နိရဥ္စရာ၊ သြဂုတ် ၃၀/၂၀၂၂
၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ လက်နက်ကြီးကျည်စထိန်မှန်သေဆုံးခဲ့၇သည့် အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်းကို ယနေ့လယ် ၁ နာရီအချိန်တွင် မြောက်ဦးမြို့ မင်းသားကျွန်းသုသာန်၌ ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။
သြဂုတ်လ (၂၈) ရက် ညနေ ၄ နာရီကျော်တွင် မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခမ၇ ၃ရ၇နှင့် ၃၇၈ တို့က ရွာထဲကို တမင်ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းကလေးငယ် အပါအဝင် ရွာသား ၃ ဦး လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့၇သည်။
သေဆုံးသွားသူ မောင်မြတ်သူလင်း၏ မိခင်ဖြစ်သူ ဒေါ်ဦးဝင်းခိုင်မှာလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာဖြင့် မြောက်ဦးဆေးရုံတွင်ဆေးကုသနေ၇သော်လည်း ယနေ့တွင် သားဖြစ်သူ၏ အသုဘကို တက်ရောက်ခဲ့သည်။
“ အလွန်စိတ်မကောင်းစရာမြင်ကွင်းပါဘဲ။ သားဖြစ်သူက လက်နက်ကြီးကျည်စထိပြီးသေတယ်။ မိခင်ဖြစ်သူက ဒဏ်ရာ၇ပြီး ဆေးရုံတင်ထား၇တယ်။ ဖခင်ဖြစ်သူက မလေးရှားမှာ အလုပ် သွားလုပ်နေတယ်။ ဒဏ်ရာတွေ၇ထားတဲ့ကြားက သားဖြစ်သူအတွက် မိခင်တယောက်ရဲ့ ငိုကြွေးသံက လူတိုင်းအတွက် ဝမ်းနည်းစရာပါဘဲ” ဟု အသုဘကို တက်ရောက်ခဲ့သူ မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
ဖခင်ဖြစ်သူမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်၍ သားဖြစ်သူ၏နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မ၇ခဲ့ဟု မိသားစုဝင်များက ပြောသည်။
စစ်တပ်က ပစ်ခတ်၍ လက်နက်ကြီးကျည်စ ထိမှန် သေဆုံးသွားသူ နောက်ထပ် လူကြီး ၂ ဦးမှာ ကင်းဆိပ်ကျေးရွာမှ အသက် (၆၆)နှစ် အရွယ် ဒေါ်အေးနုယဉ်နှင့် မြောက်ဦးမြို့နယ် ချောင်းသစ် ကျေးရွာသား ဦးလှမောင်သိန်း(၄၂ နှစ်)တို့ ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးကို ယမန်နေ့ သြဂုတ် (၂၉ )ရက် နေ့လယ်က မြောက်ဦးသုဿန်တွင်ပင် သင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။
မြန်မာစစ်တပ်သည် လူနေကျေးရွာများထဲကို ယခုတစ်ကြိမ်သာ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ယခင်၇ခိုင်စစ်ပွဲတုန်းကလည်း အရပ်သားများကိုရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာသားအများအပြား သေဆုံးခဲ့၇သည့် ဖြစ်စဉ်များရှိခဲ့သည်။
၂၀၂၀ ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲသို့ ၎င်းမြို့အခြေစိုက် ခမ၇ ၅၅၀ က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသား ၈ ဦးသေဆုံးခဲ့ကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန် ၃ ရက်နေ့က ၇ခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ရွာသား ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။
၇ခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ညောင်ကန်းကျေးရွာတွင် စက်တင်ဘာလ ၈ ရက်နေ့က လက်နက်ကြီး ကျည်ကျရောက်၍ မူလတန်းပြဆရာမ ဒေါ်မိုးသဇင်နှင့် သမီးဖြစ်သူတို့ အပါအဝင် အရပ်သား ၅ သေဆုံးခဲပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။