နိရဥ္စရာ၊စက်တင်ဘာ ၃/၂၀၂၂
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ မောင်တောမြို့နယ်မှရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားသည့် မိုင်တိုင် (၄၀)စခန်း အပါအဝင် ခမောင်းဆိပ်ဗျူဟာအနီးဝန်းကျင်နှင့် ဝေလာတောင်ကြော တစ်လျှောက်ကို စစ်ကောင်စီကတိုက်လေယာဉ်၊၇ဟတ်ယာဉ် (၅) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
တိုက်ခိုက်ရာတွင် ဂျက်တိုက်လေယာဉ် ၂ စီး၊၇ဟတ်ယာဉ် ၃စီး၊ စုစုပေါင်း ၅စီးဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်းဒေသခံတစ်ဦးက ပြောသည်။
"မနက်ကလည်း ၇ဟတ်ယာဉ် သုံးစင်းနဲ့ တစ်ခေါက်၊ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ တစ်ခေါက် လာတိုက်ခိုက်ပြီးပါပြီ။ အခု နောက်တစ်ခေါက် နေ့လယ်မှာ တိုက်လေယာဉ်၂ စီးလာတာပါ။ ၂ ကြိမ်ရှိပါပြီ၊လေယာဉ်နဲ့လာတိုက်တာ"ဟုယနေ့ နေ့လယ်က ပြောသည်။
ယနေ့စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်တွင်တစ်ကြိမ် နေ့လယ်၁ နာရီခန့်တွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း၎င်းက ဆက်လက် ပြောသည်။
"အခုက ဂျက်တိုက်လေယာဉ်၂ စီးနဲ့ ဗုံးလာကြဲနေတာပါ။ ခမောင်းဆိပ်၊ မိုင်တိုင်(၄၀) ၊ ဝေလာ တောင်ကြောတစ်လျှောက်ကို ပတ်ပြီး ဗုံးကြဲတာပါ။ခန့်မှန်းခြေ မိနစ် ၃၀ လောက် ကြာပါတယ်"ဟုနေ့လယ် ၁ နာရီခွဲခန့်က ပြောသည်။
ယခုတိုက်ခိုက်မှုသည် ကျဆုံးသွားသည့် မိုင်တိုင်(၄၀) တပ်စခန်းနှင့် အေအေထိန်းချုပ်ထားသည့်မောင်တောမြောက်ပိုင်း နယ်စပ်တစ်လျှောက်ကို ပြန်လည်ရရှိရေးအတွက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိ၇သည်။
စစ်ကောင်စီသည် ကျသွားသည့်တပ်စခန်းများပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကူ၊ ပစ်ကူ အကူအညီနှင့် ဆောင်ရွက်နေကြောင်း စက်တင်ဘာလ၂ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှ စကာမောင်တောမြို့နယ် မြောက်ပိုင်းတွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်တိုက်ဖြစ်ပွားခဲ့ပြီး၇ဟတ်ယာဉ်၊ ဂျက်တိုက် လေယာဉ်များနှင့် အေအေကို ဗုံးကြဲ တိုက်ခိုက်နေသည့်ကြားကစစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀)တပ်စခန်း အပါအဝင် စစ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့သည်။
သြဂုတ်လ(၃၁) ရက်နေ့ မနက်ပိုင်းက အေအကေ မိုင်တိုင်(၄၀) နခခ (၆) တပ် စခန်းတစ်ခုလုံးကိုအပြီးသတ်သိမ်းပိုက် ၇ယူနိုင်ခဲ့ကြောင်း၊ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်ရဲအုပ် စိုးစိုးပိုင် အပါအဝင် စုစုပေါင်း (၁၉) ဦးသေဆုံးခဲ့ကာ ဒုတပ်ကြပ် (၁ )ဦး အရှင်ဖမ်းဆီး၇မိခဲ့ပြီးလက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို AA က သိမ်းဆည်း၇မိခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။ (NN-7)