Preview

မူဆလင်၆၅ဦးကို လိုက်ပါပို့ဆောင်သူ ၄ဦးနှင့်အတူဧရာ၀တီတိုင်းတွင်ဖမ်းဆီး၊ အစာရေစာငတ်ပြတ်လပ်၍ ရဦးသေဆုံး

စက်တင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :3021
ရခိုင် သတင်း
နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၂၂

၇ခိုင်ပြည်နယ် စစ်တွေမြို့မှစက်လှေတစ်စီးဖြင့်ထွက်ခွာလာသည့် မူဆလင် ၆၅ ဦးကို  လိုက်ပါပို့ဆောင်သူ ၄ ဦးနှင့်အတူ ဧရာ၀တီတိုင်းဒေသကြီးတွင် ဖမ်းဆီးမိပြီး  ယင်းအနက်မူဆလင် ရ ဦးမှာ လမ်းခရီးတွင် အစာရေစာငတ်ပြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ယနေ့စက်တင်ဘာလ ၁ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ဖမ်းဆီးခံလိုက်၇သည့်  ၆၅ ဦးတွင်အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂၉ ဦးတို့ပါဝင်ပြီး သူတို့ကို ပို့ဆောင်သူ ၄ ဦးမှာ  ၇ခိုင်ပြည်နယ် သံတွဲ၊ မင်းပြား၊ ပေါက်တောနှင့်ရမ်းဗြဲမြို့နယ်တို့မှဖြစ်သည်ဟု ဆိုသည်။

သူတို့သည် သြဂုတ်လ ၂၉ရက် ည ၁၀ နာရီခွဲခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ဂယက်ကြီးကျွန်း(ခေါ်)ခတ္တာကျွန်းအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့၏ဖမ်းဆီးခြင်းကို ခံလိုက်၇ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မူဆလင် ၆၅ ဦးသည်  စစ်တွေမြို့နေဦးစီမန်(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ယခု သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊  စစ်တွေမှ ပုသိမ်မြို့ ငွေသောင်ယံကမ်းခြေသို့စက်လှေဖြင့် ပို့ဆောင်ရန် ငွေကျပ်သိန်း ၂၀၀ ဖြင့် သဘောတူပြီးစရန်ငွေစက်လှေငှားရမ်းခ ၂၅ သိန်း လက်ခံကာ  ပို့ဆောင်ခြင်းဖြစ်ကြောင်း စက်လှေမောင်းဖြစ်သူ သံတွဲမြို့နယ်ကွင်းဝိုင်းကျေးရွာမှ ဦးကျော်ဇောလင်း(၃၇ နှစ်)အား စစ်ဆေးမေးမြန်းချက်အ၇ သိ၇သည်ဟုဆိုသည်။

သြဂုတ်လ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့မဈေးဆိပ်ကမ်း၌ သူတို့သယ်ဆောင်ကာစစ်တွေမှ ပင်လယ်ပြင်အတိုင်း ကျောက်ဖြူ-မာန်အောင်-ငပလီ-သံတွဲတို့ကိုဖြတ်သန်းမောင်းနှင်ပြီး ရွှေသောင်ယံအနီးပင်လယ်ပြင်တွင် ကျောက်ချရပ်နားခဲ့သည်ဟု ဆိုသည်။

သြဂုတ်လ ၂၅ ရက် နေ့လယ် ၂ နာရီတွင်ဦးစီမန်က ဖုန်းဆက်ကာ ရွှေသောင်ယံတွင် ကမ်းကပ်၍မ၇ကြောင်း GPS ဖြင့် ပွိုင့် (၇)  ပွိုင့်ပေးပြီး မောင်းနှင်ခိုင်းသဖြင့် မောင်းနှင်ခဲ့ရာသြဂုတ်လ ၂၆ ရက် ည ၁၀ နာရီတွင် ကဒုံကနိကျွန်းသာယာအနီး ပင်လယ်ပြင်တွင်ကျောက်ချရပ်နားပြီး ဦးစီမန်စေလွှတ်သည့်အဖွဲ့အား စောင့်ဆိုင်းနေစဉ်ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်ဟုထွက်ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ပေးသူ၄ ဦးနှင့် ဖမ်းဆီးခံ၇သူများအား ဥပဒေနှင့်အညီစစ်ဆေးအရေးယူနိုင်ရေး ခေတ္တထိန်းသိမ်းထားစဉ်မူဆလင်အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် လမ်းခရီး၌ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လပ်မှုတို့ကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားနေသဖြင့်လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့သော်လည်း မူဆလင်အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦးတို့မှာ သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိ၇သည်။

လက်ရှိတွင်ဖမ်းဆီးရမိသူများအား ဘိုကလေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုသိ၇သည်။

ဓာတ်ပုံ -ရခိုင်ပြည်ပြင်ပတွင်ဖမ်းဆီးခံ၇သည့်မူဆလင်များအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းအစိုးရက  ၇ခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ခဲ့စဉ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.