တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

လက်နက်ကြီးပစ်ခတ်ခံရပြီး လူသေဆုံးမှုများရှိခဲ့၍ကြောက်လန့်ထွက်ပြေးလာကြရသည့် ကင်းဆိပ်ရွာသား၇၀၀ကျော် မြောက်ဦးတွင်စားဝတ်နေရေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ၊ သြဂုတ် ၃၀/၂၀၂၂

လက်နက်ကြီးကျ၍ လူသေဆုံးမှုများရှိခဲ့သဖြင့် ရွာကနေ ကြောက်လန့်ထွက်ပြေးလာကြရသည့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာသား ၇၀၀ ကျော်သည့် လက်ရှိ မြောက်ဦးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ထွက်ပြေးရှောင်တိမ်းလာရသည့် အိမ်ထောင်စု စုစုပေါင်း(၁၉၁)စု၊ အမျိုးသား ၃၀၃ ဦးနှင့် အမျိုးသမီး ၄၂၉ ဦး စုစုပေါင်း  ၇၃၂ ဦးရှိပြီး ၎င်းတို့မှာ မြောက်ဦးမြို့၊ ဝါစျေးဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေထိုင်နေကြောင်း သိရသည်။

ဝါစျေးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အရှင် ဦးဝါရဓမ္မက "စစ်ဘေးရှောင်တွေက စားဝတ်နေရေးအခက်အခဲ။ နေရေးထိုင်ရေး။ အိမ်သာတွေကအစ အခက်အခဲဖြစ်နေတယ်။ ရွာသားတွေက တစ်ခြားရွာကိုထွက်ပြေးသွားကြတာတွေလည်း ရှိခဲ့ကြပေမယ့် အခုက ဆရာတော်ကျောင်းကို ပြန်ရောက်နေကြတယ်။ စားရေးသောက်ရေး။ နေထိုင်ရေးအခက်အခဲအပြင် ကျန်းမာရေးပိုင်းကိုတော့ ကျန်းမာရေးဌာနတွေက လာကြမယ်လို့ပြောတယ်" ဟု မိန့်သည်။

ကင်းဆိပ်ကျေးရွာနှင့် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင်များသည်  မြောက်ဦးမြို့၊ ဝါစျေးဘုန်းကြီး ကျောင်းတစ်ကျောင်းတည်းတွင်သာ စုပေါင်းတည်းခိုနေကြရသဖြင့်  နေထိုင်ရသည့် အဆောက်အဦနှင့် ဦးရေမှာ မမျှဖြစ်နေပြီး ကျပ်ကျပ်တည်းတည်းနေထိုင်နေရသည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်နေရသဖြင့် ပညာသင်ကြားနေသည့် ကလေးများလည်း  ကျောင်းတက်ရန် အခက်အခဲများဖြစ်နေသည်ဟုလည်း ဒေသခံတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းအေးက ပြောသည်။

"လူကများတော့ အခက်အခဲအများကြီးရှိတယ်။ လူကမဆန့်ဘူး။ ကလေးတွေလည်း များတယ်။ အခုက ပညာသင်နေတဲ့ ကလေးတွေလည်းပါနေတော့ အဲ့ဒီရွာကနေ ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေတယ် ရွာမှာလည်း လူတစ်ယောက်မှမရှိတော့ဘူး။ ကျောင်းသားတွေလည်း ဒီဝါစျေးဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်" ဟု ပြေသည်။

လက်ရှိတွင် သူတို့ကို မြောက်ဦးမြို့မှ ဒေသခံများနှင့် ဝါစျေးရပ်ကွက်မှ ပြည်သူများက စားရေးသောက်ရေး အဆင်ပြေစေရန် ဆန်အပါအဝင် ရိက္ခာများကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများပြုနေသော်လည်း လူဦးရေများသဖြင့် အလျဉ်မမီဖြစ်နေသည်ဟု ဆိုသည်။
မြောက်ဦးမြို့၊ဝါစျေးရပ်ကွက်မှ ကိုဦးသန်းထွန်းက "မြို့ထဲကလူတွေက ဆန်နှစ်အိတ်။ သုံးအိတ် လှူကြတယ်။ တတ်နိုင်သလောက်ပေါ့။ ရွာကလည်း ပိုက်ဆံကောက်ကြတယ်။ တတ်နိုင်သလောက် ကူညီထားပါတယ်" ဟု ပြောသည်။
မြောက်ဦးမြို့၊ မြောက်ဦးအခြေစိုက် အမှတ် ၃၇၇ နှင့် ၅၄ဝ တပ်ရင်းတို့က ပြီးခဲ့သည့်သြဂုတ်လ (၂၈) ရက် ညနေ နာရီ မိနစ် ၅၀ အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိသည့် မြောက်ဦးမြို့ အနောက်ဘက်တွင် တည်ရှိသည့် ကင်းဆိပ် ကျေးရွာထဲကို တမင်ရည်ရွယ်၍ လက်နက်ကြီးများ ပစ်ထည့်လိုက်သဖြင့် အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦး၊ အမျိုးသားတစ်ဦး၊ စုစုပေါင်း ဦးသေဆုံးပြီး လူ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် နောက်ထပ် လက်နက်ကြီးကျည်များကျရောက်မည်ကို စိုးရိမ်သဖြင့်  ရွာသားများသည်  ရွာမှထွက်ပြေးကာ ဘေးကင်းရာ၌ ခိုလှုံနေရခြင်းဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ