Preview

မြန်မာတိုက်လေယာဉ်များဘင်္ဂလားဒေ့ရှ်ဝေဟင်ထဲထိကျူးကျော်ဝင်ရောက်၊ မော်တာကျည်များထပ်မံကျရောက်၍ နယ်စပ်နေပြည်သူများစိုးရိမ်ထိတ်လန့်မှုဖြစ်ကြရ

စက်တင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :5128
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၄/၂၀၂၂

မြန်မာလေတပ်မှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များသည် ဘင်္ဂလားဒေရှ်လေပြင်ပိုင်နက်ထဲ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုများပြုလုပ်သည်သာမကပစ်ခတ်လိုက်သည့် ကျည်များမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကို ကျရောက်လာ၍ နယ်စပ်ပြည်သူများအနေဖြင့်အထိတ်တလန့်ဖြစ်နေကြရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းများတွင် ရေးသားဖော်ပြကြသည်။

ဒက္ကားမြို့ အခြေစိုက် DhakaTribune သတင်းဌာနက မြန်မာ ဂျက်တိုက်လေယာဉ်များသည် စနေ့နေ့ နံနက်ပိုင်း၌ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုင်ဘင်ခရိုင်ထဲကို ဝင်ရောက်ပြီးအကြိမ်ကြိမ် တိုက်ခိုက်မှုများပြုလုပ်သည်ဟု ဖော်ပြသည်။

(ဘင်ဒရိုဘင်ခရိုင်ကို ရခိုင်လို ရွာတော်ခရိုင်ဟုခေါ်ပြီးစစ်တကောင်းတောင်တန်းနယ်တောင်ဘက်တွင် တည်ရှိသည့် ခရိုင်တစ်ခုဖြစ်ပြီး ရခိုင်နယ်စပ်နှင့်ဆက်စပ်တည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။)

မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံး ဧရိယာတွင်စနေ နံနက်၉ နာရီ ၂၀ ခန့်တွင် စစ်လေယာဉ်များနှင့် ၇ဟတ်ယာဉ်များမှ က်နက်ကြီးများနှင့် သေနတများ ပစ်ခတ်ခဲ့ကြောင်း ၎င်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် နယ်စပ်ကို တပ်လှန့်ထားကြောင်း၊ ထိုသို့ပစ်ခတ်သော်လည်းလူထိခိုက်မှုမရှိကြောင်း ဘင်္ဂလာနယ်စပ်ရဲကို ကိုးကားပြီး သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Md Shahriar Alam ကရခိုင်ပြည်နယ်အတွင်း ဆိုးရွားနေသည့်  အခြေအနေများကြောင့် မြန်မာနိုင်ငံကနေလူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ  မဝင်ရောက်နိုင်ရန် ပိုမိုကောင်းမွန်သည့်  ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်ထားသည်ဟု လွန်ခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်လေယာဉ်နှစ်စင်းနှင့်၇ဟတ်ယာဉ်နှစ်စင်းသည် နတ်ကျောက်ဆရီမြို့နယ်ခေါင်းတုံးတိုက်နယ် တောင်ပြို ဧရိယာရှိဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ၏ ကင်းစခန်းအနီးရှိ နယ်ခြားမှတ်တိုင် အမှတ် ၄၀-၄၁ ကြားတွင် ပျံသန်း ကင်းလှည့်ခဲ့ကြောင်းရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။

The Daily Star သတင်းစာတွင်လည်း ြန်မာ့လေတပ်က  ပစ်ခတ်သော မော်တာကျည် ၂ လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ င်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်တုံးဒေသတွင် စက်တင်ဘာ ၃ ရက်  နံနက်ပိုင်းက ထပ်မံကျရောက်ခဲ့ကြောင်း  ဘင်္ဂလာ ရဲတပ်ဖွဲ့ကိုးကားပြီး သတင်းဖော်ပြသည်။

၎င်းမော်တာကျည်များသည် နယ်စပ်မျဉ်းမှ မီတာ ၁၂၀ အတွင်းတွင်ကျရောက်ခဲ့သည်ဟု  ပြောသည်။

နတ်ကျောက်ဆရီမြို့နယ် ခေါင်တုံးဒေသအတွင်းမော်တာကျည်များ ကျရောက်သဖြင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့၇ကြောင်း ၎င်းတို့၏ သတင်းထောက်ကသတင်းပေးပို့ခဲ့သည်ဟုဆိုသည်။

မိုင်တိုင်အမှတ်  ၄၀ နှင့် ၄၁ အနီး ရှိ ရဲဇူးရွာနှင့် Amtali ရွာအကြား ိုင်တိုင်ကြားတွင်တိုက်လေယာဉ်နှစ်စင်းနှင့် ၇ဟတ်ယာဉ် နှစ်စင်းသည် နံနက် ၉ နာရီ ၂၀မိနစ်ခန့်တွင် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင်လည်းတစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

နေ့လယ်ပိုင်းတွင် ၇ဟတ်ယာဉ်နှစ်စီးက ကောင်းကင်ကနေလက်နက်ကြီး  ၃၀ ကနေ ၃၅ ကျည်ထိပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်များက ၈လုံးကနေ ၁၀ လုံးထိ ပစ်ခတ်ခဲ့ပြီး  မော်တာကျည်နှစ်လုံးမှာ မိုင်တိုင်အမှတ် ၄၀ ကနေ ဘင်္ဂလားဒေ့ရှ်ပိုင်နက် မီတာ ၁၂၀ အကွာကို ကျရောက်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ အခြေအနေများကြောင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များကနယ်စပ်လုံခြုံရေးကို တင်းတင်းကြပ်ကြပ် သတိထားစောင့်ကြပ်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။  

မြန်မာစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် နယ်စပ် မိုင်တိုင် (၄၀) နခခ (၆) စခန်းအားပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ဂျက်တိုက်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြုကာအကြီးအကျယ် စစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိ၇သည်။

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.