အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မိုင်တိုင်(၄၀) စခန်းကျသွားမှုအပေါ် အခဲမကျေသည့်စစ်ကောင်စီ လေယာဉ်ဖြင့်လာပစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

နိရဥ္စရာ၊ စက်တင်ဘာလ ၁/၂၀၂၂

ရခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် (၄၀) နယ်ခြားစောင့်တပ်စခန်းအား  ရက္ခိုင့်တပ်တော်(AA) က သိမ်းယူလိုက်သည့် အပေါ် အခဲမကျေ ဖြစ်နေသည့် စစ်ကောင်စီသည် ယနေ့ နေ့လယ်က ဂျက်တိုက်လေယာဉ်ဖြင့် ၎င်းစခန်း အနီးဝန်းကျင်ကို ဆက်လက် လာရောက် ပစ်ခတ်ခဲ့သည်ဟု တင်းရရှိသည်။ 

"အခု ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်ခဲ့တာပါ။ မိုင်တိုင် ၄၀ နဲ့ ၄၁ အနီးဝန်းကျင်ကို လာပစ်တာပါ။ မနေ့က အကျအဆုံးများလို့ထင်တယ်။ ဒီနေ့ ဘာတိုက်ပွဲမှ မရှိတော့ပါဘူး။ အခဲမကျေတဲ့ သဘောနဲ့ စ်ကောင်စီက လာပစ်နေတာပါ"ဟု ပြောသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ် နာရီကျော်အချိန်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးက နယ်စပ် တလျှောက် ပျံဝဲကာ ပစ်ခတ်ခဲ့သည်ကို မြင်ရကြောင်း ၎င်းဒေသခံက ပြောသည်။

ယမန်နေ့ ဩဂုတ် ၃၁ ရက်ကလည်း မိုင်တိုင် အမှတ် (၄၀) ပ်စခန်းကျသွားပြီးနောက်  စစ်ကောင်စီက လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ မိနစ် ၂၀ ကျော်ခန့် ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ဆက်လက် ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"စစ်လေယာဉ် ၂ စီးနဲ့  ဝဲပတ်ကာ မွှေ့ယမ်းပစ်နေတာ။ ဘယ်နှစ်လုံးတောင်ပစ်လဲ မပြောပြတက်တော့ဘူး။ တစ်ခါပစ်ရင် နှစ်လုံးတွဲ။ မနေ့က စခန်းသိမ်းခံရတဲ့နေရာ အနီးအနား တွေကိုလေ။ အဲ့ဒီဘက်မှာ AA ရှိတယ်ထင်ပြီး လာပစ်တာထင်ပါတယ်။  အေအေကလည်း ဒီလောက်မလည်ဘဲ စစ်တိုက်ပါ့မလား။ သူတို့လာပစ်နေပေမယ့် အေအေရှိတယ်လို့တော့ သံမကြားတော့ဘူး" ဟု ပြောသည်။

ယမန်နေ့ သြဂုတ် ၃၁ ရက်နေ့  နံနက် (၉) နာရီ (၁၂) မိနစ်တွင် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အထိုင်ချ အခိုင်အမာ စခန်းအား လက်တုံ့ပြန်သည့်အနေဖြင့် ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြနခဲ့သည်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ ရဲအုပ် စိုးစိုးပိုင်အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို AAက သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်ရက်များအတွင်း၌ အဆိုပါစခန်းအတွင်းမှ သေဆုံးသူများအား စခန်းအတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိခဲ့ရပြီး ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့ကြောင်း သိရသည်။ (NN-7)


( ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။)

ဆက်စပ် သတင်းများ