Preview

AA သိမ်းယူသွားသော နယ်စပ်တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရန်စစ်ကောင်စီဆောင်ရွက်နေဟုဆို

စက်တင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :2021
ရခိုင် သတင်း
နိရဥ္စရာ၊ စက်တင်ဘာ ၂/၂၀၂၂

ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်သွားသည့်မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ရှိ တပ်စခန်းအားပြန်လည်သိမ်းပိုက်ရယူနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်နေသည်ဟုစစ်ကောင်စီက ထုတ်ဖော်ပြောဆိုသည်။

ယနေ့စက်တင်ဘာ ၂ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် အဆိုပါစခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးစစ်ကူ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြထားသည်။

နှစ်နိုင်ငံနယ်ခြားမှတ်တိုင် အမှတ်ဘီပီ-၄၀ ရှိ အင်အားအနည်းငယ်သာရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအားသြဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရကာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရသည်ဟုထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

AA က ဩဂုတ် ၃၁ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင်မိုင်တိုင် (၄၀) နယ်ခြားစောင့် ခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း ၁၉ လောင်းနှင့် အရှင်တစ်ဦး၊လက်နက်ခဲယမ်း မီးကျောက်အများအပြားကိုသိမ်းဆည်း၇မိကြောင်း၊  AA ဘက်ကလည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်ဟု AA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းပြင် ယခုစခန်းကိုတိုက်ခိုက် သိမ်းပိုက်မှုသည် ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ မြောက်ဦးမြို့နယ်ကင်းဆိပ်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများ ပစ်ခဲ့မှုကြောင့် ၅ နှစ်အရွယ်ကလေးငယ် ၁ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့၇ပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ်အပေါ်လက်တုံ့ ပြန်သည့်အနေဖြင့်ယခုကဲ့သို့ နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၇ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့တပ်စခန်းသိမ်းပိုက်ခံလိုက်၇သည့်အတွက် စစ်တပ်က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့လယ်ပိုင်းကလည်း ယင်းတပ်စခန်းအနီးတဝိုက်ကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်မှုမျာ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.