Preview

ရခိုင်ပြည်သစ်(သို့) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင်အခြေခံရမည့်မူနှင့် အကြံပြုချက်များအား ANPCC က ထုတ်ပြန်

စက်တင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :3589
ရခိုင် သတင်း
နိရဥ္စရာ၊ စက်တင်ဘာ /၂၀၂၂


၇ခိုင်ပြည်သစ်(သို့) အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံ၇မည့် လူသားလုံခြုံရေးဆိုင်ရာအခြေခံမူနှင့် အကြံပြုချက်များအား ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)က ထုတ်ပြန်လိုက်သည်။


စာမျက်နှာ ၃၅မျက်နှာပါဝင်သည့် အဆိုပါအကြံပြုချက်များကို ANPCC ၏ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ (၃)ရက်တိုင်တိုင် Zoommeeting ဖြင့်ပြုလုပ်ခဲ့သော လူသားလုံခြုံရေး အခြေခံမူများနှင့်အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး သြဂုတ်လ (၂၆) ရက်တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


ANPCC မှမူဝါဒရေးရာပဲ့ကိုင်ကော်မတီဝင် ဒေါ်မညိုအေးက ဒီလူအဖွဲ့အစည်းမှာ ရှိနေထိုင်ကြတဲ့လူတွေဟာ အခုထုတ်ပြန်ထားချက်တွေထဲကကိုယ်တို့ကြိုက်တဲ့မူတွေကို ယူသုံးလို့၇တယ်။ ဖြည့်စွက်ချင်ရင်လည်းဖြည့်စွက်ဖို့အကြောင်းကို စာနဲ့ပေနဲ့ ပြောလို့၇တယ်။ အချက်အလက်အကောင်းလေးတွေကိုယူသုံးဖို့ဆိုရင်လည်း သုံးလို့၇အောင်ပေါ့လေအဲလိုမျိုးထုတ်ပြန်လိုက်တာပါ။ ဒီအချက်တွေ အသုံးဝင်ဖို့၊ မဝင်ဖို့ဆိုတာထက်၊အသုံးပြုဖို့၊ မပြုဖို့၊ အသုံးပြုခြင်း၊ မပြုခြင်းဆိုတာထက်ဘယ်မှာသွားပြီး မူတည်မလဲဆိုရင်တော့ ကိုယ်တို့ ရခိုင်ပြည်မှာတော့ဒီလိုမူကြမ်းလေးတစ်ခုရှိနေတယ်ဆိုတာကို လူတွေသိစေချင်ပါတယ်။ အဲဒီသဘောပါဟုနိရဥ္စရာကိုပြောသည်။


အဆိုပါအကြံပြုချက်များကိုANPCC အဖွဲ့ဝင်များကိုကိုယ်စားပြုသော ရခိုင်တော်လှန်ရေးပါတီ (၂)ဖွဲ့ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(ALA/(ALP)နှင့်ရက္ခိုင်ပြည်အမျိုးသားကောင်စီ/ ၇ခိုင်ပြည်တပ်မတော်(ANC/AA)၊ရခိုင်နိုင်ငံရေးပါတီ (၃) ဖွဲ့ဖြစ်သော ၇ခိုင်အမျိုးသားပါတီ(ANP)၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ၇ခိုင့်ဦးဆောင်ပါတီ(AFP)၊ ဌာနေတိုင်းရင်းသားနိုင်ငံရေးပါတီ (၃) ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများမှ တရားဝင်ကိုယ်စားလှယ် (၁၈) ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂)ဦးတို့က တညီတညွတ်တည်းဆုံးဖြတ်ကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း ANPCCက ဆိုထားသည်။


ANPCC မှ မူဝါဒရေးရာပဲ့ကိုင်ကော်မတီဝင်ဒေါ်မညိုအေးက လူမျိုးတိုင်း လူမျိုးတိုင်းမှာအခြေခံမူလေးတွေ ချပြီး ရှိကြတယ်ပေါ့လေ။ ဥပမာ ကရင်တို့မှာဆိုရင်လည်းဒီလိုမူတွေထွက်ပြီလေ။ တခြားတခြားသောနေရာတွေမှာလည်း ထွက်ကြတယ်ဆိုတော့ကိုယ်တို့ ၇ခိုင်ပြည်မှာလည်း အဖွဲ့အစည်းပေါင်းစုံနဲ့ ဒီလိုမူလေးတစ်ခုထုတ်ထားတယ်ဆိုတော့ဒီမူကို ဘယ်သူပဲ သုံးသုံးပေါ့။ အဲလိုသဘောမျိုးနဲ့ ဘယ်အဖွဲ့အစည်းပဲတက်လာလာကိုယ်တို့ ကြိုက်နှစ်သက်ရာကို ယူသုံးလို့၇တယ်ဟု ပြောသည်။


အဆိုပါအကြံပြုချက်များတွင် နိုင်ငံရေးဆိုင်ရာလုံခြုံရေးခေါင်းစဉ်အောက်၌ ရခိုင်ပြည်တွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများနှင့်ပတ်သက်၍လည်းကောင်း၊မြန်မာအစိုးရနှင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့များမှဖမ်းဆီးမှုများနှင့် ပတ်သက်၍လည်းကောင်း၊ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှဖမ်းဆီးမှုများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရေးသားထားသည်။


အလားတူ ပုဂ္ဂလိကလုံခြုံရေးခေါင်းစဉ်အောက်တွင် တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သောတရားစီရင်ရေး၊ အမျိုးသမီးများအပေါ် ကျူးလွန်သောပြစ်မှုများ၊ မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည့်ကဏ္ဍများကိုရေးသား ဖော်ပြထားသည်။


ရပ်ရွာလူမှုအသိုင်းအဝိုင်းလုံခြုံရေးခေါင်းစဉ်အောက်တွင်စစ်ဘေးရှောင်/ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများကဏ္ဍ၊နိုင်ငံသား(သို့)မဟုတ် တိုင်းရင်းသားသတ်မှတ်မခံရသည့် မူဆလင်ဒုက္ခသည်များကဏ္ဍ၊ဌာနနေတိုင်းရင်းသား/ရခိုင်မျိုးနွယ်စုရေးရာကဏ္ဍ၊ ကမန်လူမျိုးစုရေးရာကဏ္ဍ၊ခမီလူမျိုးစုရေးရာကဏ္ဍ၊ လူမှုအသိုင်းအဝိုင်းတွင်းအကြမ်းဖက်မှု/ပဋိပက္ခစသည့်အကြောင်းများကို ရေးသားထားသည်။


စားနပ်ရိက္ခာ လုံခြုံရေး၊ကျန်းမာရေးဆိုင်ရာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဆိုင်ရာလုံခြုံ၇ေး၊သဘာ၀ပတ်ဝန်းကျင် လုံခြုံရေးစသည့်ကဏ္ဍများကိုလည်းထည့်သွင်းဖော်ပြထားသည်ကိုတွေ့၇သည်။


အဆိုပါအကြံပြုချက်များကိုမကြာမီ စာအုပ်ထုတ်ဝေဖြန့်ချိသွားမည်ဟုလည်း သိ၇သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.