နိရဉ္စရာ၊ စက်တင်ဘာ ၂/၂၀၂၂
အိန္ဒိယနယ်စပ်အနီးတွင်တည်ရှိသည့်ချင်းပြည်နယ်၊ပလက်၀မြို့နယ်၊ မြိတ်၀ကျေးရွာစစ်ကောင်စီ တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာ၁ရက်ညနေပိုင်းကတိုက်ခိုက်ခဲ့ပြီးနောက်ယနေ့နံနက်ကအဆိုပါစခန်းအနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့သည်ဟုသတင်းရရှိသည်။
အေအေနှင့် နီးစပ်သူတစ်ဦးက" စခန်းကိုတိုက်တာက မနေ့ကစက်တင်ဘာ ၁ ရက် ညနေ ၅နာရီကနေစတိုက်တယ်လို့သိ၇ပါတယ်။ညနေ ၇ နာရီ နီးပါးထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မြိတ်၀စခန်းကို အေအေက သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေ၇ပါတယ်။ စစ်ကောင်စီတပ်က အကျများပြီး အလောင်းတွေကိုပုံထားတယ်လို့ သိ၇ပါတယ်။ ဒီနေ့မနက်တော့အဲဒီစခန်းအနီးဝန်းကျင်ကိုတိုက်ယာဉ်၂စီးနဲ့လာတိုက်ခိုက်ပါတယ်” ဟု၎င်းကပြောသည်။
စစ်သားများ ထိခိုက်ကျဆုံးမှုများပြားသောကြောင့် စစ်ကောင်စီသည် ယနေ့ နံနက် (၁၀) နာရီခန့်တွင် ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် မြိတ်၀စခန်းအနီးဝန်းကျင်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
၎င်းစစ်စခန်းသည်အိန္ဒိယနိုင်ငံ၊မီဇူရမ်နယ်စပ်အနီးတွင်တည်ရှိပြီးစစ်ရေးအ၇အရေးပါသည့်ခြေကုတ်စခန်းတစ်ခုဖြစ်သည်။
"အေအေက မြိတ်၀စခန်းကိုတိုက်ပြီး အဲ့ဒီနေရာမှာမနေဘဲ တပ်ဆုတ်နေကြပါပြီ။ စစ်တပ်ကတော့ အဲ့ဒီနေရာတွေကို လေယာဉ်နဲ့ ဗုံးလာကြဲတာပေါ့။ ရွာတွေကိုပါထိလာမှာစိုးလို့ ရွာသားတွေတော့ အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်" ဟု ပြောသည်။
လက်ရှိမှာ မြိတ်၀ကျေးရွာသားများသည် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများကို ထွက်ပြေးခိုလှုံနေ၇ပြီး မြိတ်၀ရွာဒေသခံများက ပြောသည်။
"မနေ့ကလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပါတယ်။ ဒီနေ့လည်း စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ လာတိုက်ပါတယ်။ ရွာသားတွေအကုန် ထွက်ပြေးနေ၇ပါပြီ။ ကျနော်တို့မှာ အခု စားဝတ် နေရေးတွေလည်း အခက်အခဲလည်း ရှိနေပါတယ်" ဟု ရွာသားတစ်ဦးက ပြောသည်။
မြိတ်၀တပ်စခန်းအား အေအေက တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီးရက္ခိုင့်တပ်တော်(AA) ပြောခွင့်၇သူ ဦးခိုင်သုခ နှင့် ၇ခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူ၇ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။
၎င်းစခန်းကျသွားခဲ့သည်ဟုသတင်းများထွက်ပေါ်နေသော်လည်းသက်ဆိုင်ရာတာဝန်ရှိသူများ၏အတည်ပြုချက်ရရန်နိရဉ္စရာသတင်းဌာနအနေနှင့် ကြိုးစားနေဆဲဖြစ်ပါသည်။
ရက္ခိုင့်တပ်တော် (AA) မှ အိန္ဒိယ-မြန်မာ နယ်စပ်တွင်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မြိတ်၀ ရွာသူ၊ရွာသားများ နယ်စပ်ဘက်ကို စစ်ဘေးရှောင်လာကြသောအခြေအနေဟုဆိုကာ ရုပ်သံဗီယိုဖိုင်တစ်ခုကို ယနေ့ ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ စက်တင်ဘာ၁ရက် နေ့လယ် ၁၂ နာရီလောက်ကနေ ၁ နာရီခွဲလောက်အထိ ပလက်၀မြို့နယ် နှမဒါချောင်း၊ ရီးမ၀ကျေးရွာအနီးတွင်လည်း အေအေနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိ၇သည်။
ဩဂုတ် ၃၁ ရက်ကလည်း မောင်တောမြို့နယ် မိုင်တိုင် အမှတ် (၄၀) နယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နောက်တစ်နေ့တွင် စစ်ကောင်စီက လေယာဉ်များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိ၇သည်။ (NN-7)
(ဓာတ်ပုံ-ထွက်ပြေးတိမ်းရှောင်လာသည့် မြိတ်၀ကျေးရွာသားများကို တွေ့၇စဉ်)