၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်မနွယ်သန္တာဝင်းအသတ်ခံ၇မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည့် လူငယ်နှင့်တွေ့ခွင့်၇ရန်မိသားစုက တောင်းဆိုလိုက်သည်။
၎င်းလူငယ်မှာမြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ (၅)ရပ်ကွက်မှ ဦးသိန်းမောင်နှင့် ဒေါ်လှသိန်းနွယ်တို့၏သားအသက် ၂၀ အရွယ် မောင်မျိုးချစ်စိုးဖြစ်သည်။
၎င်းကိုမနွယ်သန္တာဝင်းအသတ်ခံ၇မှုနှင့်ပတ်သက်ပြီး လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကာ ယမန်နေ့သြဂုတ်လ ၃၁ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်ဟုလည်း သိ၇သည်။
မိခင်ဖြစ်သူဒေါ်လှသိန်းနွယ်က "ဒီဘေးခန်းမှာလူသေနေတာမသိဘူးလားမေးတယ်လို့ပြောတယ်။ ကျွန်မသားက မသိဘူးလို့ဖြေတော့ဒီလောက်လူသေနေတာကိုတောင် မသိ၇ကောင်းလားဆိုပြီး ခေါ်သွားတယ်လို့ပြောတယ်။ အဲ့ဒီအချိန်မှာဆိုင်ကမန်နေဂျာက မြင်ပြီးတော့ ကျွန်တော့် လူကိုဘာလို့ ဖမ်းတာလဲမေးတော့ စခန်းမှူးကခဏလေးစစ်ဆေးစရာရှိလို့ စစ်ဆေးဖို့ခေါ်တာပါလို့ ပြောပြီး ကားနဲ့ဖမ်းခေါ်သွားတာပါ။အဲ့ဒီနေ့ကနေ ဒီနေ့ထိ တွေ့ခွင့်မ၇ဘူး"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
မောင်မျိုးချစ်စိုးကို ပြီးခဲ့သည့်သြဂုတ်လ ၁၆ ရက် နံနက် ၈ နာရီအချိန်တွင် စစ်တွေမြို့မရဲစခန်းက လာရောက် ခေါ်ယူ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိတွေ့ခွင့်မ၇သေးဟု မိခင်ဖြစ်သူက ပြောသည်။
မောင်မျိုးချစ်စိုးသည် မနွယ်သန္တာဝင်းအသတ်ခံ၇သည့်ဆိုင်အနီးအနားမှ ဂတ်စ်ဆိုင်၌ အလုပ် လုပ်နေသည့် လူရိုး၊လူအတစ်ဦးဖြစ်ပြီး မတရားမှုကိုမကျူးလွန်မိဘဲ မတရားစွပ်စွဲခံရမည်ကိုလည်းစိုးရိမ်နေသည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က ဆက်ပြောသည်။
"မတရားဖမ်းဆီးထားတော့ အမြန်ဆုံးလွတ်စေချင်တယ်။အပြစ်မကျူးလွန်ဘဲ ကျွန်မသားက မတရားချောက်ချခံ၇တာ။ လူပျိုတစ်ယောက်ကိုမတရားအညွန့်ချိုး စွပ်စွဲဖမ်းဆီးထားတာ။ ကျွန်မမှာတော့ မစားနိုင်မသောက်နိုင်နဲ့။မျက်ရည်နဲ့မျက်ခွက်ဖြစ်နေ၇တယ်။ ငိုပြီးတာ့ ခဏလေးတွေ့ရရင်ရပါပြီလို့ရဲစခန်းမှာတွေ့ခွင့်တောင်းရင်တောင် အမေတစ်ယောက်ရဲ့ ခံစားချက်ကိုသိတယ်။ စခန်းမှူးကမတွေ့ခိုင်းတာလို့ ပြောတယ်" ဟု ပြောသည်။
ယမန်နေ့ကမောင်မျိုးချစ်စိုးကို ရုံးထုတ်လာသော်လည်း မိသားစုနှင့် တွေ့ခွင့်မ၇ခဲ့ကြောင်း၊ သူ့တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ခဲ့၇ကြောင်း မိခင်းဖြစ်သူက ဆက်လက်ပြောဆိုသည်။
"အရမ်းကို ရိုက်နှက်ထားကြလို့နားနှစ်ဖက်လည်း ဘာမှမကြား၇တော့ဘူး။ ခန္ဓာကိုယ်တွေမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်လို့ ဆေးဝယ်ပေးခဲ့၇တယ်။ ပြီးတော့ကျွန်မသားမှာ အဆောင်မှာလှန်းထားခဲ့တဲ့အဝတ်တွေကိုယူပြီး ဘယ်ကမှန်းမသိတဲ့ သွေးတွေ။ အသတ်ခံရတဲ့ မိန်းကလေးရဲ့ သွေးတွေလားဘာလား။ ဘယ်ကမှန်းမသိတဲ့သွေးတွေသုတ်ပြီးတော့ မင်းတို့ကောင်မလေးကို သတ်တယ်မလားဆိုပြီးရိုက်ပြီးမေးကြတယ်လို့ သားကထွက်ဆိုတယ်။ မင်းလုပ်နေတဲ့ဆိုင်ကသူဌေးနဲ့ပေါင်းသတ်ပြီး ဒီဘက်ဆိုင်ထဲကိုအလောင်းပစ်ချလိုက်တာမလားဆိုပြီးအတင်းမေးကြတယ်လို့ တရားရုံးမှာပြောတာကို ကျွန်မအပြင်က ကြား၇တယ်" ဟုပြောသည်။
မောင်မျိုးချစ်စိုးကိုလာမည့် စက်တင်ဘာလ ၁၄ ရက်တွင် ထပ်မံရုံးချိန်းခေါ်ယူထားသည်ဟုလည်း မိခင်ဖြစ်သူကပြောသည်။
မောင်မျိုးချစ်စိုးသည် အတန်းပညာကို၄ တန်းအထိသာသင်ကြားခဲ့၇ပြီး ၉ နှစ်အရွယ်တွင် ကိုယ်ရင်ဝတ်ကာ ရန်ကုန်နှင့်မိတ္ထိလာတွင် သာမဏေကျော်ဖြေရန် သထုံစာသင်တိုက်သို့ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့်သာမဏေကျော်ဘွဲ့ဖြေကာ အောင်မြင်ခဲ့သူဖြစ်သည်ဟုလည်း သိ၇သည်။
သာမဏေကျော်ဘွဲ့အောင်မြင်ပြီးနောက် လင်္ကာ၇ဘွဲ့ဆက်ဖြေကာ၄ နှစ်အောင်မြင်ပြီး နောက်တစ်နှစ်ဖ ြေဆိုရန် ကိုဗစ်ပိုးတွေ့ရှိသည်ဟုဆိုကာရွာပြန်လာ၍ လူထွက်ခဲ့သူဖြစ်သည်ဟု သိ၇သည်။
ယင်းနောက် ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ကာ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းပေါ်ရှိဂတ်စ်ဆိုင်၌ ဝင်ရောက်အလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း မိသားစုက ပြောသည်။
သူအလုပ်လုပ်ကိုင်သည့်ဆိုင်နှင့် ကပ်ရပ်ရှိ"Luminous/Livguard” ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌အလုပ်လုပ်နေသော အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် ဝမ်းဗိုက်၌ဓားထိုးဒဏ်ရာနှင့် လည်ပင်း၌ညိုမဲဒဏ်ရာများဖြင့်သေဆုံးနေသည်ကို သြဂုတ်လ ၁၅ ရက်ညနေပိုင်းက ဆိုင်အတွင်းရှိ စတိုခန်းတွင်တွေ့ရှိခဲ့သည်ဟု သိ၇သည်။
သူမအသတ်ခံရမှုကိစ္စကိုရဲတပ်ဖွဲ့နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့က ကိုင်တွယ်လျက်ရှိပြီးသံသယရှိသူများကိုလည်း နှစ်ဘက်စလုံးက ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု သိ၇သည်။
ယင်းသို့ စစ်ဆေးလျက်ရှိစဉ်ယမန်နေ့ သြဂုတ်လ ၃၁ ရက်တွင် မနွယ်သန္တာဝင်းအသတ်ခံ၇မှု၌ ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်၇မိပြီဟု ULA ကတရားဝင် ထုတ်ပြန်ခဲ့သည်။
သို့သော် ပြစ်မှုကျူးလွန်သူမှာမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားခြင်းမရှိ၍ သေဆုံးသူ၏မိသားစုဝင်များအပါအဝင်ထိုအမှုကို စိတ်ဝင်စားသူများကပြစ်မှုကျူးလွန်သူကို ထုတ်ပြန်ပေးရန်တောင်းဆိုလျက်ရှိသည်။(NN-12)