Preview

တရုတ်ရေနံဆိပ်ကမ်းတည်ရှိသည့်မဒေးကျွန်း၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းဖွဲ့စည်းထူထောင်

စက်တင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :6637
ရခိုင် သတင်း


နိရဥ္စရာ၊ စက်တင်ဘာ၁/၂၀၂၂

တရုတ်ရေနံဆိပ်ကမ်းရှိရာ ၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မဒေးကျွန်းတွင် နောက်ထပ် တရုတ်စီမံကိန်းများကိုလည်းဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်နေရာ ၎င်းစီမံကိန်း ကိစ္စများနှင့်ပတ်သက်၍ ကျွန်းပေါ်နေ ပြည်သူများကိုယ်စား ပြောဆိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မဒေးကျွန်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ဖွဲ့စည်းလိုက်ကြသည်ဟု  သိ၇သည်။

အဆိုပါအသင်းကို ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်က မဒေးကျွန်းအုပ်စု ဘုန်းတော်ကြီးကျောင်းတွင်မဒေးကျွန်းဒေသခံ ၁၀၀ကျော်ခန့်နှင့် ပူးပေါင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

လက်ရှိမဒေးကျွန်းတွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်တွင် ပါဝင်သည့်  ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်ကိစ္စနှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန်ဟုဆိုကာ  ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က မဒေးကျွန်းတွင် လူထုတွေ့ဆုံပွဲတစ်ခုကိုပြုလုပ်ခဲ့ကြောင်း သိ၇သည်။

အဆိုပါဆွေးနွေးပွဲတွင် ရေနက်ဆိပ်ကမ်းစီမံကိန်းကိုတာဝန်ယူဆောင်ရွက်နေသည့် CITIC consortium Myanmar Port Investment ကုမ္ပဏီဘက်မှမဒေးကျွန်းဒေသခံများအတွက် အဆင်ပြေစေဖို့အလုပ်အကိုင်အခွင့်အလမ်းများ ပေးအပ်မည်ဆို၍ ပြောဆိုသွားခဲ့သော်လည်းပွင့်လင်းမြင်သာစွာ တိတိကျကျဆွေးနွေးသွားခြင်းမရှိခဲ့ဟု တက်ရောက်ခဲ့သူများကပြောသည်

ယင်းကြောင့် မဒေးကျွန်းဒေသအတွင်းတွင်ဒေသခံများပူးပေါင်း၍ ယခုကဲ့သို့အသင်းတစ်ခု ဖွဲ့စည်းပြီးခိုင်ခိုင်မာမာရှိမှသာလျှင် ၎င်းစီမံကိန်းများနှင့်လက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်ကာ ပြောသင့်သည့်စကားများကိုလည်း ဒေသခံများကိုယ်စား အဆိုပါအသင်းက ပြောဆို၊ တောင်းဆိုနိုင်မည်ကိုရည်ရွယ်၍ ယခုအသင်းကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်း အသင်း၏အသင်းပြန်ကြားရေးတာဝန်ခံဦးထွန်းကြည်က နိရဥ္စရာကို ပြောသည်။

အခုအဓိကလုပ်ဆောင်မှာက မဒေးကျွန်းပေါ်မှာ အဓိကလုပ်ဆောင်နေတဲ့ CITIC က ပွင့်လင်း မြင်သာမှုမရှိတဲ့ကိစ္စတွေကို ကျနော်တို့ဒီအသင်းက စာပို့ပြီးတော့ ဒေသခံတွေနဲ့ ဆွေးနွေးပွဲလုပ်ပြီး ဒေသခံတွေရဲ့လိုအပ်ချက်တွေကိုဆက်ပြီးတောင်းဆိုသွားမှာကို ပထမအစီအစဉ်အနေနဲ့ လုပ်ဆောင်သွားဖို့ရှိပါတယ်ဟုပြောသည်။

လက်ရှိ အဆိုပါအဖွဲ့တွင်မဒေးကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မဒေးကျွန်း ကျောင်းဆရာတော်တို့ကနာယကအဖွဲ့ဝင်များအဖြစ် ပါဝင်ထားပြီး မဒေးကျွန်း ဒေသခံအများအပြားလည်း အဖွဲ့ဝင်များအဖြစ်ပါဝင်ကြောင်းသိ၇သည်။

အဆိုပါအသင်းအဖွဲ့ကမဒေးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မဒေးကျွန်းဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးတို့အတွက်  လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိ၇သည်။

ပြီးခဲ့သည့် သြဂုတ်လ၂၈ ရက်က မဒေးကျွန်းဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် CITIC ကုမ္ပဏီနှင့်ဒေသခံလူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံများ၏စကားသံကိုသေချာဆွေးနွေးပြောပြခွင့်မ၇ခဲ့ဘဲ CITIC ကုမ္ပဏီ၏လုပ်ငန်းစဉ်များကိုလည်းပွင့်လင်းမြင်သာစွာချပြခဲ့ခြင်းမရှိခဲ့ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့်ဒေသခံတစ်ဦးကလည်းပြောဆိုသည်။

သူတို့ပြောချင်တာတွေပဲပြောသွားတယ်။ ကျနော်တို့မေးတဲ့မေးခွန်းတွေကိုကျတော့ သေချာ တိကျတဲ့အဖြေမပေးဘူး။ ကျနော်တို့ကရေလုပ်သားတွေဖြစ်တဲ့အတွက် သူတို့ သင်္ဘော ပင်လယ်မှာကပ်ထားချိန်ဆိုရင် ငါးရှာထွက်လို့မ၇ဘူး။ကျနော်တို့ဒေသခံတွေအတွက် အခက်အခဲတွေအများကြီးရှိတယ်။ကျနော်တို့ကို အလုပ်ပေးမယ်ဆိုရင်လည်း ရေရှည်သွားလို့၇မယ့် အလုပ်ပဲပေးစေချင်တယ်။ ကျနော်တို့မှာ အလုပ်အကိုင်တွေဆုံးရှုံးထား၇တာလေ။သူတို့က ဒေသခံတွေအတွက် ဟိုလုပ်ပေးမယ်၊ဒီလုပ်ပေးမယ်ဆိုပြီး တခုမှသေချာဖြစ်လာတာမရှိဘူးဟုပြောသည်။

မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်းအစိတ်အပိုင်းများအဖြစ် ရေနက်ဆိပ်ကမ်းရှိရာကျွန်းနှစ်ကျွန်းကိုဆက်သွယ်မည့် ၁၅ ကီလိုမီတာအရှည် ၄ လမ်းမောင်း လမ်းနှင့်တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် စီမံကိန်း ကုမ္ပဏီကိုယ်စားသဘာ၀ပတ်ဝန်း ကျင်နှင့် လူမှုစီးပွားရေးအပေါ် အကျိုးသက်ရောက်မှုလေ့လာဆန်း စစ်ချက်ကို CITIC consortium မှ ဆောင်ရွက်ခွင့် ရရှိထားသည်ဟု သိ၇သည်။

အဆိုပါမဒေးကျွန်တွင်ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် အခြားစီမံကိန်းများလည်း လုပ်ဆောင်လျက်ရှိကြပြီးဒေသခံများအတွက် အလုပ်အကိုင်ရေရေရာရာအတည်တကျမရရှိခြင်းနှင့်ဒေသဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

၎င်းပြင်  ဒေသအတွင်းကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရန် ကျောင်းဆောင်သစ်များ လိုအပ်နေသလိုကျောင်းသို့သွားလာရာတွင်အသုံးပြုနေ၇သည့် လမ်းများမှာလည်း ဆိုးရွားစွာပျက်စီးမှုမျာ ရှိနေသည်ဟု သိ၇သည်။

ဆိုပါစီမံကိန်းများကို မဒေးကျွန်းတွင် အကောင်အထည်မဖော်ခင်က  ဒေသတိုးတကဖွံ့ဖြိုးရေးနှင့်  အလုပ်အကိုင် အခွင့်အလန်းများပေး ဖန်တီးပေးမည်ဟုဆိုသောကတိကဝတ်များမှာလည်း လက်ရှိတွင်ပျောက်ဆုံးနေသည့်အပေါ်ဒေသခံများက မေးခွန်းထုတ်ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်နေသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်းအတွက်ကျောက်ဖြူဒေသခံပြည်သူများထံမှ လယ်မြေဧက အများအပြားကို တန်ဖိုးငွေအနည်းငယ်ပေးပြီးသိမ်းယူရန် စီစဉ်နေသဖြင့် လယ်မြေများအသိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟုလည်း ဒေသခံ လယ်သမားများက ပြောကြားသည်။ (NN-8)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.