Preview

ရသေ့တောင်တွင် ရိက္ခာဆင်းယူသည့်စစ်ကြောင်းခြုံခိုတိုက်ခိုက်ခံ၇၍ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ယမန်နေ့ညက တိုက်ပွဲယနေ့နံနက်ဆက်ဖြစ်

သြဂုတ် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :6358
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၃၁/၂၀၂၂(သတင်းတင်ချိန် နံနက် ၁၀ နာရီ ၅မိနစ်)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ညနေကရိက္ခာဆင်းယူသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်( AA)က ခြုံခိုတိုက်ခိုက်သဖြင့် စစ်သား ၄ ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

မနေ့က မညင်းတောင်စခန်းကနေ ကုလားချောင်းကို ရိက္ခာဆင်းယူတဲ့စစ်ကြောင်းကို အေအေက ခြုံခိုတိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သား ၄ ဦးကျသွားတယ်လို့  သိရပါတယ်။ အေအေဘက်က ကျဆုံးတာမရှိပါဘူးဟုအေအေနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရိက္ခာများကို ဇက်ရေယာဉ်ဖြင့် စစ်တွေကနေရသေ့တောင်မြို့နယ် မြောက်ပိုင်း ကုလားချောင်းကျေးရွာကို မေယုမြစ်အတိုင်း သယ်ယူပြီး၊ကုလားချောင်းကျေးရွာမှ တဆင့် မညင်းတောင်စခန်းကို စစ်သားများက သယ်ယူကာ ၎င်းမှ တဆင့် ငစံဘော်ချောင်းကိုဖြတ်ကာ ရေစိုးချောင်း ဗျူဟာကို ပို့ဆောင်လေ့ရှိသည်ဟု သိ၇သည်။

 ဇက်သင်္ဘောကရိက္ခာကို သူတို့ ဆင်းယူတဲ့ အချိန်မှာ ခြုံခိုပြီးတိုက်တာ။မနေ့က ဇက်ရေယာဉ် လာတာရှိတယ်။ အေအေကကြားဖြတ်တိုက်သွားတာပါ။ တိုက်ပွဲကတော့ တစ်နာရီလောက်ဘဲကြာပါတယ်။ ဒါပေမယ့် လက်နက်ကြီးတွေ ပစ်တာကတော့ အချိန်တော်တော်ကြာတယ်ဟု ပြောသည်။

အဆိုပါ စစ်သား ၄ ဦး ကျဆုံးသွားမှုနှင့် ပတ်သက်ပြီး အေအေဘက်ကရောစစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်ကြားခြင်းမရှိသေးသလို ဆက်သွယ်မေးမြန်း၍လည်း မရသဖြင့်သီးခြားအတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။

မနေ့ကတိုက်ပွဲမှာ နာရီခွဲခန့်ကနေ  ညနေ နာရီကျော်ထိ ဖြစ်ပွားခဲ့ပြီး၁ နာရီခန့် ကြာဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများကိုလည်း အဆက်မပြတ် ကြားခဲ့၇သည်ဟုဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ယနေ့ နံနက် ရ နာရီခွဲခန့်ကလည်းဆက်လက် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့ရကာ နာရီဝက်ခန့်ကြားခဲ့သည်ဟုဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီရဟတ်ယာဉ်များ ဝဲပျံနေသည်ကို မြင်တွေ့၇သည်ဟုလည်းဒေသခံများက ပြောဆိုသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.