Preview

ရသေ့တောင်မြို့နယ်မှစစ်ဘေးရှောင် ၇၀၀ကျော်ကို လောင်းချောင်းလူငယ်များအသင်းက စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့

စက်တင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :10363
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂/၂၀၂၂

၇ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှကျေးရွာ ၁၀ ရွာမှ ထွက်ပြေးလာကြသည့်စ်ဘေးရှောင်၇၀၀ ကျော်အတွက် စားနပ်ရိက္ခာများကို လှူဒါန်းသည့် အဖွဲ့(၂) ခုကိုယ်စား မေယုကမ်းလောင်းချောင်းလူငယ်များအသင်းက သွားရောက်ထောက်ပံ့ပေးခဲ့သည်ဟုသိ၇သည်။

အဆိုပါအသင်းက ယနေ့စက်တင်ဘာလ ၂ ရက်၊နံနက် ရ နာရီမှစတင်ပြီး ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသောကျေးရွာများဖြစ်သည့် လောင်းချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကျွဲတပင်၊ မင်းဖူး၊ဇီးကုန်တန်း၊ သရက်ချောင်းအစရှိသည့် ကျေးရွာပေါင်း (၁၀)ရွာ၌ရှိသည့် စစ်ဘေးရှောင်များအားဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်စားနပ်ရိက္ခာများကို ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်(AllArakan Youth Organizations Network - AAYON) နှင့် Peace and Development Initiative - Khintha အဖွဲ့အစည်းများကထောက်ပံ့ခြင်းဖြစ်ပြီး လောင်းချောင်းလူငယ်များအသင်းက သွားရောက်လှူဒါန်းပေးခြင်းဖြစ်သည်ဟုလည်း သိ၇သည်။


လောင်းချောင်းလူငယ်များအသင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဖြိုးလွင်က "ကျွန်တော်တို့ကပြီးခဲ့တဲ့ ၃ရက်က ကောက်ယူထားတဲ့ စာရင်းအ၇ စစ်ဘေးရှောင်လူဦးရေ၇၅၂ ယောက်အတွက် စားနပ်ရိက္ခာထောက်ပံ့တာပါ။ လူတစ်ယောက်စီကို ဆီ၃၀ သား၊ ဆား ၆ကျပ်သား၊ ဆန် ၄ ပြည်နဲ့ နို့ဆီဘူး ၄ဘူး၊ ပဲ ၄ ဘူးကျစီထောက်ပံ့ပေးတာပါ" ဟု ပြောသည်။
လက်ရှိတွင်စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာများပြတ်လပ်နေပြီး တချို့ရွာများတွင် လူဦးရေ မမျှတနိုင်သည့်အခြေအနေများရှိ၍တခြားကျေးရွာများသို့ စစ်ဘေးရှောင် တာဝန်ခံများမှတစ်ဆင့်ခွဲပြီးပို့ပေးနေရသည့်အခြေအနေ အခက်အခဲများလည်းရှိသည်ဟု သိ၇သည်။


ထို့အတူ စစ်ဘေးရှောင်၅၀၀ ကျော်ခန့်မှာ နေရပ်ပြန်သွားကြပြီး ၇သေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စေတီပြင်ကျေးရွာဘက်သို့ ထွက်ပြေးလာကြသည့်ထပ်တိုးလာသည့် စစ်ဘေးရှောင်များလည်းရှိသည်ဟု သိ၇သည်။
"ထပ်တိုးလာတဲ့စစ်ဘေးရှောင်တွေကိုလည်း စေတီပြင်ဘက်က အဖွဲ့တွေနဲ့ပူးပေါင်းပြီးထောက်ပံ့ပေးသွားဖို့လည်းရှိတယ်" ဟု ပြောသည်။


အဆိုပါစစ်ဘေးရှောင်များသည်သြဂုတ်လ ၁၃ ရက်နောက်ပိုင်း ၇သေ့တောင်မြို့နယ်နှင့် မောင်တော မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်တပ်တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် အတွက်အိုးအိမ်စွန့်ခွာထွက်ပြေးလာကြခြင်းဖြစ်သည်။

တချို့ရွာများတွင် ဘုန်းကြီးကျောင်းများနှင့်လူနေအိမ်များတွင် ခိုလှုံနေ၇ပြီး ကျောင်းတက်ချိန်ဖြစ်၍စာသင်ကျောင်းဆောင်များ၌ခိုလှုံ၍ မ၇ကြဘဲ စားဝတ်နေရေးခက်ခဲနေသည်ဟုလည်းသိ၇သည်။ (NN-12)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.