နိရဉ္စရာ၊စက်တင်ဘာလ ၂/၂၀၂၂
၇ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင်ညမထွက်၇အမိန့်ပုဒ်မ ၁၄၄ ကို ၁ နာရီလျော့ပေါ့ပြီး ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ရက်စွဲဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ခိုင်လင်းနိုင်ကလက်မှတ်ရေးထိုးထုတ်ပြန်သည်။
ယခင်က ညမထွက်၇အမိန့်ကိုည ၉နာရီမှ နောက်တနေ့ မနက် ၅နာရီအထိဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ၁ နာရီ လျော့ပေါ့ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်ထဲတွင် - မြေပုံမြို့နယ်နယ်နမိတ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ဥယာဉ်သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ည(၂၁၀၀) နာရီမှ နောက်တစ်နေ့နံနက် (၀၅၀၀) နာရီအစား ည ၂၂၀၀ နာရီမှ နောက်တစ်နေ့ နံနက် (၀၅၀၀) နာရီအတွင်း တာဝန်ရှိသူမှအပ ခွင့်ပြုမိန့်မရှိဘဲ သွားလာခြင်း မပြုရန် “ ညမထွက်၇”အမိန့်အား တိုးမြှင့်၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ဆင့်လိုက်သည်ဟုပါရှိသည်။
ယခုကဲ့သို့ ၁ နာရီလျော့ပေါ့ ထုတ်ပြန်သော်လည်း ၎င်းညမထွက်၇အမိန့်မှာ ပြည်သူများအတွက် ကန့်သတ်မှုတစ်ခု ဖြစ်သဖြင့် နေ့တဓူ၀လုပ်ကိုင်စားသောက်နေ၇သည့် ပြည်သူများ၏ ဘ၀ကို ပိုမို အခက်အခဲဖြစ်စေသည်ဟု မြေပုံ ဒေသခံတစ်ဦးကပြောသည်။
'' သူတို့ထုတ်တဲ့ညမထွက်၇အမိန့်တွေက ပြည်သူကို လုံခြုံစေတာထက် ပြည်သူတွေကိုပိုပြီး အခက်အခဲဖြစ်အောင်လုပ်တာနဲ့ အတူတူပဲ။စားဝတ်နေရေးခက်ခဲနေတဲ့ကာလမှာ ဟိုဟာကန့်သတ် ဒီဟာကန့်သတ်နဲ့ ပြည်သူတွေကငတ်သေတော့မယ့်အခြေအနေမှာရှိနေပြီ။ကျွန်တော်တို့ကတော့ မလိုအပ်တဲ့ အပိုအလုပ်လို့ပဲမြင်တယ်''ဟု ၎င်းက နိရဉ္စရာသို့ မှတ်ပြုပြောဆိုသည်။
မြေပုံမြို့နယ်သည် စီးပွားရေးအားဖြင့်လယ်ယာလုပ်ငန်းပြီးနောက် ရေလုပ်ငန်းကို လုပ်ကိုင်သူများပြားကြောင်း၊ ရေလုပ်ငန်းကို လုပ်ကိုင်ရာ၌ညဉ့်နောက်ကျပြီးမှ အိမ်ပြန်ရောက်သည့် အခါလည်းရှိကြောင်း၊ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရာတွင်လည်းဒီရေနှင့် အချိန်ကို လိုက်၍ ငါးဖမ်းဘုတ်များအနေဖြင့် ထွက်ခွာရသည့် အချိန်ရှိကြောင်း၊ယခုကန့်သတ်ချက်ကြောင့် မြို့ပေါ်တွင်သာမက ကျေးလက်နေ အများပြည်သူများ၏ စားဝတ်နေရေးကိုလည်း ပိုမိုထိခိုက်စေကြောင်း ၎င်းက ပြောသည်။
မြေပုံမြို့နယ်တွင်''ညမထွက်၇''အမိန့်ကို ၂၀၂၁ မေလ၂ရက်နေ့ကတည်းက စတင်ထုတ်ပြန်ခဲ့ပြီး ၂လ တစ်ကြိမ်စီ ထပ်တိုးထုတ်ပြန်နေခြင်းဖြစ်ကြောင်း သိ၇သည်။
မြေပုံမြို့နယ်တွင် ညမထွက်၇အမိန့်ကို ထုတ်ပြန်၇ခြင်းမှာ ၇ခိုင်ပြည်နယ်တွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေတရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မိုင်းထောင်ခြင်း၊ ချောင်းမြောင်းတ ိုက်ခိုက်ခြင်း၊ ရဲကင်းနှင့်ရဲစခန်းများကိုတိုက်ခိုက်ခြင်း ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုကြောင့်ဆက်လက်ထုတ်ပြန်ရန် လိုအပ်နေ၍ ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်၇ကြောင်း ပါရှိသည်။
လက်ရှိ မြေပုံမြို့နယ်တွင် ရက္ခိုင့်တပ်တော် ( AA) နှင့် စစ်ကောင်စီတို့ အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်းစစ်ရေးလှုပ်ရှားမှုများနှင့် စစ်ငွေ့စစ်ရိပ်မှာ ယခင်ကထက် ပိုများလာသည်ပြီး တချို့နယ်ဘက်တွင်အချိန်မရွေးသေနတ်ထပေါက်နိုင်သည်ဟု ပြောဆိုသည်။