ရခိုင်စာရေးဆရာဆရာသားလှ(၇သေ့တောင်)၏ “ဒရိုင်ဘာအဓိက”အမည်ရှိဟာသနှင့်သရော်စာဝတ္ထုတိုပေါင်းချုပ်စာအုပ်သည် ထွက်ရှိလာသည်ဟု သိ၇သည်။
အဆိုပါစာအုပ်ကို စစ်တွေရှိပျိုးခင်းသစ်စာပေက ယမန်နေ့ သြဂုတ်လ ၃၁ ရက်တွင် ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီးစာရေးသူ၏ ၅၃ နှစ်ပြည့်အဖြစ် ဟာသနှင့် သရော်စာဝတ္ထုတို ၅၃ပုဒ်ကိုထည့်သွင်းဖော်ပြထားသည်ဟု စာရေးသူ ဆရာသားလှ(ရသေ့တောင်)ကနိရဥ္စရာကို ပြောသည်။
“ရယ်စရာသက်သက်တော့ မဟုတ်ဘူး။ရယ်စရာနဲ့ အထေ့အငေါ့တွေ၊ သရော်စာတွေ၊ လောက အကြောင်းတွေ၊ ဝေဖန်ဖို့၊ဆင်ခြင်ဖို့၊ ဆောင်ဖို့၊ ရှောင်ဖို့၊ ပြုပြင်မဲ့ဟာတွေကို အမုန်းခံစေတနာနဲ့ရေးထားတာပါ။ အဓိကတော့ ကျနော်တို့ ၇ခိုင်ဒေသမှာ ပြန့်ကြဲနေတဲ့ သဘာ၀ကဟာသတွေ၊ သဘာ၀ဟာသတွေလည်း ရယ်စရာနောက်က မောစရာလေးတွေပါ၊ အဲလိုခံစား၇တာလေးတွေကိုမှတ်တမ်းတင်ပြီးတော့ ကျနော်တို့ ပြုပြင်မဲ့ဟာတွေကို ပြုပြင်ဖို့၊လက်တွေ့ကျင့်သုံးမဲ့ဟာတွေကို လက်တွေ့ကျင့်သုံးဖို့အတွက် ရေး၇ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
တစ်အုပ်လျှင် ကျပ်၃၅၀၀ ဖြင့် စစ်တွေအပါအဝင် အခြားမြို့နယ်များတွင်လည်း ဖြန့်ဝေလျက်ရှိနေပြီ ဖြစ်သည်။
စစ်တွေတွင်ဆိုလျှင်သုခမိန်၊ သူရိယ၊ လင်းနှင့် ဂန္ထဝင်စသည့်စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်သလိုစာရေးသူ၏ဖုန်း (၀၉ ၄၂၉ ၆၄၂ ၀၁၅)သို့လည်း တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်သည်ဟုဆရာသားလှ (၇သေ့တောင်)က ပြောသည်။
ယခုထွက်ရှိလာသည့်စာအုပ်သည်ဆရာသားလှ (၇သေ့တောင်)၏ လုံးချင်းစာအုပ်များအနက် ၄ အုပ်မြောက်ဖြစ်သည်ဟု သိ၇သည်။
ဆရာသားလှ (၇သေ့တောင်)တွင် ၂၀၀၇ခုနှစ်က “မရယ်ချင်ကေတောင်ပြုံးလိုက်ပါ”၊၂၀၁၂ ခုနှစ်က“အဟိ ရယ်ပစ်ချင်ထော”နှင့် ၂၀၁၅ ခုနှစ်က “ကွန်ထရိုးလိန်း အော်ဖီဆာ”စသည့် စာအုပ်များကိုရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။
ထို ၃ အုပ်အနက် “ကွန်ထရိုးလိန်းအော်ဖီဆာ”စာအုပ်သည်ပညာရေးဆိုင်ရာဆောင်းပါးများကို ရေးသားထားခြင်းဖြစ်ပြီးကျန် ၂ အုပ်မှာ ဟာသစာအုပ်များဖြစ်သည်။
ဆရာသားလှ(ရသေ့တောင်)သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက် ဇာတိဖြစ်ပြီး လက်ရှိတွင် စစ်တွေခရိုင်ပညာရေးမှူးရုံး၏လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ညိုစော(ပညာရေး)နှင့်မောင်းမောင်(ကိန်းသာမြီ)ကလောင်ခွဲများဖြင့်လည်း စာပေများရေးသားလျက်ရှိသည်။