Preview

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်တွင် ညမထွက်၇အမိန့်ကို ၁နာရီထပ်တိုးထုတ်ပြန်၊လုံခြုံရေးအင်အားတိုးမြှင့်ပြီးစစ်ဆေးမှုလည်းပိုများလာ

စက်တင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :5621
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ၃/၂၀၂၂

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊အမ်းမြို့နယ်တွင် ညမထွက်၇အမိန့်ပုဒ်မ ၁၄၄ ကိုလည်း ၁ နာရီထပ်တိုးပြီးနောက်ထက်၂ လ တိုးချဲ့ထုတ်ပြန်လိုက်ကြောင်း မြို့ခံများကပြောသည်။

ယခင်ထုတ်ပြန်ထားသည့်ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်၇အမိန့်ကို ယမန်နေ့မှစတင်ကာည ၉ နာရီမှ နံနက် ၅ နာရီအထိ ()နာရီထပ်တိုးပြီး ၂ လသက်တမ်းထပ်မံတိုးလိုက်ကြောင်း မြို့ခံများက ပြောသည်။

ယခင်က ညမထွက်၇အချိန် ည ၁၀ နာရီကို ည၉ နာရီသို့  တိုးလိုက်သဖြင့် ယခင်ကထက် ညမထွက်၇သည့် အချိန်သည် တဖြည်းဖြည်းနည်းလာပြီး  ပြည်သူများအတွက် အခက်အခဲ ဖြစ်လာစေကြောင်း အမ်းမြို့ခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

''အခုတော့ ည ၉နာရီဆိုရင် ဆိုင်တွေကို စောစောသိမ်းရမယ့်အနေအထားမှာရှိသွားတယ်။ မနက်၅ နာရီဆိုရင်လည်း မနက်အစောကြီး အနီးအနားဝန်းကျင်က ရွာတွေက ဈေးရောင်းချဖို့လာတာရှိတယ်။သူတို့ဆိုရင် မနက် ၅ နာရီကနေ ပိတ်ထားတယ်ဆိုတော့ အခက်အခဲဖြစ်လာမယ်ပေါ့။အရင်ကဆိုရင်တော့ ည ၁၁ နာရီလောက်အထိဆိုတော့ လူတွေအိပ်တဲ့အချိန်ဖြစ်ပြီမို့သိပ်အနှောင့်အယှက်မဖြစ်ဘူးပေါ့နော် အခုက ည ၉ နာရီဆိုတော့ လုပ်ကိုင်စားသောက်၇တာ သိပ်အဆင်မပြေဘူး''ဟု ပြောဆိုသည်။

ညမထွက်၇ အမိန့်ကို တိုးလိုက်ပြီးနောက် က်တင်ဘာလ၂ ရက်၊ ညနေ ၆ နာရီခန့်က အမ်းမြို့တွင် စစ်ယာဉ်တန်းဖြင့်လှည့်လည်ပြီး စစ်ဆေးရေးဂိတ်အချို့တွင်လည်း စစ်သားအင်အားအများ အပြားချထားကြောင်းအမ်းဒေသခံများက ပြောသည်။

ထို့အပြင်အမ်းမြို့တွင် ယမန်နေ့က ကားလိုင်စင်၊ယာဉ်လိုင်စင်များစစ်ဆေးသည့်နေရာအချို့တွင်လည်းစစ်တပ်ကပူးပေါင်းပါဝင်စစ်ဆေးနေကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။


"မြို့ထဲမှာလည်း အစစ်အဆေးတွေပိုများလာပါတယ်။အရင်က ကား၊ ဆိုင်ကယ်လိုင်စင်တွေ စစ်တဲ့ နေရာမှာလည်း ပုံမှန်ဆိုရင် မနက် ၈နာရီကနေ ၁၀ နာရီအထိတစ်ကြိမ်နဲ့ နေ့လယ် ၂ နာရီကနေ ညနေ ၄နာရီအထိတစ်ကြိမ်စစ်တဲ့နေရာမှာ တပ်ကပါပေါင်းပြီးစစ်လို့ မနေ့ကတော့ ညနေ ၆နာရီအထိ ကြာသွားတယ်။ အဲဒါက ပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲရှာဖွေရေးတွေပါ လုပ်လာပါတယ်" ဟု ပြောသည်


အမ်းမြို့နယ်တွင် ''ညမထွက်၇''အမိန့်ကိုပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲများဖြစ်ပွားချိန်မှစတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၂ လ တစ်ကြိမ်စီ ထပ်တိုးထုတ်ပြန်နေခြင်းဖြစ်ကြောင်း သိ၇သည်။


ရခိုင်ပြည်နယ်မှာမြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကစပြီး နှစ်နှစ်ကျော်ကြာတိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ၇သေ့တောင် စသည့်မြို့များအပါအဝင်မြို့အများအပြားတွင် ညမထွက်၇အမိန့်ထုတ်ပြန်ခဲ့ပြီး ၂ လစီပုံမှန်ထပ်တိုးထုတ်ပြန်လျက်ရှိကြောင်းသိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.