသည့် မင်းခမောင်းရွာက မြင်၇သည်ဟု ပြောသည်။
“မီးခိုးတွေထွက်တာတော့ မြင်၇တယ်။ အဲဒီပ၇ဟိတကျောင်းနဲ့ စာသင်ဆောင်တွေပါ။ စာသင်ဆောင်တွေကို မီးရှို့တယ်လို့ ပြောပါတယ်။ သေသေချာချာတော့ အတိအကျမပြောနိုင်တာက တစ်ယောက်မှ သွားကြည့်နိုင်တဲ့သူမရှိ ဖြစ်နေပါတယ်” ဟု ဆိုသည်။
ခမောင်းဆိပ်တွင် ဖုန်းတာဝါတိုင် ၂ခု ရှိပြီးတစ်ခုမှာ ဆီမထည့်နိုင်၍ မလည်ပတ်နိုင်သလို နောက်တာဝါတိုင်တစ်ခုမှာလည်း စစ်တပ်ဧရိယာထဲတွင်တည်ရှိနေ၍ မည်သူမျှ ဆီသွားမထည့်ရဲသဖြင့် ဖုန်းဆက်သွယ်မှုမှာ ရခါရ၊ မရခါ မ၇ဖြစ်နေသည်ဟု ရွာသားတစ်ဦးကပြောသည်။
ခမောင်းဆိပ်ရွာဘက်တွင် သြဂုတ်လ ၂၆ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့တ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပ၇ဟိတကျောင်းသူ/သားများအပါအဝင် ရွာသားများအားလုံးသည် ဘေးလွတ်ရာသို့ လက်ရှိ အချိန်ထိထွက်ပြေးတိမ်းနေကြ၇သည်ဟု သိ၇သည်။ မီးရှို့ချိန်တွင် ရွာသားများမှာရွာတွင် ရှိမနေတော့ဟု သိ၇သည်။
(ဓာတ်ပုံ- တိုက်ပွဲကြားက ထွက်ပြေးနေသည့် ကျေးရွာသားများကို တွေ့၇စဉ်)